Friday 19 September 2014

ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် PTTEP ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်မည်

မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ အခိုင်အ မာတိုးမြှင့်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံမှ ပီတီတီအီးပီကုမ္ပဏီ ဥက္ကဋ္ဌနှင့် အမှု ဆောင်အရာရှိချုပ် မစ္စတာ တီဗင် က ဆိုသည်။
ပီတီတီအီးပီကုမ္ပဏီအနေ ဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်း လည်ပတ်လုပ်ကိုင်မှု (၂၅) နှစ် မြောက် အခမ်းအနားတွင် နှစ်နိုင်ငံ အကျိုးစီးပွားအတွက် ရင်းနှီးမြှုပ်နှံမှု ဆက်လက်တိုးမြှင့်သွား မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

‘‘ကျွန်တော်တို့အနေနဲ့ နိုင်ငံ နဲ့ ပြည်သူတွေကို လေးစားမှုနဲ့ အတူ ဆက်လက် ရင်းနှီးမြှုပ်နှံ သွား မှာဖြစ်ပါ တယ်။ ကျွန်တော်တို့ရည်ရွယ်ဆောင်ရွက်နေတဲ့ ပန်း တိုင်က မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ တို့ရဲ့ အကျိုးစီးပွား အတွက် သဘာဝဓာတ်ငွေ့ အရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ ရှာဖွေရေးမှာ ကျွန် တော်တို့ရဲ့ ကျွမ်းကျင်မှုနဲ့ လုပ်ငန်း အတွေ့ အကြုံကို အကျိုးရှိရှိ အသုံးချပြီးတော့ ဆက်လက် ဆောင်ရွက်သွားပါမယ်’’ဟု မစ္စ တာ တီဗင် ကပြော သည်။

ပီတီတီအီးပီကုမ္ပဏီသည် ပထမဆုံးနိုင်ငံတကာရင်းနှီးမြှုပ်နှံ မှုအဖြစ် မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်က စတင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄ ဘီလီယံရင်းနှီးမြှုပ်နှံထားပြီး လာမည့် ငါးနှစ်တာကာလတွင် အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။ ထိုင်းရေနံနှင့် သဘာ ၀ဓာတ်ငွေ့ တူးဖော်ရှာဖွေရေး လုပ်ငန်းသည် မြန်မာနိုင်ငံရှိ ကုန်း တွင်းနှင့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ခုနစ်ကွက် တွင် လုပ်ငန်းလည်ပတ်လျက်ရှိပြီး ဇောတိကသဘာဝဓာတ်ငွေ့စီမံ ကိန်းသည် မတ်လ ၁၈ ရက်က ဓာတ်ငွေ့ထုတ်လွှတ်မှုစတင်ခဲ့သည်။

7Day DAILY

No comments:

Post a Comment