Wednesday 20 August 2014

နည်းဥပဒေအချို့ ကြန့်ကြာနေ၍ သက်ဆိုင်ရာ ဌာနများကို တိုက်တွန်းနေဟုဆို

လွှတ်တော်မှ ပြဋ္ဌာန်းပြီး ဖြစ်သော ဥပဒေအချို့အား သက် ဆိုင်ရာဝန်ကြီးဌာနများမှ နည်း ဥပဒေပြဋ္ဌာန်းရန် ကြန့်ကြာနေမှု များအပေါ် အမြန်ဆုံးနည်းဥပဒေ ထုတ်ပြန်ရန်အတွက် သက်ဆိုင် ရာဝန်ကြီးဌာနများသို့ တိုက် တွန်း နေကြောင်း ပြည်ထောင်စုလွှတ် တော် ဥပဒေကြမ်းပူးပေါင်းကော် မတီထံမှ သတင်းရရှိသည်။
‘‘တချို့ဥပဒေတွေမှာ နည်း ဥပဒေအဖြစ် ပြဋ္ဌာန်းဖို့ ကြန့်ကြာ နေတာတွေရှိတယ်။ ဥပဒေတစ်ခု က နည်း ဥပဒေလာမှ အသက်ဝင် မှာဖြစ်လို့ နည်းဥပဒေတွေ အမြန် ဆုံးရေးဆွဲဖို့ တိုက်တွန်းနေပါ တယ်’’ ဟု ပြည်ထောင်စုလွှတ် တော် ဥပဒေကြမ်းပူးပေါင်းကော် မတီဝင် အတွင်းရေးမှူး ဦးစောလှ ထွန်းက ပြော သည်။

အချို့သော အရေးကြီး ဥပဒေများတွင် နည်းဥပဒေအမြန် ဆုံးထွက်ပေါ်လာနိုင်ရေးအတွက် မူလ ဥပဒေပြဋ္ဌာန်းပြီး ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေထွက်ပေါ် လာရမည်ဟု မူလဥပဒေတွင်ပင် ထည့်သွင်းရေး ဆွဲထားကြောင်း ဦးစောလှထွန်းက ပြောသည်။ သို့သော် ဥပဒေအချို့အတွက် နည်းဥပဒေ များမှာ ရက်ပေါင်း ၉၀ ကျော်လွန်သည့်တိုင် မထွက်နိုင် ဘဲ ဖြစ်နေသည်။

‘‘ဥပဒေတိုင်းကိုတော့ ရက် ပေါင်း ၉၀ အတွင်း နည်းဥပဒေ ထွက်ရမယ်လို့ ပြဋ္ဌာန်းထားတာ မဟုတ်ဘူး။ တချို့အရေးကြီး ဥပဒေတွေမှာတော့ ထည့်ရေးထားတဲ့အတွက် ဥပဒေတိုင်းကို တော့ သက်ရောက်မှု မရှိဘူး’’ဟု ၎င်းက ဆိုသည်။

ယခုနှစ်ဆန်းပိုင်းက ကျင်းပ ခဲ့သော ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေးမှာပင် အတည်ပြု ခဲ့သော တောင် သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးဥပဒေမှာ ခုနစ်လခန့်ကြာမြင့်လာသည့်တိုင် နည်းဥပဒေအဖြစ် ထုတ်ပြန်နိုင်ခြင်းမရှိသည့်အပြင် အခြားသော အရေးကြီး ဥပဒေအချို့မှာ လည်း ခြောက် လ အထက်ကြာမြင့်နေသော်လည်းနည်းဥပဒေအဖြစ် ထုတ်ပြန်နိုင် ခြင်းမရှိသေးပေ။

7Day DAILY

No comments:

Post a Comment