Friday, 19 September 2014

ကလေးနည်းပညာတက္ကသိုလ် စာမေးပွဲအဖြေလွှာများ ပျောက်ဆုံး ပြန်ဖြေခိုင်း ၍ ကျောင်းသား၊ ကျောင်းသူများ

Photo: ကလေးနည်းပညာတက္ကသိုလ် စာမေးပွဲအဖြေလွှာများ ပျောက်ဆုံး ပြန်ဖြေခိုင်း ၍ ကျောင်းသား၊ ကျောင်းသူများ 
Friday, September 19, 2014

ကလေးမြို့ နည်းပညာ တက္ကသိုလ်တွင် စာမေးပွဲအဖြေ လွှာများ ပျောက်ဆုံး သွားသော ကြောင့် ယင်းတက္ကသိုလ်မှလက် ထောက်ညွှန်ကြားရေးမှူးက ရဲစ ခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

အဖြေလွှာများမှာ စက်တင် ဘာ ၁၇ ရက်က ပျောက်ဆုံးသွား ခြင်းဖြစ်ပြီး ကလေးမြို့ နည်းပညာ တက္ကသိုလ် လက်ထောက်ညွှန် ကြားရေးမှူး ဦးညီညီထွန်းက တရားလိုပြုလုပ် တိုင်ကြားခဲ့ ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့ မှူးက အတည်ပြုသည်။

အဖြေလွှာများ ပျောက်ဆုံး သွားသောကြောင့် သက်ဆိုင်ရာ မေဂျာအလိုက် ပြန် လည်ဖြေဆို ရန်လိုအပ်သည့် ဘာသာရပ်များ ကို အဆိုပါတက္ကသိုလ်၏ ကြော်ငြာ သင်ပုန်းတွင် ကပ်ထားသော် လည်း ကျောင်းသားများက စာ မေးပွဲပြန် မဖြေနိုင်ကြောင်း ဆန္ဒပြ ခဲ့ကြသည်ဟု သိရသည်။

အဖြေလွှာများပျောက်ဆုံးခြင်းကို စက်တင်ဘာ ၁၈ ရက် နံနက်တွင် သိရှိခဲ့ခြင်းဖြစ်ကာ ပျောက်ဆုံးသွားသော အဖြေလွှာများမှ အချို့ကို ကျောင်းနံဘေးရှိရေမြောင်းအတွင်းမှ ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး အချို့အဖြေလွှာများမှာမူ ပျောက်ဆုံးလျက်ရှိကြောင်းကလေးနည်းပညာတက္ကသိုလ်မှဆရာတစ်ဦးက ပြောသည်။

နည်းပညာတက္ကသိုလ် စာမေးပွဲများကို စက်တင်ဘာ ၈ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုခဲ့ခြင်းဖြစ်သည်။ အဖြေလွှာပျောက်ဆုံးမှုများဖြစ်ခဲ့သော်လည်း ကလေးမြို့နည်းပညာတက္ကသိုလ်၌ စက်တင်ဘာ ၁၈ ရက်တွင် ပုံမှန်ဖြေဆိုရမည့် စာမေးပွဲများ ဆက်လက်ဖြေဆိုခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

အဖြေလွှာများပျောက်ဆုံးမှု ကို ကလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး တွင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ဖြင့် အမှုဖွင့်အရေးယူထား သည်။

‘‘ကျောင်းမတိုင်ခင် ဒီဘား ထုတ်တာ (ကျောင်းပျက်ရက်များ ၍ ကျောင်းထုတ်ခြင်း)တော်တော် များတယ်လို့သိရတယ်။ စာမေးပွဲ ရက်မှာလည်း ကျောင်းသားတွေ ထပ်ပြီး အထုတ်ခံရတယ်လို့ကြား တယ်။ အဲဒီလိုတွေဖြစ်လို့ ဒေသ ခံတွေက အဖြေလွှာတွေကို ရေ အိုင်ထဲလွှင့်ပစ်တယ်လို့တော့ ကြားတာပဲ။ ဘယ်လိုဖြစ်တာလဲ အတိအကျတော့ မသိဘူး’’ဟု နည်းပညာတက္ကသိုလ်ဆရာ တစ် ဦးကပြောသည်။

ကလေးမြို့နည်းပညာတက္က သိုလ်တွင် လွန်ခဲ့သည့် ရှစ်နှစ်ခန့် ကလည်း စာမေးပွဲဖြေဆိုခါနီး အချိန်တွင် ဒေသခံများက စာမေး ပွဲမေးခွန်းများပါသည့် သေတ္တာကို ယင်းကျောင်းအနီးရှိ သုသာန်တွင်ဝှက်ထားသည့် ဖြစ်စဉ်တစ်ခုဖြစ် ပွားခဲ့ဖူးကြောင်း အထက်ပါဆရာ ကပြောသည်။

7Day DAILY

နည်းပညာတက္ကသိုလ်(ကလေး)တွင် စာမေးပွဲပြန်လည်ဖြေဆို ရန် ကြေညာချက် ထုတ်ပြန်ပြီးနောက် ကျောင်းသား၊ ကျောင်းသူများ မကျေမနပ်ဖြစ်ကာ စုရုံးနေစဉ် (ဓာတ်ပုံ − လှိုင်ထွန်း)
နည်းပညာတက္ကသိုလ်(ကလေး)တွင် စာမေးပွဲပြန်လည်ဖြေဆိုရန် ကြေညာချက် ထုတ်ပြန်ပြီးနော က် ကျောင်း သား၊ ကျောင်းသူများ မကျေမနပ်ဖြစ်ကာ စုရုံးနေစဉ် (ဓာတ်ပုံ − လှိုင်ထွန်း)
ကလေးမြို့ နည်းပညာ တက္ကသိုလ်တွင် စာမေးပွဲအဖြေ လွှာများ ပျောက်ဆုံး သွားသော ကြောင့် ယင်း တက္ကသိုလ်မှ လက် ထောက်ညွှန်ကြားရေးမှူးက ရဲစ ခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
အဖြေလွှာများမှာ စက်တင် ဘာ ၁၇ ရက်က ပျောက်ဆုံးသွား ခြင်းဖြစ်ပြီး ကလေးမြို့ နည်းပညာ တက္ကသိုလ် လက်ထောက်ညွှန် ကြားရေးမှူး ဦးညီညီထွန်းက တရားလိုပြုလုပ် တိုင်ကြားခဲ့ ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့ မှူးက အတည်ပြုသည်။

အဖြေလွှာများ ပျောက်ဆုံး သွားသောကြောင့် သက်ဆိုင်ရာ မေဂျာအလိုက် ပြန် လည်ဖြေဆို ရန်လိုအပ် သည့် ဘာသာရပ်များ ကို အဆိုပါတက္ကသိုလ်၏ ကြော်ငြာ သင်ပုန်းတွင် ကပ်ထားသော် လည်း ကျောင်း သားများက စာ မေးပွဲပြန် မဖြေနိုင်ကြောင်း ဆန္ဒပြ ခဲ့ကြသည်ဟု သိရသည်။

အဖြေလွှာများပျောက်ဆုံးခြင်းကို စက်တင်ဘာ ၁၈ ရက် နံနက်တွင် သိရှိခဲ့ခြင်းဖြစ်ကာ ပျောက်ဆုံး သွားသော အဖြေလွှာများမှ အချို့ကို ကျောင်းနံဘေးရှိရေမြောင်းအတွင်းမှ ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး အချို့ အဖြေလွှာများမှာမူ ပျောက်ဆုံးလျက်ရှိကြောင်းကလေးနည်းပညာတက္ကသိုလ်မှဆရာတစ်ဦးက ပြောသည်။

နည်းပညာတက္ကသိုလ် စာမေးပွဲများကို စက်တင်ဘာ ၈ ရက်တွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဖြေဆို ခဲ့ခြင်းဖြစ်သည်။ အဖြေလွှာပျောက်ဆုံးမှုများဖြစ်ခဲ့သော်လည်း ကလေးမြို့နည်းပညာတက္ကသိုလ်၌ စက်တင် ဘာ ၁၈ ရက်တွင် ပုံမှန်ဖြေဆိုရမည့် စာမေးပွဲများ ဆက်လက်ဖြေဆိုခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

အဖြေလွှာများပျောက်ဆုံးမှု ကို ကလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး တွင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ဖြင့် အမှုဖွင့် အရေးယူထား သည်။

‘‘ကျောင်းမတိုင်ခင် ဒီဘား ထုတ်တာ (ကျောင်းပျက်ရက်များ ၍ ကျောင်းထုတ်ခြင်း)တော်တော် များတယ်လို့ သိရတယ်။ စာမေးပွဲ ရက်မှာလည်း ကျောင်းသားတွေ ထပ်ပြီး အထုတ်ခံရတယ်လို့ကြား တယ်။ အဲဒီလိုတွေဖြစ် လို့ ဒေသ ခံတွေက အဖြေလွှာတွေကို ရေ အိုင်ထဲလွှင့်ပစ်တယ်လို့တော့ ကြားတာပဲ။ ဘယ်လိုဖြစ်တာလဲ အတိအကျတော့ မသိဘူး’’ဟု နည်းပညာတက္ကသိုလ်ဆရာ တစ် ဦးကပြောသည်။

ကလေးမြို့နည်းပညာတက္က သိုလ်တွင် လွန်ခဲ့သည့် ရှစ်နှစ်ခန့် ကလည်း စာမေးပွဲဖြေဆိုခါနီး အချိန်တွင် ဒေ သ ခံ များက စာမေး ပွဲမေးခွန်းများပါသည့် သေတ္တာကို ယင်းကျောင်းအနီးရှိ သုသာန်တွင်ဝှက်ထား သည့် ဖြစ်စဉ်တစ်ခုဖြစ် ပွားခဲ့ဖူးကြောင်း အထက်ပါဆရာ ကပြောသည်။

7Day DAILY

No comments:

Post a Comment