Tuesday 29 July 2014

ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူများ ဇူလိုင် ၃၁ ရက် နောက်ဆုံးထား လျှောက်ထား ရမည်

ပြည်သူများ တန်ဖိုးနည်း အိမ်ရာများ ဝယ်ယူနိုင်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ်ရှိ ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာ စီမံကိန်းရှိ တိုက်ခန်းများကို ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ စာတိုက်မှ တစ်ဆင့် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါ စီမံကိန်းမှ တိုက်ခန်းများသည် ၄၆၈ စတုရန်းရှည်သော ခြောက်ခန်းတွဲ လေးထပ်တိုက် RCC Structure Hall Type ခြောက်လုံးနှင့် Structure Hall Type ၁၈ လုံး စုစုပေါင်း ၂၄ လုံး အခန်းပေါင်း ၅၇၆ ခန်းကို တည်ဆောက်ပြီး ဖြစ်ကြောင်း သိရသည်။

ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ တိုက်ခန်းများ၏ ဈေးနှုန်းများသည် RCC Structure Hall Type ၌ မြေညီထပ် ငွေကျပ် ၁၂၅ သိန်း၊ ပထမထပ် ငွေကျပ် ၁၂၂ သိန်း၊ ဒုတိယထပ် ငွေကျပ် ၁၁၉ သိန်းနှင့် တတိယထပ် ငွေကျပ် ၁၁၆ သိန်း သတ်မှတ်ထားပြီး Steel Structure Hall Type အတွက် မြေညီထပ် ငွေကျပ်သိန်း ၁၂ဝ၊ ပထမထပ် ငွေကျပ် ၁၁၅ သိန်း၊ ဒုတိယထပ် ငွေကျပ် ၁၁၃ သိန်းနှင့် တတိယထပ် ငွေကျပ်သိန်း ၁၁ဝ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခန်းဝယ်ယူ လိုသူများသည် အရစ်ကျငွေ ပေးချေစနစ်ဖြင့် လည်းကောင်း၊ ဘဏ်ချေးငွေ စနစ်ဖြင့် လည်းကောင်း ဝယ်ယူနိုင်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံသား အသက် ၂၅ နှစ်ထက် မငယ်သူ ဖြစ်ရမည် ဖြစ်သည်။

ဝယ်ယူ လိုသူများသည် လစဉ် မိသားစုဝင်ငွေ သုံးသိန်းရရှိရမည် ဖြစ်ပြီး ဝင်ငွေမှာလည်း ငွေကျပ် ခုနစ်သိန်းအထက် ပိုခြင်း မရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစား ဝန်ထမ်းများ၊ ကုမ္ပဏီ ဝန်ထမ်းများနှင့် ဝင်ငွေနည်းသော မိသားစုဝင်များကို ဦးစားပေး၍ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်
မြ၀တီ

No comments:

Post a Comment