Wednesday 20 August 2014

ရဲတပ်ဖွဲ့က ဖမ်းမမိသေးသော တရားခံပြေး တစ်သောင်းကျော်အနက် လူသတ်မှု၊ မုဒိမ်းမှုနှင့် ခိုးမှုဖြစ်စဉ်များမှ တရားခံပြေး ၁၄၇ ဦးကို နှစ်လအတွင်း ပြန်လည်ဖမ်းဆီးရမိ

Photo: ရဲတပ်ဖွဲ့က ဖမ်းမမိသေးသော တရားခံပြေး တစ်သောင်းကျော်အနက် လူသတ်မှု၊ မုဒိမ်းမှုနှင့် ခိုးမှုဖြစ်စဉ်များမှ တရားခံပြေး ၁၄၇ ဦးကို နှစ်လအတွင်း ပြန်လည်ဖမ်းဆီးရမိ
Wednesday, August 20, 2014

ပြည်တွင်း၌ ပြစ်မှုအမျိုးမျိုးကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေး တစ်သောင်းကျော်အနက် ၁၄၇ ဦးကို နှစ်လအတွင်း ပြန်လည်ဖမ်းဆီးရ မိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာနမှ ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရှိရသည်။
 
ယင်းကဲ့သို့ ပြန်လည်ဖမ်းမိခဲ့သည့် တရားခံပြေး ၁၄၇ ဦးမှာ လူသတ်မှု၊ မုဒိမ်းမှု နှင့် ခိုးမှုဖြစ်စဉ်များကို ကျူးလွန်ခဲ့သူများဖြစ်ကြောင်း သိရသည်။
 
ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့မှ လွတ်မြောက်နေသော တရားခံပြေးများကို အမြန်ဆုံးပြန်လည်ဖမ်းဆီးရမိရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ စီမံချက်ချမှတ်ကာ ရဲတပ်ဖွဲ့မှူးများအား ထိထိရောက်ရောက် ဆောင်ရွက်ရန် ညွှန်ကြားမှုများပြုလုပ်လျက်ရှိနေကြောင်း သိရသည်။
 
လွတ်မြောက်နေသော တရာခံပြေးတစ်သောင်းကျော်အနက် ၂ဝ၁၄ ခုနှစ် ဇွန်လအတွင်း တရားခံပြေး ၆၉ ဦးနှင့် ဇူလိုင်လ အတွင်း ၇၈ ဦးအား ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
“လွတ်မြောက်နေတဲ့ တရားခံပြေးတွေ ကို သီးခြားစီမံချက်ချမှတ်ပြီး ဆောင် ရွက်နေ တယ်။ ဒါ့အပြင် အမြန်ဆုံးဖမ်းဆီးရမိဖို့ အဲဒီတရားခံပြေးတွေရဲ့ ဓာတ်ပုံတွေနဲ့ ကိုယ်ရေးအချက်အလက်အချို့တွေကို မြန်မာအသံ နဲ့ ရုပ်မြင်သံကြား၊ အခြားရုပ်သံတွေကနေ ပြည်သူတွေ သိအောင်ကြော်ငြာ ဖို့ ဆောင်ရွက်တဲ့အခါမှာ ရှေ့နေချုပ်ရုံးက လူအခွင့်အရေးထိခိုက်တယ် ဆိုပြီး ပြန်လာတယ်။ ကျွန်တော်တို့အနေနဲ့က တရားခံပြေးတွေကို လျှို့ဝှက်ဖမ်းဆီးနေရသလိုဖြစ်နေတယ်။ ဒီလူတွေက တရားခံပြေးဖြစ်တယ်ဆိုတာကို ပြည်သူတွေကို ချပြနိုင်မှ ဖမ်းဆီးနိုင်မှုက ဒီထက်ပိုများလာနိုင်မှာပါ။ တချို့တရားခံပြေးတွေဆိုရင် တခြားဒေသတွေမှာ နာမည်ပြောင်းပြီးတော့ နေကြတာတွေရှိတယ်။ ပြည်သူက သတင်းပေးဖို့၊ ဖမ်းဆီးပေးဖို့ဆိုတာက ဘယ်သူတွေ က တရားခံပြေးဖြစ်တယ်ဆိုတာ ပြည်သူတွေသိဖို့ လိုပါတယ်။ အခု အဲဒီတရားခံပြေးတွေကို ဖမ်းဆီးနေတဲ့အခြေအနေတွေကတော့ ထင်သလောက် မအောင်မြင်သေးပါဘူး” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒုတိယရဲမှူးကြီး ဝင်းစိန်က ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
 
တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက “ကျွန်တော်ရဲ့ဒေသကြီးအတွင်းမှာ တရားခံပြေးအဖြစ် စာရင်းရှိတဲ့သူတွေကိုရော၊ စာရင်းမရှိတဲ့သူတွေကိုရော ဖမ်းဆီးမှုတွေလုပ်နေတယ်။ စခန်းအလိုက် ကိုယ့်ရဲ့ဧရိယာကို လွှမ်းခြုံမှုရှိအောင် ဆောင်ရွက်နေတဲ့အပြင် ပြည်သူလူထုကိုအားပြုပြီး ဂရုစိုက်ဆောင်ရွက်နေတယ်။ မှုခင်းကျဆင်းရေးလုပ်ငန်းမှာ အဲဒီတရားခံပြေးတွေကို ဖမ်းဆီးနိုင်ဖို့က အရေးပါတယ်” ဟု ပြောကြားသည်။
 
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ကိုယ်ချင်းစာစိတ်ထားရှိပြီး နိုင်ငံကြီးသားပီသရန်လိုအပ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေးက ဩဂုတ် ၁၉ ရက်တွင် ပြောကြားသည်။
 
မြန်မာနိုင်ငံတွင် တရားခံလေးမျိုးရှိသည့်အနက် မိမိရဲစခန်းမှအလိုရှိသော ပြန်တမ်းဝင်တရားခံပြေး၊ အခြားရဲစခန်းများမှ အလိုရှိသော ပြန်တမ်းဝင်တရားခံပြေး၊ မိမိရဲစခန်းမှအလိုရှိသော ပြန်တမ်းမဝင်တရားခံပြေးနှင့် အခြားရဲစခန်းများမှအလိုရှိသော ပြန်တမ်းမဝင် တရားခံပြေးဟူ၍ ရှိကြောင်း၊ အဆိုပါလေးမျိုးတွင် ၁၉၈၆ ခုနှစ်မှ ၂ဝ၁၄ ခုနှစ် ဇွန်လကုန်အထိ ပြန်တမ်းဝင်တရားခံပြေး ၉၁ဝ ယောက်၊ ပြန်တမ်းမဝင်တရားခံ ပြေး ၁၂၄၉၄ ယောက် စုစုပေါင်း ၁၃၄ဝ၄ ဖြစ်ကြောင်း သိရသည်။
 
Eleven Media Group 

ရန်ကုန်မြို့လယ်၌ လုံခြုံရေးဆောင်ရွက်နေသူအချို့ကို ၂၀၁၄ ခုနှစ် ဇူလိုင်လ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့လယ်၌ လုံခြုံရေးဆောင်ရွက်နေသူအချို့ကို ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ -အောင်မျိုးသန့်)
ပြည်တွင်း၌ ပြစ်မှုအမျိုးမျိုးကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေး တစ်သောင်းကျော်အနက် ၁၄၇ ဦးကို နှစ်လအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာနမှ ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရှိရသည်။
ယင်းကဲ့သို့ ပြန်လည်ဖမ်းမိခဲ့သည့် တရားခံပြေး ၁၄၇ ဦးမှာ လူသတ်မှု၊ မုဒိမ်းမှု နှင့် ခိုးမှုဖြစ်စဉ်များကို ကျူးလွန်ခဲ့သူများဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့မှ လွတ်မြောက်နေသော တရားခံပြေးများကို အမြန်ဆုံးပြန်လည် ဖမ်းဆီးရမိရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ စီမံချက်ချမှတ်ကာ ရဲတပ်ဖွဲ့မှူးများအား ထိထိရောက်ရော က် ဆောင် ရွက်ရန် ညွှန်ကြားမှုများပြုလုပ်လျက်ရှိနေကြောင်း သိရသည်။

လွတ်မြောက်နေသော တရာခံပြေးတစ်သောင်းကျော်အနက် ၂ဝ၁၄ ခုနှစ် ဇွန်လအတွင်း တရားခံပြေး ၆၉ ဦးနှင့် ဇူလိုင်လ အတွင်း ၇၈ ဦးအား ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“လွတ်မြောက်နေတဲ့ တရားခံပြေးတွေ ကို သီးခြားစီမံချက်ချမှတ်ပြီး ဆောင်ရွက်နေတယ်။ ဒါ့အပြင် အမြန်ဆုံး ဖမ်းဆီးရမိဖို့ အဲဒီတရားခံပြေးတွေရဲ့ ဓာတ်ပုံတွေနဲ့ ကိုယ်ရေးအချက်အလက်အချို့တွေ ကို မြန်မာအသံ နဲ့ ရုပ်မြင်သံကြား၊ အခြားရုပ်သံတွေကနေ ပြည်သူတွေ သိအောင်ကြော်ငြာ ဖို့ ဆောင် ရွက်တဲ့အခါမှာ ရှေ့နေချုပ်ရုံးက လူအခွင့်အရေးထိခိုက်တယ်ဆိုပြီး ပြန်လာတယ်။ ကျွန်တော်တို့အနေနဲ့က တရားခံပြေးတွေကို လျှို့ဝှက်ဖမ်းဆီးနေရသလိုဖြစ်နေတယ်။ ဒီလူတွေက တရားခံပြေးဖြစ်တယ်ဆိုတာ ကို ပြည်သူတွေကို ချပြနိုင်မှ ဖမ်းဆီးနိုင်မှုက ဒီထက်ပိုများလာနိုင်မှာပါ။ တချို့တရားခံပြေးတွေဆိုရင် တခြားဒေသတွေမှာ နာမည်ပြောင်းပြီးတော့ နေကြတာတွေရှိတယ်။ ပြည်သူက သတင်းပေးဖို့၊ ဖမ်း ဆီးပေးဖို့ ဆိုတာက ဘယ်သူတွေ က တရားခံပြေးဖြစ်တယ်ဆိုတာ ပြည်သူတွေသိဖို့ လိုပါတယ်။ အခု အဲဒီ တရားခံပြေးတွေကို ဖမ်းဆီးနေတဲ့အခြေအနေတွေကတော့ ထင်သလောက် မအောင်မြင်သေးပါဘူး” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒုတိယရဲမှူးကြီး ဝင်းစိန်က ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက “ကျွန်တော်ရဲ့ဒေသကြီးအတွင်းမှာ တရားခံပြေး အဖြစ် စာရင်းရှိတဲ့သူတွေကိုရော၊ စာရင်းမရှိတဲ့သူတွေကိုရော ဖမ်းဆီးမှုတွေလုပ်နေတယ်။ စခန်းအလိုက် ကိုယ့်ရဲ့ဧရိယာကို လွှမ်းခြုံမှုရှိအောင် ဆောင်ရွက်နေတဲ့အပြင် ပြည်သူလူထုကိုအားပြုပြီး ဂရုစိုက်ဆောင် ရွက်နေ တယ်။ မှုခင်းကျဆင်းရေးလုပ်ငန်းမှာ အဲဒီတရားခံပြေးတွေကို ဖမ်းဆီးနိုင်ဖို့က အရေးပါတယ်” ဟု ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ကိုယ်ချင်း စာစိတ် ထားရှိပြီး နိုင်ငံကြီးသားပီသရန်လိုအပ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေးက ဩဂုတ် ၁၉ ရက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် တရားခံလေးမျိုးရှိသည့်အနက် မိမိရဲစခန်းမှအလိုရှိသော ပြန်တမ်းဝင်တရားခံပြေး၊ အခြား ရဲစခန်းများမှ အလိုရှိသော ပြန်တမ်းဝင်တရားခံပြေး၊ မိမိရဲစခန်းမှအလိုရှိသော ပြန်တမ်းမဝင်တရားခံပြေးနှင့် အခြားရဲစခန်းများမှအလိုရှိသော ပြန်တမ်းမဝင် တရားခံပြေးဟူ၍ ရှိကြောင်း၊ အဆိုပါလေးမျိုးတွင် ၁၉၈၆ ခုနှစ်မှ ၂ဝ၁၄ ခုနှစ် ဇွန်လကုန်အထိ ပြန်တမ်းဝင်တရားခံပြေး ၉၁ဝ ယောက်၊ ပြန်တမ်းမဝင်တရားခံ ပြေး ၁၂၄၉၄ ယောက် စုစုပေါင်း ၁၃၄ဝ၄ ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment