Friday 19 September 2014

တောင်တက်သမားနှစ်ဦးကို ကူရှာမည့် အမေရိကန် တောင်တက်အဖွဲ့ ယနေ့ရောက်မည်

Photo: တောင်တက်သမားနှစ်ဦးကို ကူရှာမည့် အမေရိကန် တောင်တက်အဖွဲ့ ယနေ့ရောက်မည်
Friday, September 19, 2014

 ခါကာဘိုရာဇီရေခဲ တောင်တွင် ၁၈ ရက်ကြာ ပျောက်ဆုံးနေသော မြန်မာတောင် တက် သမားနှစ်ဦးကို ရှာဖွေကယ်ဆယ် ရန် အမေရိကန်မှ တောင်တက် အဖွဲ့သည် ယနေ့နံနက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ် ကြောင်း သတင်းရရှိသည်။

အမေရိကန်တောင်တက် အဖွဲ့ကို ဦးဆောင်သူမှာ မြန်မာ နိုင်ငံတွင် ဒုတိယအမြင့်ဆုံး ရေခဲ တောင်ဟု သတ်မှတ်ထားသော ဂမ်လန်ရာဇီ တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ သူ အမေရိကန်တောင်တက်သမား အန်ဒီတိုင်ဆန် ဖြစ်သည်။

လက်ရှိ ကယ်ဆယ်ရေး ဆောင်ရွက်နေသော ထူးဖောင် ဒေးရှင်း၏ စက်တင်ဘာ ၁၈ ရက် ညပိုင်းထုတ်ပြန်ချက်အရ ၎င်း အမေရိကန်အဖွဲ့သည် ရန်ကုန် သို့ ဆိုက်ရောက်သည်နှင့် အချိန် မဆိုင်းဘဲ ကချင်ပြည်နယ်၊ ပူတာ အိုသို့ ဆက်လက်ထွက်ခွာကြ မည်ဖြစ်သည်။ ထို့နောက် ဦးတေ ဇဦးဆောင်သည့် ကယ်ဆယ်ရေး အဖွဲ့နှင့် ပူးပေါင်းရန် ခါကာဘိုရာဇီတောင်နှင့် အနီးဆုံးနေရာဖြစ်သော တဟွန်ဒမ်းရွာသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်မည်ဟု ဆိုသည်။

အမေရိကန်အဖွဲ့သည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကယ်ဆယ်ရေးအဖွဲ့များနောက် ရောက်ရှိလာသည့် တတိယ မြောက် ပြည်ပကယ်ဆယ်ရေးအ ဖွဲ့ ဖြစ်သည်။ ပျောက်ဆုံးတောင် တက်သမား နှစ်ဦးဖြစ်သူ အောင်မြင့်မြတ်နှင့် ဝေယံမင်းသူတို့ကို ရှာဖွေကယ်ဆယ်ရန် နီပေါနိုင်ငံမှ တောင်တက် အဖွဲ့ကိုလည်း စီးပွားရေးလုပ်ငန်းရှင်ဦးတေဇက ဆက်သွယ်ခေါ်ယူထားကြောင်း သိရသည်။

တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန်အတွက် တက္ကသိုလ်ခြေလျင်နှင့် တောင် တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း)၊ ဦးတေဇဦး ဆောင်သည့် ထူးဖောင်ဒေးရှင်း၊ ခါကာဘိုရာဇီ တောင်ထိပ်သို့ တက်ရောက်ခဲ့ဖူးသူ နမားဂျွန်ဆင် (ခ) အောင်ဆည်၊ တပ်မတော် (လေ)နှင့် ဒေသခံများက စက် တင်ဘာ ၁၁ ရက်နောက်ပိုင်းက တည်းက ရှာဖွေခဲ့သည်။

ပထမဆုံး ပြည်ပကယ်ဆယ် ရေးအဖွဲ့အဖြစ် စကိုင်းဘလူးအ မည်ရှိ တရုတ်နိုင်ငံမှ အကြီးဆုံး အရပ်သားကယ်ဆယ်ရေးအဖွဲ့ သည် စက်တင်ဘာ ၁၃ ရက်က ရောက်ရှိလာခဲ့သည်။ ယင်းအဖွဲ့ မှာ ရဟတ်ယာဉ်အသုံးပြု၍ ရှာ ဖွေမည်ဖြစ်သည့်အတွက် ရာသီ ဥတုမကောင်း၍ ရှာဖွေရေးလုပ် ဆောင်ရန် မသေချာဘဲ ယင်း ကယ်ဆယ်ရေးအဖွဲ့မှပင် အဖွဲ့ ၀င် ရှစ်ဦးသည် ပူးပေါင်းကူညီ ရန် ခါကာဘိုရာဇီတောင်နှင့်အနီး စပ်ဆုံးဖြစ်သည့် တရုတ်နိုင်ငံ၊ တိဗက်ခရိုင်အတွင်းသို့ ရောက်ရှိ နေသည်ဟု ဆိုသည်။

ထို့နောက် ထိုင်းနိုင်ငံမှ ကူ ညီပေးမည့် ကယ်ဆယ်ရေး ရဟတ်ယာဉ်သည် စက်တင်ဘာ ၁၆ ရက် ညနေတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင်ပျောက်ဆုံးနေ သည့် တောင်တက်သမားနှစ်ဦး ကို လွန်ခဲ့သော ၁၈ နှစ်က ခါကာ ဘိုရာဇီတောင်တက်ခဲ့သော ဒေသ ခံနမားဂျွန်ဆင်ဦးဆောင်သည့် ဒေသခံများပါဝင်သော မြေပြင် ရှာဖွေရေးအဖွဲ့က ရှာဖွေရေး လုပ်ဆောင်လျက်ရှိသည် ဧ၀ရက် တောင်တက်ရောက်ရန် လေ့ကျင့် ထားသည့် တောင်တက်သမား နှစ်ဦးလည်း တဟွန်ဒမ်းရွာသို့ ရောက်နေကြောင်း မြေပြင်ရှာဖွေရေးအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက် သည့် ထူးဖောင်ဒေးရှင်းမှ သိရ သည်။

တောင်ခြေစခန်းအထိ တက်ရောက်ခဲ့သည့် တက္ကသိုလ်ခြေ လျင်နှင့် တောင်တက်အသင်းက (သဘာဝခေါ်သံဖောင်ဒေးရှင်း) မှ အဖွဲ့ဝင်ခြောက်ဦးသည် စက်တင် ဘာ ၁၆ ရက် ညနေတွင် တဟွန် ဒမ်းမှ ပူတာအိုသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး လိုအပ်သည့် ကျန်းမာ ရေးစောင့်ရှောက်မှုများပြုလုပ်ရန်  ရန်ကုန်မြို့သို့ ပို့ဆောင်ပေးသည် ဟု သိရသည်။

တောင်တက်သမား အောင် မြင့်မြတ်နှင့် ဝေယံမင်းသူတို့သည် သြဂုတ် ၃၁ ရက် ညနေ ၅ နာရီ ကျော်က ခါကာဘိုရာဇီတောင် ထိပ်သို့ ရောက်ရှိကာ အလံစိုက် နိုင်ပြီးက တည်းကတောင်ခြေစခန်းရှိ ကျန်အဖွဲ့သားများနှင့် အ ဆက်အသွယ်ပြတ်တောက်သွား ခဲ့ခြင်းဖြစ်သည်။

ခါကာဘိုရာဇီတောင်ထိပ် သို့ ၁၉၉၆ ခုနှစ်က ဂျပန်လူမျိုး  တာကာရှိ အိုဇာကီနှင့် တိဗက်လူ မျိုး မြန်မာနိုင်ငံသား နမားဂျွန် ဆင်(ခ) အောင်ဆည်တို့ ပထမ ဆုံးအကြိမ်အဖြစ် တက်ရောက်ခဲ့ ပြီးနောက် ယခုတောင်တက်အဖွဲ့ မှ ပထမဆုံးအကြိမ်အဖြစ် တက် ရောက်ခြင်းဖြစ်သည်။

ခါကာဘိုရာဇီတောင်သည် မြန်မာနှင့် အိန္ဒိယ၊ တရုတ်နိုင်ငံ တို့နှင့် ထိစပ်ရာ မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည်နယ် နယ်နိမိတ်အတွင်းရှိ ဟိမ၀န္တာ တောင်တန်းအရှေ့ဘက်တွင် တည်ရှိသည်။

ကချင်ပြည်နယ်ပူတာအို ခရိုင်၊ နောင်မွန်မြို့နယ်တွင် တည်ရှိသည့် ခါကာဘိုရာဇီမှာ ၅,၈၈၁ မီတာ(၁၉,၂၉၆ ပေ) အမြင့်ရှိကြောင်း ၁၉၂၅ ခုနှစ်က ပြုလုပ်ခဲ့သော ပထ၀ီလေ့လာမှု စစ်တမ်းတစ်ရပ်အရ တိုင်းထွာ နိုင်ခဲ့ပြီး အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်အဖြစ် သတ် မှတ်ထားသည်။

