Wednesday 20 August 2014

တရုတ်သို့ ဆန် တရားဝင်တင်ပို့ခွင့်အတွက် တရုတ်ကိုယ်စားလှယ်သုံးဦး လာရောက်ဆွေးနွေးမည်

တရုတ်နိုင်ငံသို့ တရား ၀င်ဆန်တင်ပို့ခွင့်ရရန် လာမည့် စက်တင်ဘာလဆန်းတွင် တရုတ် နိုင်ငံမှ ကိုယ်စား လှယ် သုံးဦးလာ ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း  သတင်းရရှိသည်။
‘‘သူတို့ဆီက ကိုယ်စားလှယ် သုံးဦးကို လွှတ်ပြီးဆွေးနွေးမယ်။ ပြီးရင် ဒီကကိုယ်စားလှယ်တွေက သူတို့ဆီသွားဆွေးနွေးမယ်။ သူ တို့ဆီကိုပို့မယ့် ဆန်အရည်အ သွေးစစ်ဆေးဖို့ သဘောတူပါ တယ်ဆိုပြီး လက်မှတ်ထိုးမယ်။ ပမာဏများများပို့နေတဲ့ ဆန်နဲ့ ပြောင်း နှစ်မျိုးကို တင်ပို့ဖို့  တောင်းဆိုသွားမယ်။ အချိန်က ကြာဦးမှာ ဆိုတော့ ၂၀၁၄ မှာတောင် တ ရားဝင်ပို့ခွင့်ရမလားဆိုတာ မသိ သေးဘူး’’ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဒေါက်တာစိုးထွန်း ကပြောသည်။

တရုတ်မှ ကိုယ်စားလှယ် သုံးဦးသည် မြန်မာနိုင်ငံရှိ ဆန် ဓာတ်ခွဲခန်းကြည့်ရှုခြင်းနှင့် ဆန် အရည်အသွေး စစ်ဆေးခြင်းနှင့်ပတ်သက်၍ လာရောက်ဆွေးနွေးမည်ဖြစ်သည်။ ဆွေးနွေးပွဲပြီးပါက တရားဝင်တင်ပို့ခွင့်ရရှိ ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးသွားမည်ဟုဆိုသည်။

မြန်မာနိုင်ငံသည် တရုတ် နိုင်ငံသို့ နယ်စပ်လမ်းကြောင်းမှ တရားမ၀င်ဆန်တင်ပို့မှု ၆၀ ရာ ခိုင်နှုန်းရှိပြီး ယခုအခါ တရုတ်နိုင်ငံအစိုးရက စီမံချက်ဖြင့် တရားမ၀င် ဆန်တင်ပို့မှုဖမ်းဆီးနေ၍ တရားဝင်ဆန်တင်ပို့ခွင့် ရရှိရေး ကြိုးပမ်းနေခြင်းဖြစ်သည်။

တရုတ်မှ မြန်မာ့ဆန်များကိုဖမ်းဆီမှုကြောင့် ယခင် တစ်ရက်လျှင် ဆန်တန်ချိန် ခြောက်ထောင်ခန့် တင်ပို့နေ ရာမှ ယခုအခါ နှစ်ထောင့်ခန့်သာ တင်ပို့နိုင်သည်။ထို့ကြောင့် တရုတ်သို့ ဆန်တရားဝင်တင်ပို့ခွင့်ရရေးကို ကြိုးပမ်းမည်ဖြစ်ပြီး၊ တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ခေါ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က 7Day နှင့်သီးသန့်အင်တာဗျူးတွင် ပြောကြားထားသည်။

‘‘အဓိကက ရောင်းတဲ့စနစ် ကို ပြင်ရမှာ။ ကျွန်တော်တို့ဆီက တရုတ်ကို အကြွေးရောင်းတယ်။ ဖမ်းတယ်၊ ဆီးတယ် ကြားတော့ အကြွေးသမားတွေက မပေးချင် ကြတော့ဘူး။ အဲဒီတော့ ဒီဘက်ကရှုံးရော။ ဗီယက်နမ်ကျတော့ အကြွေးမရောင်းဘူး။ အဲဒီတော့ ဖမ်းလည်းဘာအရေးလဲ။ ကြောက် စရာမလိုဘူးလေ။
အခုလည်းမဖမ်းအောင်လို့တော့ ပြောလို့မရဘူး။ နှစ်နိုင်ငံတရားဝင်တင်သွင်းခွင့်ရ အောင်ပဲ ဆောင်ရွက်လို့ ရမှာပါ’’ ဟု ဒေါက်တာစိုးထွန်းက ပြောသည်။ မြန်မာနိုင်ငံတွင် ဆန်စပါး ထွက်ရှိမှုမှာ တစ်နှစ်လျှင် မက်ထ ရစ်တန်ချိန် ၁၄ သန်းရှိပြီး ပြည်တွင်းစားသုံးမှုမှာမက်ထရစ်တန်ချိန် ၁၂ သန်းရှိကာ ကျန် ၂ သန်းကို ပြည်ပ သို့ တင်ပို့လျက်ရှိသည်။

7Day DAIL

No comments:

Post a Comment