Wednesday 20 August 2014

မြန်မာအပေါ် ပစ်မှတ်ထား ဒဏ်ခတ်မှု ဆက်ထားခြင်းကြောင့် ရင်းနှီးမြုပ်နှံဖို့ ခက်ခဲ

အမေရိကန်နိုင်ငံအနေနဲ့ ​မြန်မာနိုင်ငံက ​ထိပ်သီး ​စီးပွားရေးသမားတချို့အပေါ် ​ဒဏ်ခတ်ပိတ်ဆို့ ​ဆက်လက် ထားရှိတာက ​နိုင်ငံတကာအတွက် ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ ​ခက်ခဲစေတယ်လို့ ​အမေရိကန်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ​မူဝါဒရေးရာအကြံပေးအရာရှိဟောင်း ​Peter ​Kucik ​က ​Wall ​Stree ​Journal ​ကိုပြောပါတယ်။
Peter ​Kucik ​ဟာ ​အမေရိကန် ​ဘဏ္ဍာရေး ​ဝန်ကြီးဌာနရဲ့ ​အကြံပေး ​ဖြစ်ခဲ့တုန်းက ​မြန်မာနိုင်ငံအပေါ် ​ဘယ်ပုံ ​ဘယ်နည်းနဲ့ ​ဒဏ်ခတ် ​ပိတ်ဆို့မှု ​လုပ်ရမလဲဆို ​တာတွေကို ​အကြံပေး ​ခဲ့သူဖြစ်ပြီး ​အခု အခါမှာ ​နိုင်ငံခြား ​ကုမ္ပဏီတွေ ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံ ​မှုလုပ်ဖို့ ​နည်းလမ်းတွေ ​ပြောပြတဲ့ ​Inle ​Advisory ​Group ​အဖွဲ့ဝင် ​ဖြစ်လာပါတယ်။

အရင်တုန်းက ​မြန်မာနိုင်ငံမှာ ​ဒဏ်ခတ် ​ပိတ်ဆို့မှု ​လုပ်တာဟာ ​ပြုပြင် ​ပြောင်းလဲမှု ​ဖြစ်စေလို ​တဲ့အတွက် ​လုပ်ခဲ့တာဖြစ်ပြီး ​အခုအခါ ​မှာတော့ ​မြန်မာဘက်က ​ပြောင်းလဲ ​လာတဲ့အတွက် ​ကျန်ရှိတဲ့ ​ဒဏ်ခတ် ​ပိတ်ဆို့ ​မှုတွေကို ​ဖယ်ရှားသင့် ​တယ်လို့ ​ပြောပါတယ်။

မြန်မာအစိုးရအပေါ်​ထားရှိတဲ့ ​ဒဏ်ခတ်​ပိတ်ဆို့မှု ​အတော်များများကို ​အမေရိကန်က ​ဖယ်ရှားလိုက်ပြီ ​ဖြစ်ပေ မယ့် ​စီးပွားရေး ​သမားတချို့ကိုတော့ ​ပစ်မှတ်ထား ​ဒဏ်ခတ် ​ပိတ်ဆို့မှု ​လုပ်ထားဆဲဖြစ် ပါ တယ်။

မြန်မာနိုင်ငံ ​စီးပွားရေး ​သမားတွေက ​မြန်မာနိုင်ငံ ​ဖွံ့ဖြိုးတိုး ​တက်ရေးမှာ ​အထောက်အကူ ​ဖြစ်စေတဲ့ ​အတွက် ​သူတို့ကို ​ဒဏ်ခတ်ပိတ်ဆို့ ​ထားတာဟာ ​မြန်မာ ​ဖွံ့ဖြိုးရေးကို ​နှောင့်နှေး ​စေတယ်လို့ ​Inle ​Advisory ​Group ​က ​အဖွဲ့ဝင် ​Peter ​က ​ပြောပါတယ်။

မြန်မာနိုင်ငံ ​ဖွံ့ဖြိုးရေးနဲ့ ​ပြုပြင်ပြောင်း ​လဲရေးကို ​အမေရိကန် ​အစိုးရက ​လိုလားနေတဲ့အတွက် ​ဖွံ့ဖြိုးမှု ​လုပ်ပေးမယ့် ​စီးပွားရှင်တွေကို ​ဒဏ်ခတ်ပိတ်ဆို့မှုကနေ ​ဖယ်ရှားသင့်ပြီလို့ ​ပြောပါတယ်။

အမေရိကန်ရဲ့ ​အဓိက ​စိုးရိမ်မှုကတော့ ​မြန်မာစစ်တပ်နဲ့ ​မြောက်ကိုရီးယားတို့ရဲ့ ​နီးစပ်မှုဖြစ်ပြီး ​မြန်မာ စီးပွားရေးကို ​စစ်တပ်က ​အုပ်စိုးမှု ​ရှိနေတဲ့အတွက် ​စစ်တပ်နဲ့ ​နီးစပ်သူတွေကို ​ပစ်မှတ်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ ​လက်ရှိ ​မြန်မာအစိုးရရဲ့ ​လုပ်ရပ်ကို ​ကြည့်မယ်ဆိုရင် ​စစ်ရေးထက် ​နိုင်ငံဖွံ့ဖြိုးရေးကို ​ဦးစားပေး တာကို ​တွေ့နေရတယ်လို့လည်း ​ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ​ပြုပြင်ပြောင်းလဲမှု ​တကယ်လုပ်လိုတယ်ဆိုတာကို ​သူ့အနေနဲ့ ​ယုံကြည်ပြီး ​အခုလောလောဆယ် ​ဒဏ်ခတ်ပိတ်ဆို့မှု ​ခံရသူတွေကို ​ဖယ်ရှားဖို့ ​ကိစ္စကိုလည်း ​ကြိုးစားလုပ်ဆောင်မှုတွေ ​ရှိနေတယ်လို့ ​Peter ​Kucik ​က ​Wall ​Street ​Journal ​ကို ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia

No comments:

Post a Comment