Friday 19 September 2014

နိုင်ကျဉ်းများရှိနေသေး၍ နိုင်ကျဉ်းစိစစ်ရေး ကော်မတီ မဖျက်သိမ်းသင့်သေးဟုဆို

အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ ရှိနေ သေးသောကြောင့် လက်ကျန် နိုင်ငံရေး အကျဉ်း သားများ စိစစ် ရေးကော်မတီကို မဖျက်သင့်သေး ကြောင်း နိုင်ငံရေးအကျဉ်းသား များအရေး ဆောင် ရွက်ပေးနေ သည့် အဖွဲ့အစည်းများက ပြော ကြားလိုက်သည်။
လက်ရှိအချိန်တွင် နိုင်ငံရေး အကျဉ်းသားများ အကျဉ်းထောင် များအတွင်း မရှိသလောက်ဖြစ် သွားသည့် အတွက် လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို ဖျက်သိမ်းရန်ရှိ ကြောင်း ယင်းကော်မတီအတွင်း ရေးမှူး သမ္မတရုံးဒုတိယ၀န်ကြီး ဦးအောင်သိမ်းက ပြောကြားပြီး နောက် နိုင်ငံရေး အကျဉ်း သားများ အတွက် ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများမှ အထက်ပါအ တိုင်း ထုတ်ဖော်ပြော ကြားခြင်း ဖြစ်သည်။

‘‘ဒီကော်မတီကို မဖျက်သိမ်း သင့်သေးပါဘူး။ လက်ရှိအချိန်မှာ ပုဒ်မ-၁၈ တို့ ၅၀၅(ခ)တို့နဲ့ ဖမ်းခံထားတဲ့ သူတွေရှိသေး တယ်။ ဒီလူတွေကို ကျွန်တော် တို့ နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားတယ်’’ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ် မှ ကိုညိုထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ ရှိနေသေးသည့် အတွက် အစိုးရဘက်မှ ပါဝင် သော လက်ကျန်နိုင်ငံရေးအကျဉ်း သားများ စိစစ်ရေးကော်မတီသည် ဆက်ရှိနေသင့်သေးကြောင်း ကိုညိုထွန်းက ဆိုသည်။

သမ္မတဦးသိန်းစိန် ဦးဆောင် သော အစိုးရက နိုင်ငံရေးအကျဉ်း သား မရှိစေရန် လုပ်ဆောင်သွား မည်ဟု ကတိပေးထားသော်လည်းလက်ရှိအချိန်ထိ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းမှုများ ဆက်လက်ရှိနေသေး၍ ၂၀၁၄ နှစ်ကုန်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသား တစ်ရာကျော်သွားမည်ဖြစ်ကာ ယခုအချိန်ထိလည်း နိုင်ငံရေး အကျဉ်းသား ၈၀ ကျော် အကျဉ်းကျခံနေရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း (မြန်မာနိုင်ငံ AAPP) က ထုတ်ပြန်ထားသည်။

အစိုးရဘက်က ၂၀၁၃ ခုနှစ် ၏ ရှေ့ပိုင်းအကျဉ်းကျခံနေရ သော နိုင်ငံရေး အကျဉ်းသားများ ကို စိစစ်ပြီး လွှတ်ပေးရန် ကော် မတီတွင် ဆွေးနွေးမှုများရှိ ခဲ့သော် လည်း လက်ရှိအချိန်ထိ အကျဉ်း ထောင် များအတွင်း နိုင်ငံရေး အကျဉ်းသားများ ဆက်လက်ရှိ နေသည့်အတွက် ကော်မတီကို ဖျက်သိမ်းရန် မသင့်သေးကြောင်း နှင့် ဖျက်သိမ်းလိုက်ပါကလည်း နောက်ထပ် ကော်မတီ တစ်ရပ်ကို အမြန်ဆုံး ဖွဲ့စည်းကာ နိုင်ငံရေးအ ကျဉ်းသားများ လွတ်မြောက်ရေး ဆောင် ရွက်ပေးသင့်ကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့မှ ကိုရဲအောင်က ဆိုသည်။

‘‘ကျွန်တော်တို့ဘက်က တော့ နိုင်ငံရေးအကျဉ်းသားတွေ အရေအတွက် ဘယ်လောက်ရှိ တယ်ဆိုတာကို အစိုးရကို တင်ပြ တာရယ်၊ နောက်နိုင်ငံ တကာသိ အောင် လုပ်လို့ရတာပဲ ရှိတယ်။ တကယ်တမ်းတော့ အစိုးရဘက် ကလည်း ပါမှ အဆင်ပြေမှာပါ’’ ဟု ကိုရဲအောင်က ပြောသည်။

သမ္မတဦးသိန်းစိန်ဦးဆောင် သော အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်း ထောင် အသီး သီး ၌ ပြစ်ဒဏ်ကျခံ နေရသော အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ရာတွင် အကျဉ်းသား ၂၈,၆၁၈ ဦးရှိကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၂၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ပါရှိသည်။

7Day DAILY

No comments:

Post a Comment