Wednesday 20 August 2014

အစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒပြမှုဖြင့် မြို့နယ်ကိုးခုမှ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရသည့် ကိုထင်ကျော်အား ဒဂုံဆိပ်ကမ်းတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ထပ်မံ အမိန့်ချ

 Photo: အစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒပြမှုဖြင့် မြို့နယ်ကိုးခုမှ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရသည့် ကိုထင်ကျော်အား ဒဂုံဆိပ်ကမ်းတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ထပ်မံ အမိန့်ချ
Wednesday, August 20, 2014

ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း ဆန္ဒပြမှုဖြင့် မြို့နယ်ကိုးမြို့နယ်မှ ထောင်ဒဏ်ပေါင်း ခုနစ်နှစ်ချမှတ်ခံထားရသည့် ကိုထင်ကျော်အား ဩဂုတ် ၁၉ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးက ပုဒ်မ ၅ဝ၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ထပ်မံ ချမှတ်လိုက်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ဧပြီ ၂၅ ရက် ညနေပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ ဒီမိုကရေစီစဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုမှ ကိုထင်ကျော်သည် ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း ပြည်သူသာလျှင် အရှင်သခင်ဖြစ်ကြောင်းကို ဆန္ဒပြဟောပြောခဲ့ပြီး လက်ကမ်းစာစောင်ဝေငှမှုဖြင့် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုခဲ့သည်။ ထို့နောက် ကိုထင်ကျော်အား ဒဂုံဆိပ်ကမ်းမြို့ နယ်တရားရုံးမှ ရုံးတင်စစ်ဆေးကာ ကိုးကြိမ်မြောက်ရုံးချိန်းတွင် ယခုလို အမိန့်ချမှတ်ခြင်း ဖြစ်သည်။

“ခွင့်ပြုမိန့်မယူဘဲ ဆန္ဒထုတ်ဖော်လို့ တရားစွဲထောင်ချတာကို လက်ခံတယ်။ ဒါပေမဲ့ခုလို မြို့နယ်တစ်ခုချင်းက တရားစွဲထောင်ချတာကိုတော့ လက်မခံနိုင်ဘူး။ ဖြစ်လည်းမဖြစ်သင့်ဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ ဆက်လက်ပြီး ပြည်သူတွေအလိုမရှိတဲ့ အစိုးရကို နုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုနေဦးမှာ ပါ”ဟု  MDCF အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အမိန့်ချမှတ်ပြီးနောက် တရားရုံးမှ ပြန်ထွက်လာစဉ် ကိုထင်ကျော်နှင့် သူ၏အဖွဲ့က အာဏာရှင်အစိုးရအား ဆန့်ကျင်သည့်အနေဖြင့် လက်သုံးချောင်းထောင်ကာ ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

လက်ရှိတွင် ကိုထင်ကျော်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တောင်ဥက္ကလာပမြို့နယ်တရားရုံးက အလုပ် ကြမ်းနှင့် ထောင်ဒဏ်ခြောက်လ၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တရားရုံးက အလုပ်ကြမ်း နှင့်ထောင်ဒဏ် တစ်နှစ်၊ ဒဂုံမြို့သစ်အရှေ့ ပိုင်းမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်နှစ်၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်နှစ်၊ မရမ်းကုန်းမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်နှင့် လှိုင်သာယာမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်အပြင် ယခု ဒဂုံဆိပ်ကမ်းမြို့နယ်ကလည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ခြင်းကြောင့် ပုဒ်မ ၅ဝ၅ (ခ) ဖြင့် စုစုပေါင်း ထောင်ဒဏ် ခုနစ်နှစ်နှင် ခြောက်လ ချမှတ်ထားကြောင်း သိရသည်။

  ယင်းအပြင် ပုဒ်မ ၅ဝ၅ (ခ) ဖြင့်  မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ကျောက်တံတားမြို့နယ်တွင်လည်း အမှုရင်ဆိုင်နေရကြောင်း သိရသည်။

ထို့ပြင် ကိုထင်ကျော်အား ငြိမ်းစုစီပုဒ်မ (၁၈) ဖြင့်လည်း ကျောက်တံတားမြို့နယ်တ ရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးလ ကိုလည်းကောင်း၊ ဗဟန်းမြို့နယ်တရားရုံးမှ ထောင်ဒဏ်သုံးလတို့ ချမှတ်ထားပြီး  ပုဒ်မ (၁၈) ဖြင့် စုစုပေါင်းထောင်ဒဏ် ခြောက်လ ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ကိုထင်ကျော်အား ပြစ်ဒဏ်စုစုပေါင်း ထောင်ဒဏ်ရှစ်နှစ် ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

Eleven Media Group 

အမိန့်ချမှတ်ခံရပြီးနောက် တရားရုံးမှ ပြန်ထွက်လာသည့် ကိုထင်ကျော် အား တွေ့ရ စဉ်(ဓာတ်ပုံ-အောင်ကျော်ထက်)
အမိန့်ချမှတ်ခံရပြီးနောက် တရားရုံးမှပြန်ထွက်လာသည့် ကိုထင်ကျော်အား တွေ့ရစဉ်(ဓာတ်ပုံ -အောင်ကျော်ထက်)
ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း ဆန္ဒပြမှုဖြင့် မြို့နယ်ကိုးမြို့နယ်မှ ထောင်ဒဏ်ပေါင်း ခုနစ်နှစ်ချမှတ်ခံထားရသည့် ကိုထင်ကျော်အား ဩဂုတ် ၁၉ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးက ပုဒ်မ ၅ဝ၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ထပ်မံ ချမှတ်လိုက်ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် ဧပြီ ၂၅ ရက် ညနေပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ ဒီမိုကရေစီစဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုမှ ကိုထင်ကျော်သည် ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း ပြည်သူသာလျှင် အရှင်သခင်ဖြစ်ကြောင်းကို ဆန္ဒပြဟောပြောခဲ့ပြီး လက်ကမ်းစာစောင်ဝေငှမှုဖြင့် ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်း က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုခဲ့သည်။ ထို့နောက် ကိုထင်ကျော်အား ဒဂုံဆိပ်ကမ်းမြို့ နယ်တရားရုံးမှ ရုံးတင်စစ်ဆေးကာ ကိုးကြိမ်မြောက်ရုံးချိန်းတွင် ယခုလို အမိန့် ချမှတ်ခြင်း ဖြစ် သည်။

“ခွင့်ပြုမိန့်မယူဘဲ ဆန္ဒထုတ်ဖော်လို့ တရားစွဲထောင်ချတာကို လက်ခံတယ်။ ဒါပေမဲ့ခုလို မြို့နယ်တစ်ခုချင်းက တရားစွဲထောင်ချတာကိုတော့ လက်မခံနိုင်ဘူး။ ဖြစ်လည်းမဖြစ်သင့်ဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ ဆက် လက်ပြီး ပြည်သူတွေအလိုမရှိတဲ့ အစိုးရကို နုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုနေဦးမှာ ပါ”ဟု  MDCF အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အမိန့်ချမှတ်ပြီးနောက် တရားရုံးမှ ပြန်ထွက်လာစဉ် ကိုထင်ကျော်နှင့် သူ၏အဖွဲ့က အာဏာရှင်အစိုးရအား ဆန့်ကျင်သည့်အနေဖြင့် လက်သုံးချောင်းထောင်ကာ ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

လက်ရှိတွင် ကိုထင်ကျော်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တောင်ဥက္ကလာပမြို့ နယ် တရားရုံးက အလုပ် ကြမ်းနှင့် ထောင်ဒဏ်ခြောက်လ၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တရားရုံးက အလုပ်ကြမ်း နှင့်ထောင်ဒဏ် တစ်နှစ်၊ ဒဂုံမြို့သစ်အရှေ့ ပိုင်းမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင် ဒဏ်တစ်နှစ်၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်နှစ်၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်နှစ်၊ မရမ်းကုန်းမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်နှင့် လှိုင်သာယာမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်အပြင် ယခု ဒဂုံဆိပ်ကမ်းမြို့နယ်ကလည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ချမှတ် ခဲ့ခြင်းကြောင့် ပုဒ်မ ၅ဝ၅ (ခ) ဖြင့် စုစုပေါင်း ထောင်ဒဏ် ခုနစ်နှစ်နှင် ခြောက်လ ချမှတ်ထားကြောင်း သိရသည်။

  ယင်းအပြင် ပုဒ်မ ၅ဝ၅ (ခ) ဖြင့်  မြောက်ဥက္ကလာပမြို့ နယ်၊ ရွှေပြည်သာမြို့ နယ်၊ ကျောက် တံတားမြို့နယ် တွင်လည်း အမှုရင်ဆိုင်နေရကြောင်း သိရသည်။

ထို့ပြင် ကိုထင်ကျော်အား ငြိမ်းစုစီပုဒ်မ (၁၈) ဖြင့်လည်း ကျောက်တံတားမြို့နယ်တ ရားရုံးက အလုပ် ကြမ်းနှင့် ထောင် ဒဏ် သုံးလ ကိုလည်းကောင်း၊ ဗဟန်းမြို့နယ်တရားရုံးမှ ထောင်ဒဏ်သုံးလတို့ ချမှတ်ထားပြီး  ပုဒ်မ (၁၈) ဖြင့် စုစုပေါင်းထောင်ဒဏ် ခြောက်လ ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ကိုထင်ကျော်အား ပြစ်ဒဏ်စုစုပေါင်း ထောင်ဒဏ်ရှစ်နှစ် ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment