Tuesday 29 July 2014

ရခိုင်ပြည်နယ် လေးမြို့နယ်တွင် ယူအင်န်ဒီပီကဒေသန္တရအုပ်ချုပ်ရေးအတွက် လေ့လာမည်

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် ဒေသန္တရအုပ်ချုပ်ရေးအတွက် လေ့လာ မှုများကို ယူအင်န်ဒီပီ(မြန်မာ)မှ လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ မြို့နယ်လေးမြို့ နယ်မှာ သံတွဲ၊ ဂွ၊ ကျောက်တော် နှင့် ရသေ့တောင်မြို့နယ်များဖြစ် ပြီး ယင်းမြို့နယ်များမှ ရပ်ကွက် နှစ်ခုနှင့် ကျေးရွာအုပ်စုလေးခုစီ ကို စစ်တမ်းကောက်ယူမည်ဟု ယူအင်န်ဒီပီ(မြန်မာ)မှ ဒေသန္တရ အုပ်ချုပ်ရေးကျွမ်းကျင်မှု ပညာ ရှင်ဦးအေးလွင်က ပြောသည်။

ဒေသန္တရအုပ်ချုပ်ရေး လေ့ လာမှု လုပ်ငန်းအတွက် နမူနာမြို့ နယ်များ ရွေးချယ်မှုနှင့်ပတ်သက် ၍ အသိပညာပေး ဆွေးနွေးခြင်း နှင့် တိုင်ပင်ညှိနှိုင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁၇ ရက်က စစ်တွေမြို့ မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ယူအင်န်ဒီပီအဖွဲ့အစည်းမှာ ရခိုင်ပြည်နယ်အတွင်း ဆယ်စု နှစ်တစ်ခုခန့်ကြာ ဖွံ့ဖြိုးရေးလုပ် ငန်းများကို ဆောင်ရွက်ခဲ့သော် လည်း ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး နေခဲ့သည်။ ၂၀၁၃ ခုနှစ် ဇူလိုင်မှ စတင်ကာ မြို့နယ်များရှိ ဖွံ့ဖြိုး ရေးလုပ်ငန်းများကို လျှော့ချပြီး ဒေသတွင်း လူမှုအဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နှစ် ခန့်ဆောင်ရွက်ခဲ့သည်။ ယခုအခါ စစ်တွေမြို့တစ်ခုတည်းတွင်သာ ပြည်နယ်ရုံးအဖြစ် ဖွင့်လှစ်ထားရှိ ပြီး ကျန်မြို့နယ်များမှ ရုံးများကို လုပ်ငန်းရပ်ဆိုင်းလိုက်ပြီ ဖြစ် သည်။

7Day DAILY 

No comments:

Post a Comment