Tuesday 29 July 2014

လေယာဉ်ပျက်ကျရာနေရာကို ၀င်ရောက်စုံစမ်း နိုင်ချင်းမရှိသေးသည့် သြစတြေးလျနဲ့ နယ်သာလန်နိုင်ငံတွေက ကျွမ်းကျင်ပညာရှင်များ

Photo: လေယာဉ်ပျက်ကျရာနေရာကို ၀င်ရောက်စုံစမ်း နိုင်ချင်းမရှိသေးသည့် သြစတြေးလျနဲ့ နယ်သာလန်နိုင်ငံတွေက ကျွမ်းကျင်ပညာရှင်များ
Tuesday, July 29, 2014 

ယူကရိန်းအစိုးရတပ်ဖွဲ့တွေနဲ့ ရုရှားလိုလားသူခွဲထွက်ရေးသမားတွေရဲ့ တိုက်ပွဲတွေကြောင့် သြစတြေးလျနဲ့ နယ်သာလန်နိုင်ငံတွေက ကျွမ်းကျင်သူ
တွေဟာ လေယာဉ်ပျက်ကျရာနေရာကို ၀င်ရောက်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ယူကရိန်းစစ်တပ်နဲ့ ရုရှားလိုလားသူခွဲထွက်ရေးသမားတွေကြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေကြောင့် MH17 ပျက်ကျရာနေရာကို သွားရောက်လေ့လာမှုတွေပြုလုပ်မယ့် နယ်သာလန်နဲ့ သြစတြေးလျနိုင်ငံတွေက ကျွမ်းကျင်စုံစမ်းစစ်ဆေးသူတွေဟာ အခင်းဖြစ်ပွားတဲ့နေရာကို ၀င်ရောက် နိုင်ချင်းမရှိသေးဘူးလို့ သြစတြေးလျအကြီးတန်းအရာရှိတစ်ယောက်က ဒီကနေ့မှာ ပြောကြားပါ တယ်။
 
လေယာဉ်ပျက်ကျရာနေရာဟာ ရုရှားလိုလားသူခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ နေရာဖြစ်တာကြောင့် အဆိုပါနေရာလုံခြုံဖို့အတွက် နိုင်ငံတကာက လက်နက်ကိုင်တပ်ဖွဲ့ကို နယ်သာလန်နိုင်ငံက စေလွှတ်ဖို့စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် နယ်သာလန်ဝန်ကြီးချုပ်ကတော့ ဒီသတင်းတွေဟာ သတင်းအမှားတွေဖြစ်ပြီး နောက်ထပ် မတည်ငြိမ်မှုတွေကို မဖြစ်စေလိုတာကြောင့် ယူကရိန်းနိုင်ငံတွင်းကို ဘယ်လက်နက်ကိုင်တပ်ဖွဲ့ကိုမှ စေလွှတ်သွားမှာမဟုတ်ဘူးလို့လည်း တနင်္ဂနွေနေ့တုန်းက တရားဝင်ပြောကြားထားပါတယ်။
 
နယ်သာလန်အာဏာပိုင်တွေကတော့ စုံစမ်းရေးအဖွဲ့ဟာ ဒွန်နက်စ်ဒေသမှာ ဆက်လက်ရှိနေဦးမှာ ဖြစ်ပြီး စုံစမ်းစစ်ဆေးသူတွေဟာ လုံခြုံရေးအခြေအနေတွေကြောင့် အခင်းဖြစ်ပွားရာနေရာကို အချိန်သတ်သတ်မှတ်မှတ်နဲ့ စုံစမ်းစစ်ဆေးနိုင်ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းအစိုးရတပ်တွေနဲ့ ရုရှားလိုလားသူတွေကို အခင်းဖြစ်ပွားရာနေရာအနီးတစ်ဝိုက်မှာ အပစ် အခတ်ရပ်စံထားဖို့အတွက်ကိုလည်း တောင်းဆိုထားတယ်လို့ နယ်သာလန် အာဏာပိုင်တွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

MRTV-4
ယူကရိန်းအစိုးရတပ်ဖွဲ့တွေနဲ့ ရုရှားလိုလားသူခွဲထွက်ရေးသမားတွေရဲ့ တိုက်ပွဲတွေကြောင့် သြစတြေးလျနဲ့ နယ်သာလန်နိုင်ငံတွေက ကျွမ်းကျင်သူ တွေဟာ လေယာဉ်ပျက်ကျရာနေရာကို ၀င်ရောက်နိုင်ခြင်း မရှိသေး ဘူးလို့ သိရပါတယ်။ ယူကရိန်းစစ်တပ်နဲ့ ရုရှားလိုလားသူခွဲထွက်ရေးသမားတွေကြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေကြောင့် MH17 ပျက်ကျရာနေရာကို သွားရောက်လေ့လာမှုတွေပြုလုပ်မယ့် နယ်သာလန်နဲ့ သြစတြေးလျနိုင်ငံတွေက ကျွမ်းကျင်စုံစမ်းစစ်ဆေးသူတွေဟာ အခင်းဖြစ်ပွားတဲ့နေရာကို ၀င်ရောက် နိုင်ချင်းမရှိသေးဘူးလို့ သြစတြေးလျအကြီးတန်းအရာရှိတစ်ယောက်က ဒီကနေ့မှာ ပြောကြားပါ တယ်။

လေယာဉ်ပျက်ကျရာနေရာဟာ ရုရှားလိုလားသူခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ နေရာဖြစ် တာကြောင့် အဆိုပါနေရာလုံခြုံဖို့အတွက် နိုင်ငံတကာက လက်နက်ကိုင်တပ်ဖွဲ့ကို နယ်သာလန် နိုင်ငံက စေလွှတ်ဖို့စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် နယ်သာလန် ၀န်ကြီးချုပ် ကတော့ ဒီသတင်းတွေဟာ သတင်းအမှားတွေဖြစ်ပြီး နောက်ထပ် မတည်ငြိမ်မှုတွေကို မဖြစ်စေလိုတာ ကြောင့် ယူကရိန်းနိုင်ငံတွင်းကို ဘယ်လက်နက်ကိုင်တပ်ဖွဲ့ကိုမှ စေလွှတ်သွားမှာမဟုတ်ဘူးလို့လည်း တနင်္ဂနွေနေ့တုန်းက တရားဝင်ပြောကြားထားပါတယ်။

နယ်သာလန်အာဏာပိုင်တွေကတော့ စုံစမ်းရေးအဖွဲ့ဟာ ဒွန်နက်စ်ဒေသမှာ ဆက်လက်ရှိနေဦးမှာ ဖြစ်ပြီး စုံစမ်းစစ်ဆေးသူတွေဟာ လုံခြုံရေးအခြေအနေတွေကြောင့် အခင်းဖြစ်ပွားရာနေရာကို အချိန်သတ်သတ် မှတ်မှတ်နဲ့ စုံစမ်းစစ်ဆေးနိုင်ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းအစိုးရတပ်တွေနဲ့ ရုရှားလိုလားသူတွေကို အခင်းဖြစ်ပွားရာနေရာအနီးတစ်ဝိုက်မှာ အပစ် အခတ်ရပ်စံထားဖို့အတွက်ကိုလည်း တောင်းဆိုထားတယ်လို့ နယ်သာလန် အာဏာပိုင်တွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment