Friday 19 September 2014

ခုတင် ၅၀၀ ရန်ကုန် အထူးကု ဆေးရုံကြီးတွင် အသည်းအစားထိုး ကုသမှု စတင်တော့မည်

မြန်မာနိုင်ငံတွင် ငါးနှစ်ကျော်ကြာ ရပ်နားထားသော အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ရန်ကုန်မြို့ ခုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံကြီးတွင် လာမည့် ၂၀၁၅ ခုနှစ်၌ ပြန်လည်စတင်ရန် စီစဉ်နေကြောင်း အဆိုပါ ဆေးရုံကြီး အသည်းအထူးကုဌာန ပါမောက္ခ ဒေါက်တာဝင်းနိုင်က The Voice သို့ ပြောကြားသည်။
“နောက်ခြောက်လလောက်ဆို စဖြစ်ဖို့ များတယ်” ဟု ပါမောက္ခ ဒေါက်တာဝင်းနိုင်က ဆိုသည်။

အဆိုပါ ခွဲစိတ်ကုသမှုလုပ်ငန်း ပြန်လည်စတင်ရန် ခွဲစိတ်ဆရာဝန်များ၊ အသည်းအထူးကု ဆရာဝန်ကြီး များနှင့် ရောဂါဗေဒ ပညာရှင်တို့ကို ပြည်ပသင်တန်းများ စေလွှတ်ထားပြီး ဖြစ်ကြောင်း၊ ခွဲစိတ်ကုသရေး အတွက် လိုအပ်သော ဆေးပစ္စည်း ကိရိယာတို့ကို အစိုးရ အသုံးစရိတ်နှင့် သုံးစွဲသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းအပြင် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အစားထိုး ကုသရေးဆိုင်ရာ ဥပဒေကို ကျန်းမာရေး ဝန်ကြီးဌာ နနှင့် ဆေးပညာရှင်များ ပူးပေါင်း၍ ရေးဆွဲနေပြီ ဖြစ်ကြောင်း၊ အသည်းအစားထိုး ခွဲစိတ်ကုသမှုသည် အဆိုပါ ဥပဒေနှင့် အကျုံးဝင်ကြောင်း ၎င်းက ပြောဆိုသည်။ 

ဆေးပညာကျင့်ဝတ်တွင် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အစားထိုး ခွဲစိတ်ပါက လူနာရှင်နှင့် အလှူရှင် နှစ် ဦးနှစ် ဖက် လုံး သဘောတူပါက လက်ခံနိုင်ကြောင်း၊ သို့သော် အစားထိုး ခွဲစိတ်ခြင်း၏ ကောင်းကျိုး ဆိုးကျိုး အားလုံးကို ဆရာဝန်က ကြိုတင် ရှင်းပြပေးရမည် ဖြစ်သည်ဟု သတ်မှတ်ထားကြောင်း ၎င်းက ရှင်းပြသည်။ 

အသည်းအစားထိုး ကုသမှုကို မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၁၀ နှစ်က တစ်ကြိမ်နှင့် ငါးနှစ်ခန့်က တစ်ကြိမ်သာ ရန်ကုန် အထွေထွေရောဂါ အထူးကုဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး) ၌ ပြုလုပ်ခဲ့ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့ ခုတင် ၅၀၀ အထူးကု ဆေးရုံသစ်ကြီး၏ အသည်းရောဂါ ဌာနသို့ လာရောက်ကုသသူများတွင် အသည်းခြောက် လူနာအများဆုံး ဖြစ်ကြောင်း၊ အသည်းကင်ဆာ ဖြစ်ပွားသူများအနက် ဘီပိုး၊ စီပိုး ရောဂါ ရှင်များနှင့် အရက်သောက်သုံးသဖြင့် ဖြစ်သော အသည်းခြောက်ရောဂါ ခံစားရသူ ပိုများကြောင်း အဆို ပါ ဆေး ရုံထံမှ သိရှိရသည်။

ယင်းသို့ပင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်နယ်ရှိ ပင်လုံအထူးကုဆေးရုံတွင် အသည်းအစားထိုး ကုသ စင်တာကို စင်ကာပူအခြေစိုက် အသည်းအထူးကု စင်တာနှင့် ပူးပေါင်း၍ ယခုနှစ်ကုန်ပိုင်း၌ စတင်ဖွင့်လှစ် ရန် စီစဉ်နေသည်။

The Voice Weekly

1 comment:

  1. ကျွန်တော်လဲးအသည်းလှူချင်ပါတယ်

    Zarni.tun.5220@facebook.comကိုဆက်သွယ်ပါ

    ReplyDelete