Friday 19 September 2014

တာမွေတွင် ကြောင်တစ်ကောင်ဆွဲယူလာသည့် မွေးကင်းစအလောင်းတွေ့

မေတ္တာညွန့်ရပ်ကွက် နောက်ဖေးလမ်းကြားတွင် စွန့်ပစ်ထားသော မွေးကင်းစကလေး ငယ်တစ်ဦး၏ အလောင်းကို ကြောင်တစ်ကောင်က ဆွဲယူလာ စဉ် တွေ့ရှိသူများက သက်ဆိုင်ရာ သို့ အပ်လိုက်ကြောင်း သတင်းရရှိ သည်။
တာမွေမြို့နယ် မေတ္တာညွန့် ရပ်ကွက်၊ ကမ္မဋ္ဌာန်းလမ်းရှိ တိုက် နှစ်လုံးကြား နောက်ဖေး၌ စွန့်ပစ် ထားသော မွေးကင်းစ ယောက်ျား လေးတစ်ဦး၏ အလောင်းကို စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီ အချိန်၌ ကြောင်တစ်ကောင်က အိမ်ပေါ်ဆွဲယူနေစဉ် ‘‘ရွှေဥမ္မာ’’ ထမင်းဆိုင်မှ ဒေါ်ဥမ္မာက တွေ့ရှိ ခဲ့ကြောင်း ပြောသည်။

‘‘ကလေးက မွေးကင်းစပဲရှိ သေးတာ။ ခြေဆံလက်ဆံရှည် ရှည်၊ အသားဖြူဖြူ၊ ခြေထောက် တစ်ဖက် မရှိတော့ဘူး။ လက်တစ် တောင်လောက် ရှိမယ်။ ဒီမနက် မွေးတာ ဖြစ်နိုင်တယ်’’ဟု မေတ္တာ ညွန့်ရပ်ကွက်၊ ကမ္မဋ္ဌာန်းလမ်းရှိ ထမင်းဆိုင်မှ ဒေါ်ဥမ္မာက ပြော သည်။

စွန့်ပစ်ခံထားရသော အဆိုပါ ကလေးငယ်၏ အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ထားပြီး အမှုဖွင့်အရေးယူရန် စုံစမ်းဆောင်ရွက်နေကြောင်း တာမွေမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

7Day DAILY

No comments:

Post a Comment