Wednesday 20 August 2014

မြစ်ကြီးနားမှ ဖားကန့်သို့ မိုင် ၁၀၀ သာ ကွာဝေးသော်လည်း အနည်းဆုံး ၁၀ နာရီအထက် မောင်းနှင်နေရပြီး ခရီးသည်များ ခရီးစရိတ်များနှင့် ကုန်တင်ခများ မြင့်တက်နေ

Photo: မြစ်ကြီးနားမှ ဖားကန့်သို့ မိုင် ၁၀၀ သာ ကွာဝေးသော်လည်း အနည်းဆုံး ၁၀ နာရီအထက် မောင်းနှင်နေရပြီး ခရီးသည်များ ခရီးစရိတ်များနှင့် ကုန်တင်ခများ မြင့်တက်နေ
Wednesday, August 20, 2014

မြစ်ကြီးနားမှ ဖားကန့်သို့ မိုင် ၁၀၀ သာ ကွာဝေးသော်လည်း အနည်းဆုံး ဆယ်နာရီအထက် မောင်းနှင်နေရပြီး ခရီးသည်များအတွက် ခရီးစရိတ်များ၊ ကုန်တင်ခများလည်း မြင့်တက်နေကြောင်း သိရသည်။

ဖားကန့်ဒေသခံ ခရီးသည် ဦးစိန်လှမောင်က “မိုင် ၁၀၀ ဆိုတာ ဝေးတဲ့ခရီးတစ်ခု မဟုတ်ဘူး။ ကားခချည်းပဲ သုံးသောင်းကျတယ်။ လမ်းမကောင်းတော့ ကုန်ဈေးနှုန်းလည်း အဆမတန်တက်တယ်။ ဖားကန့်မှာ ထမင်းတစ်ခါစား နှစ်ထောင်ငါးရာ အနည်းဆုံးပဲ။ ဖားကန့်ဒေသကထွက်တဲ့ ကျောက်စိမ်းကြောင့် ကျပ်ဘီလျံချီပြီး နှစ်စဉ်ရနေတဲ့ ဒေသမှာ လမ်းကောင်းကောင်းတော့ ဖြစ်သင့်နေတာ ကြာပါပြီ” ဟု ဝေဖန်သည်။

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းရှိ နန့်ယားနှင့် နန့်တိန်းကြား ဖားကန့်ဖက်ကျောက်ထုတောင်အတက် (ဒေသခေါ်ရုံးတောင်) အတက်ဘက်တွင် ကားများဘီးချော်မှုများ ဖြစ်ပွားကာ သြဂုတ် ၁၆ ရက် နံနက် ၁၀ နာရီမှ သြဂုတ် ၁၇ ရက် နံနက်ပိုင်းအထိ ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး တစ်ရက်ကျော်ကြာ လမ်းပိတ်ပြီးနောက် လမ်းပိုင်းဆိုးရွားမှုများ ရှိနေသော်လည်း ကားများပုံမှန် သွားလာနေကြောင်း သိရသည်။

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းတွင် ဖြတ်လမ်းတစ်ခုဖြစ်သည့် နမ္မတီး-လ၀ါး-ကာမိုင်း လမ်းပိုင်းမှာ တောင်ကျရေကြောင့် ကားငယ်များသွားလာ၍မရသည့် အခြေအနေရောက်နေကြောင်း ကားသမားများက ဆိုသည်။ ကာမိုင်း-မအူပင်လမ်းပိုင်းမှာ အချို့နေရာများတွင် ရေကျော်နေမှုများ ဖြစ်ပေါ်နေကာ ကားငယ်များမှာ ကာမိုင်း-စီအင်-မအူပင်ပတ်လမ်းကိုသာ အသုံးပြုနေရကြောင်း သိရသည်။

ကားဆရာ ဦးစိန်ဝင်းက “ကားငယ်တွေ ဆယ်စီးကျော်လောက် ကာမိုင်း-မအူပင်လမ်းကနေ ပြန်ဆုတ်လာရတယ်။ အိတ်ဇောပိုက်မြုပ်ပြီး အင်ဂျင်ထဲရေ၀င်နိုင်တယ်။ နန့်ယားအ၀င်နဲ့ ကပ်မှော်ဇွပ်ရွာထဲမှာရယ်၊ ရုံးတောင်အဆင်းရယ် အခြေအနေ အတော်ဆိုးနေတယ်။ လမ်းပဲ တဖြည်းဖြည်းဆိုးလာတာ ပြင်တဲ့အဖွဲ့လည်း မရှိဘူး” ဟုဆိုသည်။

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းတွင် ကာမိုင်း-မအူပင်-နန့်ယား-ကပ်မော်စွပ်-နမော်စွပ်-ချောင်းဆုံ-တံတားညီနောင်-ပျားအုံ-စသည့် ကျေးရွာလမ်းပိုင်းများတွင် ဆိုးရွားစွာ ပျက်စီးနေကြောင်း သိရသည်။

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းအား ဖားကန့်ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်များမှ ငွေကောက်ခံ၍ ကျပ်သန်းပေါင်း ၃၆၀၀ ကျော် အကုန်အကျခံကာ တည်ဆောက်ရန် နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်က ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် စီစဉ်ခဲ့ပြီး ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

Eleven Media Group 

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
မြစ်ကြီးနား-ဖားကန့်လမ်းပိုင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
မြစ်ကြီးနားမှ ဖားကန့်သို့ မိုင် ၁၀၀ သာ ကွာဝေးသော်လည်း အနည်းဆုံး ဆယ်နာရီအထက် မောင်းနှင်နေ ရပြီး ခရီးသည်များအတွက် ခရီးစရိတ်များ၊ ကုန်တင်ခများလည်း မြင့်တက်နေကြောင်း သိရသည်။
ဖားကန့်ဒေသခံ ခရီးသည် ဦးစိန်လှမောင်က “မိုင် ၁၀၀ ဆိုတာ ဝေးတဲ့ခရီးတစ်ခု မဟုတ်ဘူး။ ကားခချည်းပဲ သုံးသောင်းကျတယ်။ လမ်းမကောင်းတော့ ကုန်ဈေးနှုန်းလည်း အဆမတန်တက်တယ်။ ဖားကန့်မှာ ထမင်းတစ်ခါစား နှစ်ထောင်ငါးရာ အနည်းဆုံးပဲ။ ဖားကန့်ဒေသကထွက်တဲ့ ကျောက်စိမ်းကြောင့် ကျပ်ဘီလျံချီပြီး နှစ်စဉ်ရနေတဲ့ ဒေသမှာ လမ်းကောင်းကောင်းတော့ ဖြစ်သင့်နေတာ ကြာပါပြီ” ဟု ဝေဖန် သည်။

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းရှိ နန့်ယားနှင့် နန့်တိန်းကြား ဖားကန့်ဖက်ကျောက်ထုတောင်အတက် (ဒေသခေါ် ရုံးတောင်) အတက်ဘက်တွင် ကားများဘီးချော်မှုများ ဖြစ်ပွားကာ သြဂုတ် ၁၆ ရက် နံနက် ၁၀ နာရီမှ သြဂုတ် ၁၇ ရက် နံနက်ပိုင်းအထိ ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး တစ်ရက်ကျော်ကြာ လမ်း ပိတ်ပြီးနောက် လမ်းပိုင်းဆိုးရွားမှုများ ရှိနေသော်လည်း ကားများပုံမှန် သွားလာနေကြောင်း သိရသည်။

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းတွင် ဖြတ်လမ်းတစ်ခုဖြစ်သည့် နမ္မတီး-လ၀ါး-ကာမိုင်း လမ်းပိုင်းမှာ တောင် ကျရေကြောင့် ကားငယ်များသွားလာ၍မရသည့် အခြေအနေရောက်နေကြောင်း ကားသမားများက ဆို သည်။ ကာမိုင်း-မအူပင်လမ်းပိုင်းမှာ အချို့နေရာများတွင် ရေကျော်နေမှုများ ဖြစ်ပေါ်နေကာ ကားငယ်များမှာ ကာမိုင်း-စီအင်-မအူပင်ပတ်လမ်းကိုသာ အသုံးပြုနေရကြောင်း သိရသည်။

ကားဆရာ ဦးစိန်ဝင်းက “ကားငယ်တွေ ဆယ်စီးကျော်လောက် ကာမိုင်း-မအူပင်လမ်းကနေ ပြန်ဆုတ်လာရ တယ်။ အိတ်ဇောပိုက်မြုပ်ပြီး အင်ဂျင်ထဲရေ၀င်နိုင်တယ်။ နန့်ယားအ၀င်နဲ့ ကပ်မှော်ဇွပ်ရွာထဲမှာရယ်၊ ရုံးတောင်အဆင်းရယ် အခြေအနေ အတော်ဆိုးနေတယ်။ လမ်းပဲ တဖြည်းဖြည်းဆိုးလာတာ ပြင်တဲ့ အဖွဲ့လည်း မရှိဘူး” ဟုဆိုသည်။

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းတွင် ကာမိုင်း-မအူပင်-နန့်ယား-ကပ်မော်စွပ်-နမော်စွပ်-ချောင်းဆုံ တံတား ညီနောင်-ပျားအုံ-စသည့် ကျေးရွာလမ်းပိုင်းများတွင် ဆိုးရွားစွာ ပျက်စီးနေကြောင်း သိရသည်။

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းအား ဖားကန့်ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်များမှ ငွေကောက်ခံ၍ ကျပ် သန်းပေါင်း ၃၆၀၀ ကျော် အကုန်အကျခံကာ တည်ဆောက်ရန် နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် ကချင်ပြည်နယ် ၀န်ကြီးချုပ်က ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် စီစဉ်ခဲ့ပြီး ဆက်လက်အကောင်အထည်ဖော်နိုင် ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment