Wednesday 20 August 2014

လမ်းဘေးစားသောက်ဆိုင်များ အဆင့်မြှင့်ရန် ကူညီမှု ယခုလတွင်စတင်မည်

Photo: လမ်းဘေးစားသောက်ဆိုင်များ အဆင့်မြှင့်ရန် ကူညီမှု ယခုလတွင်စတင်မည်
Wednesday, August 20, 2014

 မြန်မာနိုင်ငံစားသောက် ဆိုင်လုပ်ငန်းရှင်များအသင်းက လမ်းဘေးစားသောက် ဆိုင် များ ကို အဆင့်မြင့်စားသောက်ဆိုင်များအဖြစ် ရပ်တည်နိုင်ရန် သြဂုတ်လမှစ၍ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လမ်းဘေးမှာ ရောင်းချနေ တဲ့ စားသောက်ဆိုင်တွေအနေနဲ့ သန့်ရှင်းဖို့ အရေးကြီးတယ်။ လမ်းဘေးမှာ ရောင်းချနေရပေမယ့် လည်း အဆင့်အတန်းမြင့်တဲ့ စား သောက်ဆိုင်အဆင့် ထိရောက်ရှိ လာဖို့အတွက် ထောက်ပံ့ပေးသွား မယ်’’ဟု မြန်မာနိုင်ငံစားသောက် ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဌဦးဉာဏ်လင်းက ပြောသည်။

မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ ယခုလ အတွင်း ရန်ကုန်မြို့ရှိ မြို့တွင်း မြို့နယ် ခုနစ်မြို့ရှိ တစ်မြို့နယ်လျှင် စားသောက်ဆိုင်နှစ်ဆိုင်နှုန်းဖြင့် စားသောက်ဆိုင် ၁၄ ဆိုင် ရွေး ချယ်ကာ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ ဆက်လက်၍လည်း ဆိုင်အရေအတွက် တိုးကာထောက်ပံ့မည်ဖြစ်ပြီး လာမည့် နှစ်များတွင်  ရန်ကုန်မြို့သာမက နိုင်ငံတစ်ဝန်းရှိ စားသောက်ဆိုင်များအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ကူညီပံ့ပိုးပေးမည့် ပစ္စည်း များမှာ ပရိဘောဂအသုံးအ ဆောင်ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ ပန်းကန်၊ ခွက် ယောက်၊ ဇွန်း၊ ခက်ရင်း၊ ယင်လုံ ဆန်ခါ၊ ယင်လုံမှန်အိမ်များ၊ ပလတ်စတစ်ပစ္စည်းများ၊ ရင်ကာ၊ခေါင်းဆောင်း၊ လက်အိတ်များ စသည့် ကူညီပံ့ပိုးပေးခြင်းနှင့် ဆိုင်အားဆေးသုတ်မွမ်းမံပြင်ဆင်ပေး ခြင်းတို့အပြင် ကျန်းမာရေးစစ် ဆေးပေးခြင်းနှင့် အခြေခံအစား အသောက်ဝန်ဆောင်မှုသင်တန်း ပို့ချခြင်းများပါ ဆောင်ရွက်ပေး သွားမည်ဟု ဆိုသည်။

‘‘ဒီနှစ်မှာ မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသွား သုံးသန်း လောက်ဝင်ရောက်ဖို့အတွက် မျှော်မှန်းထားတယ်။ ဒီနိုင်ငံခြား သားတွေ လာရောက်လည်ပတ် တဲ့အခါမှာ လမ်းဘေးဈေးဆိုင် တွေမှာ စားသောက်လေ့ရှိကြ တယ်။ အဲဒီတော့ လမ်းဘေးစား သောက်ဆိုင်တွေအနေနဲ့ သန့်ရှင်း သပ်ရပ်တဲ့စားသောက်ဆိုင်တွေ ဖြစ်လာဖို့ အရေးကြီးတယ်’’ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်တွဲဖက် အတွင်းရေးမှူး ဦးခင်အောင်ထွန်းက ပြောသည်။

‘‘စည်ပင်ကချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ အရေးကြီးတယ်။ စားသောက်ဆိုင်တွေကို အဆင့်မြင့်စား သောက်ဆိုင်တွေအဖြစ် ရပ်တည်နိုင်ဖို့အတွက် ရေရှည်စီမံကိန်းများ ရေးဆွဲပြီး ထောက်ပံ့ပေးသွားမယ်’’ဟု အသင်းအတွင်းရေးမှူး ဦးကျော်မြတ်မိုးက ပြောသည်။

အခုလက်ရှိ ရန်ကုန်မြို့တွင်း မြို့နယ်ခုနစ်မြို့တွင် ရောင်းချ လျက်ရှိ သည့် ဈေးသည်များသည် ရန်ကုန်မြို့တော်စည်ပင်၏ သတ် မှတ်ချက်များအရ ညနေ ၃ နာရီမှစတင်ဖွင့်လှစ်ခွင့်ရရှိသော်လည်းစစ်ဆေးရေးရှိသည့် ရက်များတွင် ဖွင့်လှစ်ခွင့်မပေးခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း လမ်းဘေး စားသောက် ဆိုင်ပိုင်ရှင်များက ပြောသည်။

7Day DAILY 

ရန်ကုန်မြို့ရှိ လမ်းဘေးထမင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
ရန်ကုန်မြို့ရှိ လမ်းဘေးထမင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
 မြန်မာနိုင်ငံစားသောက် ဆိုင်လုပ်ငန်းရှင်များအသင်းက လမ်းဘေးစားသောက်ဆိုင်များကို အဆင့်မြင့် စားသောက်ဆိုင်များအဖြစ် ရပ်တည်နိုင်ရန် သြဂုတ်လမှစ၍ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘လမ်းဘေးမှာ ရောင်းချနေ တဲ့ စားသောက်ဆိုင်တွေအနေနဲ့ သန့်ရှင်းဖို့ အရေးကြီးတယ်။ လမ်းဘေး မှာ ရောင်း ချနေရပေမယ့် လည်း အဆင့်အတန်းမြင့်တဲ့ စား သောက်ဆိုင်အဆင့် ထိရောက်ရှိ လာဖို့ အ တွက် ထောက်ပံ့ပေးသွား မယ်’’ဟု မြန်မာနိုင်ငံစားသောက် ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဉာဏ်လင်း က ပြောသည်။

မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ ယခုလ အတွင်း ရန်ကုန်မြို့ရှိ မြို့တွင်း မြို့နယ် ခုနစ်မြို့ ရှိ တစ်မြို့နယ်လျှင် စားသောက်ဆိုင်နှစ်ဆိုင်နှုန်းဖြင့် စားသောက်ဆိုင် ၁၄ ဆိုင် ရွေး ချယ်ကာ ထောက် ပံ့ပေး သွားမည် ဖြစ်သည်။ ဆက်လက်၍လည်း ဆိုင်အရေအတွက် တိုးကာထောက်ပံ့ မည်ဖြစ်ပြီး လာမည့် နှစ်များတွင်  ရန်ကုန်မြို့သာမက နိုင်ငံတစ်ဝန်းရှိ စားသောက်ဆိုင်များအား ထောက် ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ကူညီပံ့ပိုးပေးမည့် ပစ္စည်း များမှာ ပရိဘောဂအသုံးအ ဆောင်ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ ပန်းကန်၊ ခွက် ယောက်၊ ဇွန်း၊ ခက်ရင်း၊ ယင်လုံ ဆန်ခါ၊ ယင်လုံမှန်အိမ်များ၊ ပလတ်စတစ်ပစ္စည်းများ၊ ရင်ကာ၊ခေါင်းဆောင်း၊ လက်အိတ်များ စသည့် ကူညီပံ့ပိုးပေးခြင်းနှင့် ဆိုင်အားဆေးသုတ် မွမ်းမံပြင် ဆင်ပေး ခြင်းတို့အပြင် ကျန်းမာရေးစစ် ဆေးပေးခြင်းနှင့် အခြေခံအစား အသောက်ဝန်ဆောင်မှုသင်တန်း ပို့ချခြင်းများပါ ဆောင်ရွက်ပေး သွားမည်ဟု ဆိုသည်။

‘‘ဒီနှစ်မှာ မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသွား သုံးသန်း လောက်ဝင်ရောက်ဖို့အတွက် မျှော်မှန်းထားတယ်။ ဒီနိုင်ငံခြား သားတွေ လာရောက်လည်ပတ် တဲ့အခါမှာ လမ်းဘေးဈေးဆိုင် တွေမှာ စားသောက်လေ့ရှိကြ တယ်။ အဲဒီတော့ လမ်းဘေးစား သောက်ဆိုင်တွေအနေနဲ့ သန့်ရှင်း သပ်ရပ်တဲ့စားသောက် ဆိုင်တွေ ဖြစ်လာဖို့ အရေးကြီးတယ်’’ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်တွဲဖက် အတွင်းရေးမှူး ဦးခင်အောင်ထွန်းက ပြောသည်။

‘‘စည်ပင်ကချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ အရေးကြီးတယ်။ စားသောက်ဆိုင်တွေကို အဆင့်မြင့် စား သောက်ဆိုင်တွေအဖြစ် ရပ်တည်နိုင်ဖို့အတွက် ရေရှည်စီမံကိန်း များ ရေးဆွဲပြီး ထောက် ပံ့ပေးသွားမယ်’’ဟု အသင်းအတွင်းရေးမှူး ဦးကျော်မြတ်မိုးက ပြောသည်။

အခုလက်ရှိ ရန်ကုန်မြို့တွင်း မြို့နယ်ခုနစ်မြို့တွင် ရောင်းချ လျက်ရှိသည့် ဈေးသည်များသည် ရန်ကုန်မြို့တော်စည်ပင် ၏ သတ် မှတ်ချက်များအရ ညနေ ၃ နာရီမှစတင်ဖွင့်လှစ်ခွင့် ရရှိသော်လည်း စစ်ဆေးရေးရှိသည့် ရက်များတွင် ဖွင့်လှစ်ခွင့်မပေးခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း လမ်းဘေး စားသောက် ဆိုင်ပိုင်ရှင်များက ပြောသည်။

7Day DAILY

No comments:

Post a Comment