Wednesday 20 August 2014

မြန်မာအလှမယ် မေမြတ်နိုး အနုပညာလှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်ရန် အတွက် ကိုရီးယားနိုင်ငံသို့ ရောက်ရှိ

Photo: မန်မာအလှမယ် မေမြတ်နိုး အနုပညာလှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်ရန် အတွက် ကိုရီးယားနိုင်ငံသို့ ရောက်ရှိ
Wednesday, August 20, 2014

Miss Asia Pacific World 2014 ဆုရှင် မြန်မာအလှမယ် မေမြတ်နိုးသည် K-Pop အနုပညာလှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်ရန်အတွက် ကိုရီးယားနိုင်ငံသို့ သြဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

“မြတ်နိုးတို့ကို မိန်းကလေး လေးယောက်ပါဝင်တဲ့ MAPI Dolls ဆိုတဲ့ K-Pop အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ပေးထားပါတယ်။ အခု မြတ်နိုး ကိုရီးယားကိုသွားတာကလည်း အဲဒီအဖွဲ့လေးရဲ့ တေးစီးရီးအတွက် လိုအပ်တဲ့ အသံပိုင်းဆိုင်ရာ သင်ကြားဖို့အတွက်ရယ်၊ စီးရီး အသံသွင်းဖို့ကိစ္စတွေရယ်အတွက် သွားတာပါ။ မြတ်နိုးနဲ့အတူ မေမေလည်း ပါပါတယ်။မြတ်နိုးက Miss Asia Pacific World Orga-nization နဲ့ သုံးနှစ်စာချုပ် ချုပ်ထားတာဆိုတော့ သူတို့နဲ့ပူးပေါင်းပြီး  K-Pop အနုပညာလှုပ်ရှားမှုတွေ လုပ်သွားရမှာပါ။ 

ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ပြောထားတာလည်း ရှိပါတယ်။ အခုတစ်ခေါက်မှာပဲ သူတို့ဘက်က တစ်ခါတည်း အဆင်ပြေတယ်ဆိုလည်း ရိုက်သွားဖို့ရှိ ပါတယ်။ မြတ်နိုး ကိုရီးယားက ပြန်လာမှပဲ ပြည်တွင်းအနုပညာလှုပ်ရှားမှုတွေ ဆက်လုပ်ဖြစ်မှာမို့လို့ ပရိသတ်တွေအနေနဲ့ မြတ်နိုးကို မေ့မသွား ပါနဲ့လို့ ပြောချင်ပါတယ်။ ဒီသုံးလအတွင်း မြတ်နိုး ဟိုမှာလုပ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း မြတ်နိုးရဲ့ ဖေ့ဘုတ်ခ်မှာ တင်ပေးသွားပါမယ်” ဟု မေမြတ်နိုးက ပြောသည်။

မေမြတ်နိုးမှာ ကိုရီးယားတွင်သုံးလကြာနေထိုင်၍ အနုပညာလှုပ်ရှားမှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လာ မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအလှမယ် မေမြတ်နိုးမှာ ကိုရီးယားနိုင်ငံတွင် မေလအတွင်း ကျင်းပခဲ့သည့် Miss Asia Pacific World 2014  ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမြင့်ဆုံး winner ဆုကို ရရှိခဲ့ကာ မြန်မာနိုင်ငံမှ ပထမဆုံး K-Pop အနုပညာရှင်အဖြစ် ရပ်တည်ခွင့်ရရှိခဲ့သူလည်း ဖြစ်သည်။ မြန်မာအလှမယ်မေမြတ်နိုးသည် ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း ကိုရီးယားဘာသာစကား လေ့လာမှုများ၊ အသံပိုင်းဆိုင်ရာလေ့ကျင့်သင်ကြားမှုများ၊ အသံသွင်းယူမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အနုပညာလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ကိုင်သွားရန် စီစဉ်ထားသည်ဟု သိရသည်။ မြန်မာအနုပညာရှင်တစ်ဦးအနေဖြင့် K-Pop အဖွဲ့အတွင်း ပထမဆုံးပါဝင်ခွင့်ရရှိခြင်းဖြစ်ပြီး ကိုရီးယားဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခွင့်ရရှိမည် ဖြစ်သည်။

Eleven Media Group
Miss Asia Pacific World 2014 ဆုရှင် မြန်မာအလှမယ် မေမြတ်နိုးသည် K-Pop အနုပညာလှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်ရန်အတွက် ကိုရီးယားနိုင်ငံသို့ သြဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
“မြတ်နိုးတို့ကို မိန်းကလေး လေးယောက်ပါဝင်တဲ့ MAPI Dolls ဆိုတဲ့ K-Pop အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ပေး ထားပါတယ်။ အခု မြတ်နိုး ကိုရီးယားကိုသွားတာကလည်း အဲဒီအဖွဲ့လေးရဲ့ တေးစီးရီးအတွက် လိုအပ်တဲ့ အသံပိုင်းဆိုင်ရာ သင်ကြားဖို့အတွက်ရယ်၊ စီးရီး အသံသွင်းဖို့ကိစ္စတွေရယ်အတွက် သွားတာပါ။ မြတ်နိုးနဲ့ အတူ မေမေလည်း ပါပါတယ်။မြတ်နိုးက Miss Asia Pacific World Orga-nization နဲ့ သုံးနှစ်စာချုပ် ချုပ်ထားတာဆိုတော့ သူတို့နဲ့ပူးပေါင်းပြီး  K-Pop အနုပညာလှုပ်ရှားမှုတွေ လုပ်သွားရမှာပါ။

ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ပြောထားတာလည်း ရှိပါတယ်။ အခုတစ်ခေါက်မှာပဲ သူတို့ဘက်က တစ်ခါတည်း အဆင်ပြေတယ်ဆိုလည်း ရိုက်သွားဖို့ရှိ ပါတယ်။ မြတ်နိုး ကိုရီးယားက ပြန်လာမှ ပဲ ပြည်တွင်း အနုပညာ လှုပ်ရှားမှုတွေ ဆက်လုပ်ဖြစ်မှာမို့လို့ ပရိသတ်တွေအနေနဲ့ မြတ်နိုးကို မေ့မသွား ပါနဲ့လို့ ပြောချင်ပါတယ်။ ဒီသုံးလအတွင်း မြတ်နိုး ဟိုမှာလုပ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း မြတ်နိုးရဲ့ ဖေ့ဘုတ်ခ်မှာ တင်ပေး သွားပါမယ်” ဟု မေမြတ်နိုးက ပြောသည်။

မေမြတ်နိုးမှာ ကိုရီးယားတွင်သုံးလကြာနေထိုင်၍ အနုပညာလှုပ်ရှားမှုများကို လုပ်ဆောင်သွား မည်ဖြစ်ပြီး နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ ပြန်လာ မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအလှမယ် မေမြတ်နိုးမှာ ကိုရီးယားနိုင်ငံတွင် မေလအတွင်း ကျင်းပခဲ့သည့် Miss Asia Pacific World 2014  ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမြင့်ဆုံး winner ဆုကို ရရှိခဲ့ကာ မြန် မာနိုင်ငံမှ ပထမဆုံး K-Pop အနုပညာရှင်အဖြစ် ရပ်တည်ခွင့် ရရှိခဲ့သူလည်း ဖြစ်သည်။ မြန်မာ အလှမယ်မေမြတ်နိုး သည် ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း ကိုရီးယား ဘာသာ စကား လေ့လာမှုများ၊ အသံပိုင်းဆိုင်ရာလေ့ကျင့်သင်ကြားမှုများ၊ အသံသွင်းယူမှုများ ပြုလုပ် သွားမည်ဖြစ်ပြီး အနုပညာ လုပ်ငန်းများကိုလည်း ဆက်လက်လုပ်ကိုင်သွားရန် စီစဉ်ထားသည်ဟု သိရသည်။ မြန်မာ အနုပညာရှင် တစ်ဦးအနေဖြင့် K-Pop အဖွဲ့အတွင်း ပထမဆုံးပါဝင်ခွင့်ရရှိခြင်းဖြစ်ပြီး ကိုရီးယားဇာတ်ကား များ တွင်လည်း ပါဝင်သရုပ်ဆောင်ခွင့်ရရှိမည် ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment