Friday 19 September 2014

ထိုင်ဝမ်တွင် အစားအသောက် ဘေးကင်းရေးဆိုင်ရာ စည်းကမ်း ချိုးဖောက်သူများအား ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်မည်

Photo: ထိုင်ဝမ်တွင် အစားအသောက် ဘေးကင်းရေးဆိုင်ရာ စည်းကမ်း ချိုးဖောက်သူများအား ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်မည်
Friday, September 19, 2014 

အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ချိုးဖာက်မှုများအတွက် ပိုမိုပြင်းထန်စွာ အရေးယူအပြစ်ပေးနိုင်မည့် ဥပဒေ များ ပြဋ္ဌာန်း သွားမည် ဖြစ်ကြောင်း ထိုင်ဝမ် အစိုးရက ကြေညာလိုက်သည်ဟု စက်တင်ဘာ ၁၈ရက်က ဘီဘီစီ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

ကျန်းမာရေးနှင့် မညီညွတ်သော ဆီများ နှင့် ပတ်သက်သည့် ပြဿနာ ပေါ် လာပြီးနောက် ထို ကဲ့သို့ ဆို လိုက်ခြင်းလည်း ဖြစ်သည်။

တားမြစ်ထားသောအရာများနှင့် မသင့်တော်သော ပါဝင်ပစ္စည်းများအား အစားအသောက်များထဲတွင် ထည့်ပါက စည်းမျဉ်းစည်းကမ်းချိုးဖောက် သူများ အနေဖြင့် ထောင်ဒဏ် ခုနစ် နှစ် ကျခံရလိမ့်မည် ဖြစ်သည်။

အကယ်၍ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုကြောင့် တစ်စုံတစ်ဦး သေဆုံးသွားမည် ဆိုပါ က ချိုးဖောက်သူသည် ထောင်ဒဏ်တစ်သက် ကျခံရနိုင်ကာ ပိုမိုမြင့်မားသော ဒဏ်ငွေများကိုလည်း ပေးဆောင်ရဖွယ် ရှိသည်။

ကုမ္ပဏီတစ်ခုသည် ဆီဟောင်းများအား ပြန်လည်အသုံးပြုထုတ်လုပ်ထားသော ဆီများကို စီးပွားရေး လုပ်ငန်း ၁၀၀၀ ကျော် သို့ ရောင်းချခဲ့ကြောင်း တွေ့ရှိ ခဲ့ရပြီးနောက် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဥပဒေများ ပိုမိုတင်းကျပ် လိုက်ခြင်း ဖြစ် သည်။

စည်းကမ်းချိုးဖောက်မှုများအတွက် ဒဏ်ငွေများကို ဆယ်ဆခန့် မြှင့်တင်သွား မည် ဖြစ် ပြီး ချိုးဖောက်သူများအနေဖြင့် အများဆုံး အမေရိ ကန် ဒေါ်လာ ၆ ဒသမ ၆ သန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ထိုင်ဝမ် အဓိပတိ ကျန်းယီဟွာ က ပြောခဲ့သည်။

အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ စည်းကမ်းချိုးဖောက်မှု များနှင့် ပတ်သက်၍ ဖော်ထုတ်သတင်းပေးသူများအား ထိုင် ဝမ်ဒေါ်လာ နှစ် သန်းအထိ ဆုချီးမြှင့် သွားမည်ဖြစ်သည်။ အကယ်၍ ကုမ္ပဏီလုပ်သားတစ်ဦးက သူအလုပ်လုပ်နေသော ကုမ္ပဏီသည် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းများ ချိုးဖောက်နေကြောင်း သတင်းပေး တင်ပြနိုင်မည်ဆိုလျှင် ထိုကုမ္ပဏီ လုပ်သားမှာ ဆုငွေ နှစ်ဆ ရရှိမည် ဖြစ်သည်။

“အစားကောင်း အသောက်ကောင်းတွေ ပေါများလှတဲ့ တိုင်းပြည် တစ်ခု အဖြစ် နာမည်ရနေတဲ့ ထိုင်ဝမ်ရဲ့ ဂုဏ်သတင်းဟာ ဒီလို အစား အသောက်ဘေး အန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကြောင့်  အကြီးအကျယ် ထိခိုက်သွားခဲ့ရပါတယ်။ အနေအထား မှန်ကို ပြန်ရောက်ဖို့ ကျွန်တော်တို့ အားလုံး အတူတကွ အလုပ်လုပ်သင့်ပါတယ်” ဟု  ဂျီယန်ယီဟွာ က ဆိုခဲ့သည်။

 စည်းကမ်း ချိုးဖောက်သူများအား ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်ရေး အစီအစဉ် အနေဖြင့် ဥပဒေတစ်ရပ် ဖြစ်လာရန်မှာမူ လွှတ်တော်၏ အတည်ပြုချက် လိုအပ်သည်။ 

Ref:BBC
အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ချိုးဖာက်မှုများအတွက် ပိုမိုပြင်း ထန်စွာ အရေးယူအပြစ်ပေးနိုင်မည့် ဥပဒေ များ ပြဋ္ဌာန်း သွားမည် ဖြစ်ကြောင်း ထိုင်ဝမ် အစိုးရက ကြေညာ လိုက်သည်ဟု စက်တင်ဘာ ၁၈ရက်က ဘီဘီစီ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။
ကျန်းမာရေးနှင့် မညီညွတ်သော ဆီများ နှင့် ပတ်သက်သည့် ပြဿနာ ပေါ် လာပြီးနောက် ထို ကဲ့သို့ ဆို လိုက်ခြင်း လည်း ဖြစ်သည်။

တားမြစ်ထားသောအရာများနှင့် မသင့်တော်သော ပါဝင်ပစ္စည်းများအား အစားအသောက်များထဲတွင် ထည့် ပါက စည်းမျဉ်းစည်းကမ်းချိုးဖောက် သူများ အနေဖြင့် ထောင်ဒဏ် ခုနစ် နှစ် ကျခံရလိမ့်မည် ဖြစ်သည်။

အကယ်၍ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုကြောင့် တစ်စုံတစ်ဦး သေဆုံးသွားမည် ဆိုပါ က ချိုးဖောက်သူသည် ထောင်ဒဏ်တစ်သက် ကျခံရနိုင်ကာ ပိုမိုမြင့် မားသော ဒဏ်ငွေများကိုလည်း ပေးဆောင်ရဖွယ် ရှိသည်။

ကုမ္ပဏီတစ်ခုသည် ဆီဟောင်းများအား ပြန်လည်အသုံးပြုထုတ်လုပ်ထားသော ဆီများကို စီးပွားရေး လုပ်ငန်း ၁၀၀၀ ကျော် သို့ ရောင်းချခဲ့ကြောင်း တွေ့ရှိ ခဲ့ရပြီးနောက် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဥပဒေများ ပိုမိုတင်းကျပ် လိုက်ခြင်း ဖြစ် သည်။

စည်းကမ်းချိုးဖောက်မှုများအတွက် ဒဏ်ငွေများကို ဆယ်ဆခန့် မြှင့်တင်သွား မည် ဖြစ် ပြီး ချိုးဖောက် သူများအနေဖြင့် အများဆုံး အမေရိ ကန် ဒေါ်လာ ၆ ဒသမ ၆ သန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ထိုင်ဝမ် အဓိပတိ ကျန်းယီဟွာ က ပြောခဲ့သည်။

အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ စည်းကမ်းချိုးဖောက်မှု များနှင့် ပတ်သက် ၍ ဖော်ထုတ်သတင်းပေးသူများအား ထိုင် ဝမ်ဒေါ်လာ နှစ် သန်းအထိ ဆုချီးမြှင့် သွားမည်ဖြစ်သည်။ အကယ်၍ ကုမ္ပဏီလုပ်သားတစ်ဦးက သူအလုပ်လုပ်နေသော ကုမ္ပဏီသည် အစားအသောက် ဘေးအန္တ ရာယ် ကင်း ရှင်းရေးဆိုင်ရာ စည်းကမ်းများ ချိုးဖောက်နေကြောင်း သတင်းပေး တင်ပြနိုင်မည်ဆိုလျှင် ထိုကုမ္ပဏီ လုပ်သားမှာ ဆုငွေ နှစ်ဆ ရရှိမည် ဖြစ်သည်။

“အစားကောင်း အသောက်ကောင်းတွေ ပေါများလှတဲ့ တိုင်းပြည် တစ်ခု အဖြစ် နာမည်ရနေတဲ့ ထိုင်ဝမ်ရဲ့ ဂုဏ်သတင်းဟာ ဒီလို အစား အသောက်ဘေး အန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကြောင့်  အကြီးအကျယ် ထိခိုက်သွားခဲ့ရပါတယ်။ အနေအထား မှန်ကို ပြန်ရောက်ဖို့ ကျွန်တော်တို့ အားလုံး အတူတကွ အလုပ်လုပ်သင့်ပါတယ်” ဟု  ဂျီယန်ယီဟွာ က ဆိုခဲ့သည်။

 စည်းကမ်း ချိုးဖောက်သူများအား ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်ရေး အစီအစဉ် အနေဖြင့် ဥပဒေ တစ်ရပ် ဖြစ်လာရန်မှာမူ လွှတ်တော်၏ အတည်ပြုချက် လိုအပ်သည်။

Ref:BBC

No comments:

Post a Comment