Wednesday 20 August 2014

ဒဂုန်တာရာကွယ်လွန်ခြင်း တစ်နှစ်ပြည့်

Photo: ဒဂုန်တာရာကွယ်လွန်ခြင်း တစ်နှစ်ပြည့်
Wednesday, August 20, 2014

ငြိမ်းချမ်းရေး၊ ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာကွယ်လွန်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားကို အောင်ပန်းမြို့၊ မယ်ခိုတောင်ရှိ၊ ကုဋာရုံကျောင်းတိုက်တွင် သြဂုတ် ၁၉ ရက် နံနက် ၉ နာရီခွဲ ခန့်က စတင်ကျင်းပသည်။

ဆရာဒဂုန်တာရာ ကွယ်လွန်သွားခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် သြဇာကြီးသူ တစ်ဦးဆုံးရှုံးရခြင်းဟု မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဦးထက်မြက်က ပြောသည်။

“ဆရာကြီး ဒဂုန်တာရာရဲ့ ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာဆိုတဲ့ ငြိမ်းချမ်းရေး အဘိဓမ္မာကို ဆက်လက်ရှင်သန်အောင် စာပေသမား၊ နိုင်ငံရေးသမားတွေပါ ကိုင်စွဲသွားဖို့ လိုတယ်”ဟု ၎င်းက ဆိုသည်။

ပြည်တွင်းစစ်နှစ်ပေါင်း ၆၀ ကျော် ကြာဖြစ်ပွားခဲ့ပြီး အပစ်ရပ်စဲရေး မတည်ဆောက်နိုင်သေးခြင်းသည် ပြည်တွင်းတွင် ခိုင်မာသည့် ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့ရန် လိုအပ်ချက်ရှိနေ၍ဖြစ်သည်ဟု အောက်မေ့ဖွယ်စကားတွင် ဦးထက်မြက်က ထည့်သွင်းပြောဆိုသည်။

အောင်ပန်းမြို့ခံ လူငယ်ကဗျာဆရာ တစ်ဦးဖြစ်သူ ကိုအိန္ဒက “ဆရာကြီး ပြောသွားတာ တစ်ခုရှိပါတယ်။ ကဗျာဖြစ်ဖြစ်၊ စာဖြစ်ဖြစ် နှလုံးသားက လာတဲ့ ငြိမ်းချမ်းရေးတရားနဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်လာတဲ့အရာဟာ အနုပညာရသကို ပိုပြီးတော့ ပန်းနုရောင်ဆန်စေတယ်ဆိုတဲ့ စကားလုံးလှလှပြောသွားတာ အမှတ်တရဖြစ်တယ်”ဟု မဇ္ဈိမကို ပြောသည်။

မယ်ခိုတောင်ရှိ ဂူဗိမာန်ပါဖွင့်ရန် မူလက စီစဉ်သော်လည်း မပြီး၍ မေ ၁၀ရက် ဆရာကြီးဒဂုန်တာရာ၏ ၉၅ နှစ်ပြည့်မွေးနေ့တွင်မှ ဖွင့်ရန် စီစဉ်ထားသည်ဟု ဂူဗိမာန်စောင့်ရှောက်ရေး ကော်မတီဒု-ဥက္ကဋ္ဌ၊ စာရေးဆရာ ဦးထက်မြက်က ပြောသည်။ အခမ်းအနားသို့ နယ်ပယ်အသီးသီးမှ လူဦးရေ ၁၀၀ ခန့် တက်ရောက်သည်။

“ဆရာဒဂုန်တာရာ တစ်သက်တာလုံး ကြိုးပမ်းဆောင်ရွက်သွားတဲ့ စာပေအလုပ်၊ ငြိမ်းချမ်းရေးအလုပ်၊ ပြည်သူ့အကျိုးပြုအလုပ်တွေကို မြတ်နိုးလေးစားကြပြီးတော့ မေတ္တာရိပ်နဲ့ရောက်ရှိ လာကြတာဖြစ်တယ်” ဟု ဒဂုန်တာရာ ဂူဗိမ္ဗာန်စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအံ့မောင်က ပြောသည်။

Mizzima - News in Burmese 

အောင်ပန်းမြို့၊ မယ်ခိုတောင်တွင် ဆရာကြီးဒဂုန်တာရာ၏ ဂူဗိမာန်တည်ဆောက်နေသည်ကို ဩဂုတ် ၁၉ ရက်က တွေ့မြင်ရစဉ်။ ဂူဗိမာန်ကို ဆရာကြီး၏ ၉၅နှစ်မြောက် မွေးနေ့ မေ ၁၀ ရက် အပြီးတည်ဆောက်ရန် စီစဉ်နေသည်။ ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း

ငြိမ်းချမ်းရေး၊ ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာကွယ်လွန်ခြင်း တစ်နှစ်ပြည့်အထိမ်း အမှတ် အောက်မေ့ဖွယ်အခမ်းအနားကို အောင်ပန်းမြို့၊ မယ်ခိုတောင်ရှိ၊ ကုဋာရုံကျောင်းတိုက်တွင် သြဂုတ် ၁၉ ရက် နံနက် ၉ နာရီခွဲ ခန့်က စတင်ကျင်းပသည်။
ဆရာဒဂုန်တာရာ ကွယ်လွန်သွားခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် သြဇာကြီးသူ တစ်ဦးဆုံးရှုံး ရခြင်း ဟု မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဦးထက်မြက်က ပြောသည်။

“ဆရာကြီး ဒဂုန်တာရာရဲ့ ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာဆိုတဲ့ ငြိမ်းချမ်းရေး အဘိဓမ္မာကို ဆက်လက်ရှင်သန်အောင် စာပေသမား၊ နိုင်ငံရေးသမားတွေပါ ကိုင်စွဲသွားဖို့ လိုတယ်”ဟု ၎င်းက ဆိုသည်။

ပြည်တွင်းစစ်နှစ်ပေါင်း ၆၀ ကျော် ကြာဖြစ်ပွားခဲ့ပြီး အပစ်ရပ်စဲရေး မတည်ဆောက်နိုင်သေးခြင်း သည် ပြည် တွင်း တွင် ခိုင်မာသည့် ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့ရန် လိုအပ်ချက်ရှိနေ၍ဖြစ်သည်ဟု အောက်မေ့ဖွယ်စကားတွင် ဦးထက်မြက်က ထည့်သွင်းပြောဆိုသည်။

အောင်ပန်းမြို့ခံ လူငယ်ကဗျာဆရာ တစ်ဦးဖြစ်သူ ကိုအိန္ဒက “ဆရာကြီး ပြောသွားတာ တစ်ခုရှိပါတယ်။ ကဗျာဖြစ်ဖြစ်၊ စာဖြစ်ဖြစ် နှလုံးသားက လာတဲ့ ငြိမ်းချမ်းရေးတရားနဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်လာတဲ့အရာဟာ အနုပညာရသကို ပိုပြီးတော့ ပန်းနုရောင်ဆန်စေတယ်ဆိုတဲ့ စကားလုံးလှလှပြောသွားတာ အမှတ် တရဖြစ်တယ်”ဟု မဇ္ဈိမကို ပြောသည်။

မယ်ခိုတောင်ရှိ ဂူဗိမာန်ပါဖွင့်ရန် မူလက စီစဉ်သော်လည်း မပြီး၍ မေ ၁၀ရက် ဆရာကြီးဒဂုန်တာရာ၏ ၉၅ နှစ်ပြည့်မွေးနေ့တွင်မှ ဖွင့်ရန် စီစဉ်ထားသည်ဟု ဂူဗိမာန်စောင့်ရှောက်ရေး ကော်မတီဒု-ဥက္ကဋ္ဌ၊ စာရေးဆရာ ဦးထက်မြက်က ပြောသည်။ အခမ်းအနားသို့ နယ်ပယ်အသီးသီးမှ လူဦးရေ ၁၀၀ ခန့် တက်ရောက်သည်။

“ဆရာဒဂုန်တာရာ တစ်သက်တာလုံး ကြိုးပမ်းဆောင်ရွက်သွားတဲ့ စာပေအလုပ်၊ ငြိမ်းချမ်းရေးအလုပ်၊ ပြည် သူ့ အကျိုးပြုအလုပ်တွေကို မြတ်နိုးလေးစားကြပြီးတော့ မေတ္တာရိပ်နဲ့ရောက်ရှိ လာကြတာဖြစ်တယ်” ဟု ဒဂုန်တာရာ ဂူဗိမ္ဗာန်စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအံ့မောင်က ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment