Wednesday 20 August 2014

အစ္စလာမ္မစ်စစ်သွေးကြွများက အမေရိကန် ဂျာနယ်လစ်တစ်ဦး ကို ခေါင်းဖြတ် သတ်လိုက်ကြောင်း ထုတ်ပြန်


အစ္စလာမ္မစ်စစ်သွေးကြွ IS အဖွဲ့က အမေရိကန်ဂျာနယ်လစ်ဂျိမ်းစ်ဖိုလေကို ခေါင်းဖြတ်သတ်လိုက် ကြောင်း သြဂုတ် ၁၉ ရက်က ထုတ်ပြန်ကြေညာ လိုက်သည်။


အီရတ်နိုင်ငံမှ မိမိတို့၏ တပ်ဖွဲ့များကို အမေရိကန်စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုကို လက်တုန့်ပြန် သည့် အနေဖြင့် ယခုကဲ့သို့ သတ်ဖြတ်ခြင်းဖြစ်ကြောင်း ကြေညာထားသည်။

ဂျိမ်းစ်ဖိုလေသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက ဆီးရီးယားနိုင်ငံတွင် လက်နက်ကိုင်များ၏ ဖမ်းဆီးခြင်း ကို ခံခဲ့ရပြီးချိန်မှ စ၍ ပျောက်ဆုံးနေခဲ့သည်။ မျက်နှာဖုံးစွပ်စစ်သွေးကြွတစ်ဦးက ၎င်းအား သတ်ဖြတ် မည့်ပုံကို ရိုက်ကူးထားသော ဗီဒီယိုအား IS အဖွဲ့ က ပြသခဲ့သည်။

အဆိုပါ ဗီဒီယိုထွက်ပေါ်လာပြီးနောက် အလွတ်သတင်းထောက်တစ်ဦးဖြစ်သူ အသက် ၄၀ အရွယ် ဖိုလေ အား ၀ိုင်းဝန်းရှာဖွေပေးရန် ၎င်းတို့ မိသားစုက အကူအညီများ တောင်းခံခဲ့ပြီး သတ်ဖြတ်ခံ လိုက်ရပြီဆို သည်မှာ ဟုတ်၊မဟုတ် စုံစမ်းရဦးမည်ဟု ပြောကြားသည်။

ဝါရင့်သတင်းထောက်တစ်ဦးဖြစ်သူ ဖိုလေသည် လစ်ဗျားပြည်တွင်းစစ်တွင်လည်း သတင်းများယူခဲ့ပြီး ဆီးရီးယား သမ္မတ ဘာရှာအာဆတ်အား ဖြုတ်ချရန်ဆန္ဒပြပွဲ သတင်းများကိုလည်း Global Post သတင်း ဌာန၊ အေအက်ဖ်ပီနှင့် အခြားသတင်းဌာနများအတွက် လုပ်ကိုင်ပေးခဲ့ သည်။

ဖိုလေသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ဆီးရီးယားနိုင်ငံမြောက်ပိုင်း အီဒီလစ်ပြည်နယ် တွင် သေနတ်သမားများ၏ ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ ဖိုလေ ၏ မိသားစုကလည်း ထိုအချိန်မှစ၍ ၎င်းနှင့် အဆက်မသွယ်မရရှိတော့ကြောင်း သိရသည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment