Tuesday 29 July 2014

မြန်မာကလေးငယ် ထက်ဝက်ခန့် အာဟာရချို့တဲ့၍ အရပ်ပုနေ

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၌ အာဟာရချို့တဲ့မှုနှုန်း တတိယမြောက် အမြင့်ဆုံးနိုင်ငံဖြစ်ပြီး အာဟာရ ချို့တဲ့မှုကြောင့် ကလေးငယ်ထက်ဝက်ခန့်မှာ အရပ်ပုနေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ထုတ်ပြန်သည်။
အရှေ့တောင်အာရှ၌ အာဟာရချို့တဲ့မှုနှုန်း တတိယ အမြင့် ဆုံးဖြစ်နေသော မြန်မာ နိုင်ငံတွင် ကလေးငယ် ထက်ဝက် နီးပါးသည် အာဟာရ ချို့တဲ့ မှု ကြောင့် အရပ်ပုနေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ ထက်ဝက်နီး ပါးသော ကလေးငယ်များသည် ၎င်းတို့ အသက် အရွယ်နှင့်နှိုင်းယှဉ် လျှင် အရပ် အလွန်ပုနေပြီးအရှေ့ တောင်အာရှတွင် အာဟာရ ချို့တဲ့မှုနှုန်း တတိယမြောက်ဖြစ် ကြောင်း ကမ္ဘာ့စားနပ် ရိက္ခာ အစီ အစဉ်၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအ စဉ်သည် မြန်မာနိုင်ငံတွင် ၂၀၁၃ မှ ၂၀၁၅ခုနှစ်ထိ စီမံကိန်း အ ကောင် အထည်ဖော်ဆောင်ရွက် နေပြီး ၂၀၁၃ ဇန်န၀ါရီမှ ၂၀၁၄ ဇွန်လအထိလုပ်ငန်း အစီရင်ခံစာ ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

ယင်းကာလအတွင်း မကွေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့မှ အသက် ၂ နှစ် အောက် မွေးကင်းစ၊ အသက် ငါးနှစ်အောက်ကလေးငယ်လေး သောင်းကျော်၊ ကိုယ် ၀န်ဆောင် နှင့် အမျိုးသမီး ကိုးထောင့်ငါးရာ အတွက် အစားအစာဖြည့်ဆည်း ထောက်ပံ့ပေးခဲ့ကြောင်း သိရှိ ရသည်။

အထက်ပါ ဒေသများတွင် ကလေးငယ် အများအပြားသည် ခန္ဓာကိုယ် အလေးချိန် ကျဆင်းမှု နှင့် ရင်ဆိုင်နေ ရပြီး ကလေးငယ် များ၊ ကိုယ်ဝန်ဆောင်နှင့် မိခင်များ အတွက် အလေးချိန်ကျဆင်းမှု ကာကွယ်တားဆီးရန် အစားအ စာ ထောက် ပံ့ပေးခဲ့ခြင်း ဖြစ် ကြောင်းဆိုသည်။

မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ များတွင် ကာလရှည်ကြာ အာဟာ ရချို့တဲ့မှု အခြေအနေသို့ရောက်ရှိ ခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့သည် ကာလရှည်အာဟာရချို့တဲ့ခြင်း (သို့မဟုတ်) ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနိမ့် ကျနေခြင်းတို့ကို တိုက်ဖျက်ရန် ဆောင် ရွက်နေကြောင်းအစီရင်ခံ စာတွင်ရေးသား ထားသည်။

အထက်ပါအခြေအနေများ အတွက် လူအများပိုမိုသတိပြုမိ လာစေရန်နှင့် ထိရောက်မှုရှိစေရန် ကိုယ်ဝန်ဆောင်နှင့် မိခင်များ အား မိခင်နှင့် ကလေး စောင့် ရှောက်မှုပညာပေးအစီအစဉ်များ ကို ကမ္ဘာ့စား နပ်ရိက္ခာအစီအစဉ်နှင့် မိတ်ဖက်အဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်သည် ၂၀၁၃-၁၄ခုနှစ်တွင်အ စားအစာဖူလုံမှုနှင့် ဆင်းရဲမှုစစ် တမ်းကို အပူပိုင်းဇုန်၌စတင်၍ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ချင်း၊ ကချင်၊ ရှမ်းပြည်နယ်များသို့ ချဲ့ထွင်ခဲ့သည်။

ယင်းစစ်တမ်းအတွက် အမေရိကန်ဒေါ်လာ ရှစ်သိန်းငါး သောင်းအသုံးပြုထားပြီး စစ်တမ်း ပြီးဆုံးရန် ကျန်ရှိနေသော ဒေသငါးခုအတွက် ကန်ဒေါ်လာ ငါးသိန်း ထပ်မံလိုအပ်မည်ဖြစ် ကြောင်း အစီရင်ခံစာ တွင်ဖော်ပြ သည်။

7Day DAILY 

No comments:

Post a Comment