7Day DAILY

ရှာဖွေရေးသုံး ရဟတ်ယာဉ်တစ်စီး (ဓာတ်ပုံ - myanmar balue facebook)
ရှာဖွေရေးသုံး ရဟတ်ယာဉ်တစ်စီး (ဓာတ်ပုံ - myanmar balue facebook)
 ခါကာဘိုရာဇီရေခဲ တောင်တွင် ၁၈ ရက်ကြာ ပျောက်ဆုံးနေသော မြန်မာတောင် တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန် အမေရိကန်မှ တောင်တက် အဖွဲ့သည် ယနေ့နံနက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိ မည်ဖြစ် ကြောင်း သတင်းရရှိသည်။
အမေရိကန်တောင်တက် အဖွဲ့ကို ဦးဆောင်သူမှာ မြန်မာ နိုင်ငံတွင် ဒုတိယအမြင့်ဆုံး ရေခဲ တောင်ဟု သတ်မှတ်ထားသော ဂမ်လန်ရာဇီ တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ သူ အမေရိကန်တောင် တက် သမား အန်ဒီတိုင်ဆန် ဖြစ်သည်။

လက်ရှိ ကယ်ဆယ်ရေး ဆောင်ရွက်နေသော ထူးဖောင် ဒေးရှင်း၏ စက်တင်ဘာ ၁၈ ရက် ညပိုင်းထုတ်ပြန် ချက်အရ ၎င်း အမေရိကန်အဖွဲ့သည် ရန်ကုန် သို့ ဆိုက်ရောက်သည်နှင့် အချိန် မဆိုင်းဘဲ ကချင်ပြည်နယ်၊ ပူတာ အိုသို့ ဆက်လက်ထွက်ခွာကြ မည်ဖြစ်သည်။ ထို့နောက် ဦးတေ ဇဦးဆောင်သည့် ကယ်ဆယ်ရေး အဖွဲ့နှင့် ပူးပေါင်းရန် ခါကာဘိုရာဇီတောင်နှင့် အနီးဆုံးနေရာဖြစ်သော တဟွန်ဒမ်းရွာသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်မည်ဟု ဆိုသည်။

အမေရိကန်အဖွဲ့သည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကယ်ဆယ်ရေးအဖွဲ့များနောက် ရောက်ရှိလာသည့် တတိယ မြောက် ပြည်ပကယ်ဆယ်ရေးအ ဖွဲ့ ဖြစ်သည်။ ပျောက်ဆုံးတောင် တက်သမား နှစ်ဦးဖြစ် သူ အောင်မြင့်မြတ်နှင့် ဝေယံမင်းသူတို့ကို ရှာဖွေကယ်ဆယ်ရန် နီပေါနိုင်ငံမှ တောင်တက် အဖွဲ့ကိုလည်း စီးပွားရေးလုပ်ငန်းရှင်ဦးတေဇက ဆက်သွယ်ခေါ်ယူထားကြောင်း သိရသည်။

တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန်အတွက် တက္ကသိုလ်ခြေလျင်နှင့် တောင် တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း)၊ ဦးတေဇဦး ဆောင်သည့် ထူးဖောင်ဒေးရှင်း၊ ခါကာဘိုရာဇီ တောင်ထိပ်သို့ တက်ရောက်ခဲ့ဖူးသူ နမားဂျွန်ဆင် (ခ) အောင်ဆည်၊ တပ်မတော် (လေ)နှင့် ဒေသခံများက စက် တင်ဘာ ၁၁ ရက်နောက်ပိုင်းက တည်းက ရှာဖွေခဲ့သည်။

ပထမဆုံး ပြည်ပကယ်ဆယ် ရေးအဖွဲ့အဖြစ် စကိုင်းဘလူးအ မည်ရှိ တရုတ်နိုင်ငံမှ အကြီးဆုံး အရပ်သား ကယ် ဆယ်ရေးအဖွဲ့ သည် စက်တင်ဘာ ၁၃ ရက်က ရောက်ရှိလာခဲ့သည်။ ယင်းအဖွဲ့ မှာ ရဟတ်ယာဉ် အသုံးပြု၍ ရှာ ဖွေမည်ဖြစ်သည့်အတွက် ရာသီ ဥတုမကောင်း၍ ရှာဖွေရေးလုပ် ဆောင်ရန် မသေချာဘဲ ယင်း ကယ်ဆယ်ရေးအဖွဲ့မှပင် အဖွဲ့ ၀င် ရှစ်ဦးသည် ပူးပေါင်းကူညီ ရန် ခါကာဘိုရာဇီတောင်နှင့်အနီး စပ်ဆုံးဖြစ်သည့် တရုတ်နိုင်ငံ၊ တိဗက်ခရိုင်အတွင်းသို့ ရောက်ရှိ နေသည်ဟု ဆိုသည်။

ထို့နောက် ထိုင်းနိုင်ငံမှ ကူ ညီပေးမည့် ကယ်ဆယ်ရေး ရဟတ်ယာဉ်သည် စက်တင်ဘာ ၁၆ ရက် ညနေ တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင်ပျောက်ဆုံးနေ သည့် တောင်တက်သမားနှစ်ဦး ကို လွန်ခဲ့သော ၁၈ နှစ်က ခါကာ ဘိုရာ ဇီတောင် တက်ခဲ့သော ဒေသ ခံနမားဂျွန်ဆင်ဦးဆောင်သည့် ဒေသခံများပါဝင်သော မြေပြင် ရှာဖွေရေး အဖွဲ့က ရှာဖွေရေး လုပ်ဆောင်လျက်ရှိသည် ဧ၀ရက် တောင်တက်ရောက်ရန် လေ့ကျင့် ထားသည့် တောင်တက်သမား နှစ်ဦးလည်း တဟွန်ဒမ်းရွာသို့ ရောက်နေကြောင်း မြေပြင်ရှာဖွေရေး အဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက် သည့် ထူးဖောင်ဒေးရှင်းမှ သိရ သည်။

တောင်ခြေစခန်းအထိ တက်ရောက်ခဲ့သည့် တက္ကသိုလ်ခြေ လျင်နှင့် တောင်တက်အသင်းက (သဘာဝခေါ် သံဖောင်ဒေးရှင်း) မှ အဖွဲ့ဝင်ခြောက်ဦးသည် စက်တင် ဘာ ၁၆ ရက် ညနေတွင် တဟွန် ဒမ်းမှ ပူတာအို သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး လိုအပ်သည့် ကျန်းမာ ရေးစောင့်ရှောက်မှုများပြုလုပ်ရန်  ရန်ကုန်မြို့သို့ ပို့ဆောင်ပေးသည် ဟု သိရသည်။

တောင်တက်သမား အောင် မြင့်မြတ်နှင့် ဝေယံမင်းသူတို့သည် သြဂုတ် ၃၁ ရက် ညနေ ၅ နာရီ ကျော်က ခါကာဘိုရာဇီတောင် ထိပ်သို့ ရောက်ရှိကာ အလံစိုက် နိုင်ပြီးက တည်းကတောင်ခြေစခန်းရှိ ကျန်အဖွဲ့ သားများနှင့် အ ဆက်အသွယ်ပြတ်တောက်သွား ခဲ့ခြင်းဖြစ်သည်။

ခါကာဘိုရာဇီတောင်ထိပ် သို့ ၁၉၉၆ ခုနှစ်က ဂျပန်လူမျိုး  တာကာရှိ အိုဇာကီနှင့် တိဗက်လူ မျိုး မြန်မာနိုင်ငံ သား နမားဂျွန် ဆင်(ခ) အောင်ဆည်တို့ ပထမ ဆုံးအကြိမ်အဖြစ် တက်ရောက်ခဲ့ ပြီးနောက် ယခုတောင်တက် အဖွဲ့ မှ ပထမဆုံးအကြိမ်အဖြစ် တက် ရောက်ခြင်းဖြစ်သည်။

ခါကာဘိုရာဇီတောင်သည် မြန်မာနှင့် အိန္ဒိယ၊ တရုတ်နိုင်ငံ တို့နှင့် ထိစပ်ရာ မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည် နယ် နယ်နိမိတ်အတွင်းရှိ ဟိမ၀န္တာ တောင်တန်းအရှေ့ဘက်တွင် တည်ရှိသည်။

ကချင်ပြည်နယ်ပူတာအို ခရိုင်၊ နောင်မွန်မြို့နယ်တွင် တည်ရှိသည့် ခါကာဘိုရာဇီမှာ ၅,၈၈၁ မီတာ(၁၉,၂၉၆ ပေ) အမြင့်ရှိကြောင်း ၁၉၂၅ ခုနှစ်က ပြုလုပ်ခဲ့သော ပထ၀ီလေ့လာမှု စစ်တမ်းတစ်ရပ်အရ တိုင်းထွာ နိုင်ခဲ့ပြီး အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်အဖြစ် သတ် မှတ်ထားသည်။

7Day DAILY

No comments:

Post a Comment