Wednesday 20 August 2014

အီဘိုလာရောဂါဖြစ်ပွားနေသည့် နိုင်ငံများသို့ ပြေးဆွဲပျံသန်းရန် Air France လေကြောင်းလိုင်းမှ ၀န်ထမ်းများ ငြင်းဆို

Photo: အီဘိုလာရောဂါဖြစ်ပွားနေသည့် နိုင်ငံများသို့ ပြေးဆွဲပျံသန်းရန် Air France လေကြောင်းလိုင်းမှ ၀န်ထမ်းများ ငြင်းဆို
Wednesday, August 20, 2014

အာဖရိတိုက်အနောက်ပိုင်းမှ အီဘိုလာ ရောဂါဖြစ်ပွားနေသည့် ဂီနာ၊ ဆီရာလီယွန်နှင် နိုင်ဂျီးရီးယားနိုင် ငံများသို့ ခရီးစဉ် များ ပြေးဆွဲ ပျံသန်းခြင်းမပြုရန် Air France လေကြောင်းလိုင်းမှ ၀န်ထမ်းများက သြဂုတ် ၁၉ ရက်တွင် ကန့်ကွက်ထားသည်။

အဆိုပါ ခရီးစဉ်များသို့ သွားလိုသည့် လေယာဉ်အမှုထမ်း အလွန်နည်းပါးနေကြောင်း လေကြောင်း လိုင်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

Air France လေကြောင်းလိုင်းသည် အခြားလေကြောင်းလိုင်းကြီးများထက် အနောက်အာဖရိကသို့ ခရီးစဉ်များ ပိုမိုပျံသန်းပြေးဆွဲ ခဲ့ သည်။British Airways နှင့် Emirates လေကြောင်းလိုင်းတို့က ယင်း ဒေသသို့ ခရီးစဉ်ပြေးဆွဲမှုကို ရပ်ဆိုင်းလိုက်ပြီးနောက် Air France ကလည်း မိမိတို့၏ ၀န်ထမ်းများ၏ ဆန္ဒအတိုင်း ဆုံးဖြတ်ခွင့် ပေးထားကြောင်း သိရသည်။

Air Frace သည် ဂီနာနှင့် နိုင်ဂျီးရီးယားနိုင်ငံများသို့ နေ့စဉ်ခရီးစဉ်များနှင့် ဆီရာလီ ယွန် သို့ တစ်ပတ်လျင် သုံးကြိမ် ပျံသန်းပြေးဆွဲနေကြောင်း သိရသည်။ 

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment