Wednesday 20 August 2014

ဂါဇာဒေသတွင် ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားပြီး ဆွေးနွေးပွဲ ရပ်ဆိုင်းထား

Photo: ဂါဇာဒေသတွင် ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားပြီး ဆွေးနွေးပွဲ ရပ်ဆိုင်းထား
Wednesday, August 20, 2014

သြဂုတ်၁၉ ရက်က ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့ ပစ်ခတ်မှုများ ပြန်လည် ဖြစ်သွားခဲ့သောကြောင့် အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို တွင် ပြုလုပ်လျက်ရှိသည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ရပ်ဆိုင်းထားရကြောင်း သိရသည်။

ဂါဇာမြို့တွင်းသို့ ပစ်ခတ်ခဲ့သည့် ရော့ကတ်တစ်ခု ထိမှန်မှုကြောင့် ပါလက်စတိုင်း အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် တစ်ဦးတို့ သေဆုံးကာ ၁၆ ဦးဒဏ်ရာရရှိ သွားပြီး ဂါဇာကမ်းမြောင်ဒေသဘက်တွင်လည်း အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူရှစ်ဦး သေဆုံးသွားကြောင်း ပါလက်စတိုင်းတို့က ထုတ်ပြန်ထားသည်။

အစ္စရေးစစ်တပ်၏ ထုတ်ပြန်ကြေညာချက်တွင် ပါလက်စတိုင်း ဘက်မှ ရော့ကက်ရှစ်စင်းဖြင့် ပစ်ခတ်ခဲ့ ရာ ခြောက်ခုမှာ ကွင်းပြင်ထဲသို့ ကျသွားပြီး နှစ်ခုကို ဒုံးခွင်းစနစ်ဖြင့် ကာကွယ်နိုင်ခဲ့ကြောင်း ပါရှိသည်။

၂၄ နာရီ ထပ်မံသက်တမ်းတိုးထားသည့် အပစ်အခတ်ရပ်စဲရေးကာလ မကုန်ဆုံးမီ နာရီများစွာအလိုက ပင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ကိုင်ရို တွင် ဆွေးနွေးလျက်ရှိသည့် မိမိတို့လူများကို အစ္စရေးတို့က ပြန်လည်ခေါ်ယူခဲ့ပြီး ဂါဇာဒေသရှိ နေရာ ၁၀ ခုကို လေကြောင်းမှ တိုက်ခိုက် ခဲ့ကြောင်း အစ္စရေးစစ် တပ်ရေဒီယိုမှ ကြေညာခဲ့သည်။ 

Ref:AFP
Mizzima - News in Burmese
သြဂုတ်၁၉ ရက်က ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့ ပစ်ခတ်မှုများ ပြန်လည် ဖြစ် သွား ခဲ့သောကြောင့် အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို တွင် ပြုလုပ်လျက်ရှိသည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေး ပွဲကို ရပ်ဆိုင်းထားရကြောင်း သိရသည်။
ဂါဇာမြို့တွင်းသို့ ပစ်ခတ်ခဲ့သည့် ရော့ကတ်တစ်ခု ထိမှန်မှုကြောင့် ပါလက်စတိုင်း အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် တစ်ဦးတို့ သေဆုံးကာ ၁၆ ဦးဒဏ်ရာရရှိ သွားပြီး ဂါဇာကမ်းမြောင်ဒေသဘက်တွင်လည်း အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူရှစ်ဦး သေဆုံးသွားကြောင်း ပါလက်စတိုင်းတို့က ထုတ်ပြန် ထားသည်။

အစ္စရေးစစ်တပ်၏ ထုတ်ပြန်ကြေညာချက်တွင် ပါလက်စတိုင်း ဘက်မှ ရော့ကက်ရှစ်စင်းဖြင့် ပစ်ခတ်ခဲ့ ရာ ခြောက်ခုမှာ ကွင်းပြင်ထဲသို့ ကျသွားပြီး နှစ်ခုကို ဒုံးခွင်းစနစ်ဖြင့် ကာကွယ်နိုင်ခဲ့ကြောင်း ပါရှိသည်။

၂၄ နာရီ ထပ်မံသက်တမ်းတိုးထားသည့် အပစ်အခတ်ရပ်စဲရေးကာလ မကုန်ဆုံးမီ နာရီများစွာအလိုကပင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ကိုင်ရို တွင် ဆွေးနွေးလျက်ရှိသည့် မိမိတို့လူများကို အစ္စရေးတို့က ပြန်လည်ခေါ်ယူ ခဲ့ပြီး ဂါဇာဒေသရှိ နေရာ ၁၀ ခုကို လေကြောင်းမှ တိုက်ခိုက် ခဲ့ကြောင်း အစ္စရေးစစ် တပ်ရေဒီယိုမှ ကြေညာ ခဲ့သည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment