Tuesday 29 July 2014

အိမ်ဖြူတော်ကို နျူကလီးယား လက်နက်ဖြင့် တိုက်မည်ဟု မြောက် ကိုရီးယား က ခြိမ်းခြောက်

Photo: အိမ်ဖြူတော်ကို နျူကလီးယား လက်နက်ဖြင့် တိုက်မည်ဟု မြောက် ကိုရီးယား က ခြိမ်းခြောက်
Tuesday, July 29, 2014

ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှု မြင့် တက်အောင် အမေရိကန်က ဆောင်ရွက်နေသည်ဟု စွပ် စွဲပြီးနောက် အိမ်ဖြူတော်နှင့် ပင်တဂွန်ကို နျူကလီးယား တိုက်ခိုက်မှုပြုလုပ်မည်ဟု မြောက်ကိုရီးယား၏ ထိပ်တန်း စစ်ဘက်အရာရှိ တစ်ဦးက ခြိမ်းခြောက်လိုက်သည်။

၁၉၅ဝ ပြည့်နှစ်မှ ၁၉၅၃ခုနှစ်အထိဖြစ်ခဲ့သည့် ကိုရီးယားစစ်ကို အဆုံးသတ်စေခဲ့သော စစ်ရပ်စဲရေး သဘောတူညီချက်ရသည့် နှစ်ပတ်လည်နေ့ အခမ်းအနား ကို မြောက်ကိုရီးယားက ရောမစစ်သည်ထု အစုအဝေး ဖြင့် ဇူလိုင် ၂၇ ရက်၌ကျင်းပသည်။ ထိုအခမ်းအနားတွင် စစ်ဘက်အထွေထွေနိုင်ငံရေး ဗျူရိုညွှန်ကြားရေးမှူး ဟွမ် ပျုန်ဆိုကမိန့်ခွန်းပြောသည်။ သူမိန့်ခွန်းပြောစဉ် အထက် ပါအတိုင်းခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့ မကြာသေးမီ ကာလ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆက်တိုက်ပြု လုပ်ခြင်းသည် ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာ မှုကို ပို၍မြင့်တက်လာစေရန်ဆောင်ရွက်ခြင်းဖြစ်သည် ဟု ဟွမ်ကဆိုသည်။ 

တောင်ကိုရီးယားနှင် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်ရာ၌ အမေရိကန်၏ နျူကလီး ယားစွမ်းအားသုံး လေယာဉ်တင် သင်္ဘောချထားခြင်း လည်း ပါဝင်သည်။ ဟွမ်သည် ကိုရီးယားပြည်သူ့တပ်မတော်တွင် ဒုတိယမာရှယ်လ်အဆင့်ရှိသည်။

''အမေရိကန်နယ်ချဲ့က ကျွန်ုပ်တို့ရဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုနဲ့ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက် လာရင် ကျွန်ုပ်တို့ရဲ့ စစ်တပ်တွေက ကျွန်ုပ်တို့ရဲ့ နျူကလီး ယားလက်နက် တပ်ဆင်ထားတဲ့ ဒုံးပျံတွေနဲ့ အိမ်ဖြူ တော်နဲ့ ပင်တဂွန်တို့ကိုပစ်မယ်၊ အိမ်ဖြူတော်နဲ့ ပင်တဂွန် ဆိုတာတွေဟာ မကောင်းမှုအားလုံးတွေရဲ့ ရေသောက် မြစ်တွေဖြစ်တယ်'' ဟု ဇူလိုင် ၂၈ ရက်၌ နိုင်ငံပိုင်ရုပ်မြင် သံကြားမှထုတ်လွှင့်သည့် မိန့်ခွန်းတွင်ထည့်သွင်းပြော ကြားလိုက်သည်။

သို့ရာတွင် မြောက်ကိုရီးယားသည် အမေရိကန်သို့ ရောက်နိုင်သော ဒုံးပျံပိုင်ဆိုင်ရန် အလှမ်းဝေးသေး သည်ဟု ကျွမ်းကျင်သူအများစုက ယုံကြည်ထားသည်။

Ref : AFP
Yangon Media Group
ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှု မြင့် တက်အောင် အမေရိကန်က ဆောင်ရွက်နေသည်ဟု စွပ် စွဲပြီးနောက် အိမ်ဖြူတော်နှင့် ပင်တဂွန်ကို နျူကလီးယား တိုက်ခိုက်မှုပြုလုပ်မည်ဟု မြောက်ကိုရီးယား၏ ထိပ်တန်း စစ်ဘက်အရာရှိ တစ်ဦးက ခြိမ်းခြောက်လိုက်သည်။

၁၉၅ဝ ပြည့်နှစ်မှ ၁၉၅၃ခုနှစ်အထိဖြစ်ခဲ့သည့် ကိုရီးယားစစ်ကို အဆုံးသတ်စေခဲ့သော စစ်ရပ်စဲရေး သဘောတူညီချက်ရသည့် နှစ်ပတ်လည်နေ့ အခမ်းအနား ကို မြောက်ကိုရီးယားက ရောမစစ်သည်ထု အစုအဝေး ဖြင့် ဇူလိုင် ၂၇ ရက်၌ကျင်းပသည်။ ထိုအခမ်းအနားတွင် စစ်ဘက်အထွေထွေနိုင်ငံရေး ဗျူရိုညွှန် ကြားရေးမှူး ဟွမ် ပျုန်ဆိုကမိန့်ခွန်းပြောသည်။ သူမိန့်ခွန်းပြောစဉ် အထက် ပါအတိုင်းခြိမ်းခြောက် လိုက်ခြင်းဖြစ် သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့ မကြာသေးမီ ကာလ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆက်တိုက်ပြု လုပ်ခြင်းသည် ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာ မှုကို ပို၍မြင့်တက်လာစေရန် ဆောင် ရွက်ခြင်းဖြစ် သည် ဟု ဟွမ်ကဆိုသည်။ 

တောင်ကိုရီးယားနှင် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်ရာ၌ အမေရိကန်၏ နျူကလီး ယားစွမ်းအားသုံး လေယာဉ်တင် သင်္ဘောချထားခြင်း လည်း ပါဝင်သည်။ ဟွမ်သည် ကိုရီးယားပြည်သူ့တပ်မတော်တွင် ဒုတိယမာရှယ်လ်အဆင့်ရှိသည်။

''အမေရိကန်နယ်ချဲ့က ကျွန်ုပ်တို့ရဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုနဲ့ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက် လာရင် ကျွန်ုပ်တို့ရဲ့ စစ်တပ်တွေက ကျွန်ုပ်တို့ရဲ့ နျူကလီး ယားလက်နက် တပ်ဆင်ထားတဲ့ ဒုံးပျံတွေနဲ့ အိမ်ဖြူ တော်နဲ့ ပင်တဂွန်တို့ကိုပစ်မယ်၊ အိမ်ဖြူတော်နဲ့ ပင်တဂွန် ဆိုတာတွေဟာ မကောင်းမှုအားလုံးတွေရဲ့ ရေသောက် မြစ်တွေဖြစ်တယ်'' ဟု ဇူလိုင် ၂၈ ရက်၌ နိုင်ငံပိုင်ရုပ်မြင် သံကြားမှထုတ်လွှင့်သည့် မိန့်ခွန်းတွင်ထည့် သွင်းပြော ကြား လိုက်သည်။

သို့ရာတွင် မြောက်ကိုရီးယားသည် အမေရိကန်သို့ ရောက်နိုင်သော ဒုံးပျံပိုင်ဆိုင်ရန် အလှမ်းဝေးသေး သည်ဟု ကျွမ်းကျင်သူအများစုက ယုံကြည်ထားသည်။

Ref : AFP
Yangon Media Group 

No comments:

Post a Comment