Tuesday 29 July 2014

လက်နက်ထိန်းချုပ်ရေး စာချုပ်ကို ရုရှား ဖောက်ဖျက်ခဲ့ကြောင်း အမေရိကန်စွပ်စွဲ

Photo: လက်နက်ထိန်းချုပ်ရေး စာချုပ်ကို ရုရှား ဖောက်ဖျက်ခဲ့ကြောင်း အမေရိကန်စွပ်စွဲ
Tuesday, July 29, 2014

ရုရှားနိုင်ငံသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ခရုစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ်ခြင်းဖြင့် လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း အမေရိကန် အစိုးရက စွပ်စွဲခဲ့သည်။

(၁၉၈၇)ခုနှစ်က သဘောတူ လက်မှတ်ထိုးထားသည့် လက်နက်ထိန်းချုပ်ရေး စာချုပ်ကို ချိုးဖောက်ပြီး ရုရှားက မြေပြင်အခြေစိုက် ခရုစ်ဒုံးကျည် စမ်းသပ်ခဲ့ကြောင်း အမေရိကန် အစိုးရ အရာရှိတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။ အဆိုပါ စာချုပ်အရ ရုရှားသည် ကီလိုမီတာ (၅၀၀)မှ (၅၅၀၀)အတွင်း ခရီးပေါက်နိုင်သည့် ဒုံးကျည်များ စမ်းသပ်ခွင့် မရှိကြောင်းလည်း အဆိုပါ အရာရှိက ဆိုသည်။

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားသည် ယင်းကိစ္စနှင့် စပ်လျဉ်းပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထံသို့ စာတစ်စောင် ပေးပို့ အရေးဆိုခဲ့ကြောင်း သိရသည်။ “ရုရှားနဲ့ ပတ်သက်ပြီး အခုအချိန်မှာတော့ ဒီကိစ္စဟာ တကယ့်ကို လေးနက်တဲ့ အခြေအနေ တစ်ရပ်လို့ ကျွန်တော်တို့ ယူဆရပါမယ်”ဟုလည်း အဆိုပါ အရာရှိက ဆိုသည်။ အမေရိကန်က ရုရှားနှင့် စစ်ဘက်ဆိုင်ရာ ထိပ်တန်းအဆင့် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ရန် ပြင်ဆင်နေကြောင်းလည်း AFP က ဖော်ပြခဲ့သည်။

နယူးယော့ခ်တိုင်းမ် သတင်းစာက (၂၀၀၈)ခုနှစ် ဝန်းကျင်တွင် ရုရှားသည် မြေပြင်အခြေစိုက် ခရုစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်ကာ (၁၉၈၇)ခုနှစ် သဘောတူ စာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း ယခုနှစ် အစောပိုင်းတွင် စတင်ရေးသားခဲ့သည်။ တာလတ်ပစ် နျူကလီးယားလက်နက်စာချုပ် (INF)ဟု အမည်ပေးထားသည့် အဆိုပါ စာချုပ်ကို အမေရိကန် သမ္မတ ရော်နယ်လ်ရေဂင်နှင့် (ယခင်ဆိုဗီယက်) ရုရှားသမ္မတ မစ်ခေးလ် ဂိုဘာချော့ဗ်တို့က လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

_Ref: Channelnewsasia
7Day DAILY
ရုရှားနိုင်ငံသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ခရုစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ်ခြင်းဖြင့် လက်နက် ထိန်းချုပ်ရေး သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း အမေရိကန် အစိုးရက စွပ်စွဲခဲ့သည်။

(၁၉၈၇)ခုနှစ်က သဘောတူ လက်မှတ်ထိုးထားသည့် လက်နက်ထိန်းချုပ်ရေး စာချုပ်ကို ချိုးဖောက်ပြီး ရုရှားက မြေပြင်အခြေစိုက် ခရုစ်ဒုံးကျည် စမ်းသပ်ခဲ့ကြောင်း အမေရိကန် အစိုးရ အရာရှိတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။ အဆိုပါ စာချုပ်အရ ရုရှားသည် ကီလိုမီတာ (၅၀၀)မှ (၅၅၀၀)အတွင်း ခရီးပေါက်နိုင်သည့် ဒုံးကျည်များ စမ်းသပ်ခွင့် မရှိကြောင်းလည်း အဆိုပါ အရာရှိက ဆိုသည်။

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားသည် ယင်းကိစ္စနှင့် စပ်လျဉ်းပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင် ထံသို့ စာတစ်စောင် ပေးပို့ အရေးဆိုခဲ့ကြောင်း သိရသည်။ “ရုရှားနဲ့ ပတ်သက်ပြီး အခုအချိန်မှာတော့ ဒီကိစ္စဟာ တကယ့်ကို လေးနက်တဲ့ အခြေအနေ တစ်ရပ်လို့ ကျွန်တော်တို့ ယူဆရပါမယ်”ဟုလည်း အဆိုပါ အရာရှိက ဆိုသည်။ အမေရိကန်က ရုရှားနှင့် စစ်ဘက်ဆိုင်ရာ ထိပ်တန်းအဆင့် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ရန် ပြင်ဆင်နေကြောင်းလည်း AFP က ဖော်ပြခဲ့သည်။

နယူးယော့ခ်တိုင်းမ် သတင်းစာက (၂၀၀၈)ခုနှစ် ဝန်းကျင်တွင် ရုရှားသည် မြေပြင်အခြေစိုက် ခရုစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်ကာ (၁၉၈၇)ခုနှစ် သဘောတူ စာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း ယခုနှစ် အစောပိုင်းတွင် စတင်ရေးသားခဲ့သည်။ တာလတ်ပစ် နျူကလီးယားလက်နက်စာချုပ် (INF)ဟု အမည်ပေးထားသည့် အဆိုပါ စာချုပ်ကို အမေရိကန် သမ္မတ ရော်နယ်လ်ရေဂင်နှင့် (ယခင်ဆိုဗီယက်) ရုရှားသမ္မတ မစ်ခေးလ် ဂိုဘာချော့ဗ်တို့က လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

Ref: Channelnewsasia
7Day DAILY 

No comments:

Post a Comment