Wednesday 20 August 2014

လူထုဗဟိုပြုစီမံကိန်း နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် တိုးချဲ့ဆောင်ရွက်မည်

လူထုဗဟိုပြု စီမံ ကိန်း သတ်မှတ်ထားသည့် ၁၅ မြို့နယ်အပြင် နိုင်ငံတစ်ဝန်းရှိ အခြားမြို့နယ်များတွင် တိုးချဲ့ ဆောင်ရွက်ရန်ရှိကြောင်း မွေးမြူ ရေး၊ ရေလုပ် ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။
‘‘အီတလီအစိုးနဲ့ ကမ္ဘာ့ဘဏ်တို့ကလည်း ဘဏ္ဍရေးအကူအညီများ ထပ်မံပံ့ပိုးပေးဖို့ ဆွေးနွေးညှိ နှိုင်း လျက်ရှိပါတယ်’’ဟု သြဂုတ် လ ၁၈ ရက်တွင် ပြုလုပ်သော လူ ထုဗဟိုပြုစီမံကိန်း သက်ဆိုင်သူ အားလုံး ပါဝင်သော သုံးသပ်ဆွေး နွေးပွဲ၌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြောကြားခဲ့သည်။

ယင်းစီမံကိန်းကို ကမ္ဘာ ဘဏ်မှ ကူညီထောက်ပံ့ငွေ အမေရိကန်ဒေါ်လာသန်း ၈၀ နှင့် နည်း ပညာပံ့ပိုး ကူညီမှုတို့ဖြင့် အထက်ပါဝန်ကြီးဌာနမှ ဆောင်ရွက်နေ ခြင်း ဖြစ်သည်။ စီမံကိန်းကာလကို၂၀၁၂ ခုနှစ် အော က် တိုဘာလမှ ၂၀၁၉ ခုနှစ်    ဇန်န၀ါရီလအထိ သတ်မှတ်ထားသည်။

လူထုဗဟိုပြုစီမံကိန်းကာလ ပထမနှစ်တွင် မြို့နယ်သုံးမြို့နယ် ဖြစ်သော ချင်းပြည်နယ်ကန်ပက် လက်မြို့ နယ်၊ ရှမ်းပြည်နယ်နမ့် ဆန်မြို့နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး  ကျွန်းစုမြို့နယ်တို့ရှိ ကျေးရွာပေါင်း ၃၉၁ ရွာတွင် အ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးအုန်းမြင့်က  ပြော သည်။

ဆက်လက်၍    စီမံကိန်း ဒုတိယနှစ်တွင် ပြည်ထောင်စုနယ် မြေအပါအ၀င် မြို့နယ်ခြောက်မြို့ နယ်နှင့် တတိယနှစ်တွင် မြို့နယ် ခြောက်မြို့နယ်တို့တွင် အကောင် အထည်ဖော်ရန် သတ်မှတ်ထား သည်။

‘‘ပထမနှစ်အကောင်အ ထည်ဖော်ရာမှာရရှိခဲ့တဲ့ အတွေ့ အကြုံတွေကို အခြေခံသင်ခန်း စာယူပြီး စီမံကိန်း ဒုတိယနှစ်မှာ ပိုပြီးကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေ၊ပြင်ဆင်ဖြည့်စွက်ကြရမှာ ဖြစ် တယ်’’ဟု ဦးဉာဏ်ထွန်း က ပြော သည်။

ဆင်းရဲနွမ်းပါးသော ကျေး လက်လူထုအနေဖြင့် အခြေခံ လူမှု စီးပွားအဆောက်အအုံများနှင့် ၀န် ဆောင် မှုများကို    လူထုဗဟိုပြု စနစ်ကျင့်သုံးတတ်စေရန်၊   ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ကျေးလက်ပြည်သူ လူထု၏     စွမ်းဆောင် ရည်အရည်အသွေးများကို မြှင့် တင်ပေးရန်နှင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ် များကို အရေးပေါ် အခြေအနေအတွက် ထိရောက်စွာတုံ့ပြန်နိုင်စေရန် ယင်းစီမံကိန်းကို အကောင် အထည်ဖော်ခဲ့ခြင်းဖြစ် ကြောင်း ဦးအုန်းမြင့်က ပြော သည်။

ပထမစီမံကိန်းအဖြစ် လုပ်ခဲ့ သော မြို့နယ်သုံးမြို့နယ်မှ လိုအပ်ချက် အကြံပြုချက်ပေါင်း ၂၆၇ ခု ရှိခဲ့ပြီး ၂၂၉ ခုကို ဖြေရှင်းခဲ့ကာကျန်ရှိသည့် အချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများက ဖြေရှင်းပေးနေကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment