Wednesday 20 August 2014

ပါကစ္စတန်မှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြမှု ပိုမို ပြင်းထန်လာ

Photo: ပါကစ္စတန်မှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြမှု ပိုမို ပြင်းထန်လာ
Wednesday, August 20, 2014

ပါကစ္စတန်မှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြပြီး ပါလီမန်ဘက်ကို ချီတက်နေတဲ့ သောင်းချီတဲ့ လူအုပ်ကြီးကို ထိပ်တိုက်ရင်ဆိုင်ဖို့ အလားအလာများတာကြောင့် ရဲတွေနဲ့ စစ်တပ်တွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။

အနီရောင်ဇုန် လို့ခေါ်တဲ့ အစိုးရ အဆောက်အဦးတွေ နဲ့ အနောက်နိုင်ငံက သံရုံးတွေရှိတဲ့ နေရာတွေကို ကာကွယ်ဖို့ အတွက် အဓိက ရုန်းရဲတွေက နေရာယူနေကြပါတယ်။

အဲဒီနေရာတွေမှာ စစ်တပ်တွေ ကိုလည်း ချထားဖို့ ရှိကြောင်း ပါကစ္စတန် ပြည်ထဲရေး ၀န်ကြီးက ပြောဆို လိုက်ပါတယ်။ ဒါဟာ အာဏာ သိမ်းတတ်တဲ့ အင်အားကြီး စစ်တပ်ကလည်း ဆန္ဒပြ သူတွေ ဘက်မှာ ရှိမနေ ဘူးဆိုတာ ပြသလိုတာဖြစ်ပါတယ်။

အတိုက်အခံခေါင်းဆောင် Imran Khan နဲ့ နာမည်ကြီး ဘာသာရေးခေါင်းဆောင် Tahir Ul Qadri ကို ထောက်ခံနေကြတဲ့ လူအုပ်ကြီးက အနီရောင်ဇုန်အပြင်ဘက်မှာ ရက်အတော်ကြာ သပိတ်စခန်းဖွင့်ခဲ့ကြပြီး အခုတော့ အဲဒီ အနီရောင်ဇုန်ထဲကို ၀င်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လက်ရှိဝန်ကြီးချုပ် Nawaz Sharif ကို ရာထူးက ဆင်းပေးဖို့ အတိုက်အခံခေါင်းဆောင် နဲ့ ဆန္ဒပြ ပြည်သူတွေ က တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ABC Radio Australia

ထောင်နဲ့ချီ ချီတက်ဆန္ဒပြနေကြတဲ့ ပြည်သူတွေ (Credit: AFP)
ထောင်နဲ့ချီ ချီတက်ဆန္ဒပြနေကြတဲ့ ပြည်သူတွေ (Credit: AFP)
ပါကစ္စတန်မှာ ​အစိုးရကို ​ဆန့်ကျင်ဆန္ဒပြပြီး ​ပါလီမန်ဘက်ကို ​ချီတက်နေတဲ့ ​သောင်းချီတဲ့ ​လူအုပ်ကြီးကို ​ထိပ်တိုက်ရင်ဆိုင်ဖို့ ​အလားအလာများတာကြောင့် ​ရဲတွေနဲ့ ​စစ်တပ်တွေက ​ကြိုတင်ပြင်ဆင်မှုတွေ ​လုပ်ဆောင်နေကြပါတယ်။
အနီရောင်ဇုန် ​လို့ခေါ်တဲ့ ​အစိုးရ ​အဆောက်အဦးတွေ ​နဲ့ ​အနောက်နိုင်ငံက ​သံရုံးတွေရှိတဲ့ ​နေရာတွေကို ​ကာကွယ်ဖို့ ​အတွက် ​အဓိက ​ရုန်းရဲတွေက ​နေရာယူနေကြပါတယ်။

အဲဒီနေရာတွေမှာ ​စစ်တပ်တွေ ​ကိုလည်း ​ချထားဖို့ ​ရှိကြောင်း ​ပါကစ္စတန် ​ပြည်ထဲရေး ​၀န်ကြီးက ​ပြောဆို ​လိုက်ပါတယ်။ ​ဒါဟာ ​အာဏာ ​သိမ်းတတ်တဲ့ ​အင်အားကြီး ​စစ်တပ်ကလည်း ​ဆန္ဒပြ ​သူတွေ ​ဘက်မှာ ​ရှိမနေ ​ဘူးဆိုတာ ​ပြသလိုတာဖြစ်ပါတယ်။

အတိုက်အခံခေါင်းဆောင် ​Imran ​Khan ​နဲ့ ​နာမည်ကြီး ​ဘာသာရေးခေါင်းဆောင် ​Tahir ​Ul ​Qadri ​ကို ​ထောက်ခံနေကြတဲ့ ​လူအုပ်ကြီးက ​အနီရောင်ဇုန်အပြင်ဘက်မှာ ​ရက်အတော်ကြာ ​သပိတ်စခန်းဖွင့်ခဲ့ ကြပြီး ​အခုတော့ ​အဲဒီ ​အနီရောင်ဇုန်ထဲကို ​၀င်ရောက်ဖို့ ​ဆုံးဖြတ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ​ရွေးကောက်ပွဲမှာ ​မဲမသမာမှုတွေလုပ်ခဲ့တယ်ဆိုတဲ့ ​စွပ်စွဲချက်နဲ့ ​လက်ရှိဝန်ကြီးချုပ် ​Nawaz ​Sharif ​ကို ​ရာထူးက ​ဆင်းပေးဖို့ ​အတိုက်အခံခေါင်းဆောင် ​နဲ့ ​ဆန္ဒပြ ​ပြည်သူတွေ ​က ​တောင်း ဆိုနေကြ တာ ​ဖြစ်ပါတယ်။

ABC Radio Australia

No comments:

Post a Comment