Tuesday 29 July 2014

လုံခြုံမှုမရှိသေးသည့် တိုင်းပြည်လက်ရှိအခြေအနေတွင် အချိုးကျကိုယ်စားပြု (PR) စနစ်ကို ကျင့်သုံးရန်မသင့်သေးကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ပြောကြား

Photo: လုံခြုံမှုမရှိသေးသည့် တိုင်းပြည်လက်ရှိအခြေအနေတွင် အချိုးကျကိုယ်စားပြု (PR) စနစ်ကို ကျင့်သုံးရန်မသင့်သေးကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ပြောကြား
Tuesday, July 29, 2014

လုံခြုံမှုမရှိသေးသည့် တိုင်းပြည်၏လက်ရှိအခြေအနေတွင် အချိုးကျကိုယ်စားပြု (PR) စနစ်ကို ကျင့်သုံးရန်မသင့်သေးကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဌေးနိုင်က ဇူလိုင်  ၂၈ ရက်တွင် ပြောကြားသည်။
    
"ကျွန်တော့်အမြင်အရဆိုရင် လက်ရှိအခြေအနေနဲ့ဆိုရင် အချိန်မတန်သေးဘူးလို့ ယူဆတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ လက်ရှိအခြေအနေအရ တည်ငြိမ်မှုပဲရှိတယ်။ လုံခြုံမှုမရှိသေးဘူး။ ပြဿနာဆိုတာ အမြောက်အမြားကြီးဖြစ်လာနိုင်တယ်။ အခုဆိုရင်လည်း အမျိုးမျိုးကွဲပြားနေတယ်။ တစ်ယောက်တစ်မျိုးဖြစ်နေတဲ့အခါကျတော့ လုပ်မယ်ဆိုရင် လောလော ဆယ် လုပ်ဖို့ မသင့်သေးဘူးလို့ ယူဆပါတယ်" ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဌေးနိုင်က သတင်းထောက်များအား ပြောကြားသည်။
    
PR စနစ်နှင့်ပတ်သက်၍ ဗိုလ်မှူးကြီးဌေးနိုင်က လွှတ်တော်၌ဆွေးနွေးရာတွင် "မိမိတို့နိုင်ငံအနေဖြင့် FPTP စနစ်ကိုသာသိရှိပြီး PR စနစ်ဆိုတာကိုတော့ အလေ့အကျင့်မရှိသလို လူနည်းစုလောက်သာသိရှိတဲ့စနစ်ဖြစ်ပြီး သာမန်ပြည်သူများအနေဖြင့်တော့ ပို၍ပင်နားလည်ရခက်သော စနစ်ဖြစ်ပါတယ်။ မိမိနိုင်ငံနှင့်လိုက်လျောညီထွေမှုရှိပြီး နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများ နိုင်ငံရေးပါတီများအားလုံးအတွက် ကိုက်ညီအောင်ရေးဆွဲမည်ဆိုလျှင် အသုံးပြုနိုင်သော အခြေအနေဖြစ်ပါတယ်။ နိုင်ငံတွင် PR စနစ်ကို ကျင့်သုံးမည်ဆိုပါက ကြို တင်လုပ်ဆောင်ရမည့်လုပ်ငန်းများအားလုံးကို လုပ်ဆောင်ပြီးမှသာ ကျင့်သုံးရမှာဖြစ်ပါတယ်။ ကြိုတင်လုပ်ဆောင်ရမည့်လုပ်ငန်းများအနက် အရေးကြီးဆုံးမှာ ရွေးကောက်ပွဲဝင်မည့်ပါတီများနှင့် မဲဆန္ဒပေးမည့်ပြည်သူများက ကျင့်သုံးမည့်စနစ်ကို ဂဃနဏသိရှိရေးသည် အဓိကဖြစ်ပါတယ်" ဟု ဆွေးနွေးသည်။
    
ထို့ပြင် PR စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီမှု ရှိ၊ မရှိ သုံးသပ်ရန်ဖြစ်ကြောင်း၊ ဆန့်ကျင်နေပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ အရ ပြင်ဆင်ပြီးမှသာ ရွေးကောက်ပွဲဥပဒေကို ရေးဆွဲရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးဌေးနိုင်ကဆိုသည်။
    
လွတ်လပ်ရေးရရှိပြီး မကြာမီနှစ်အနည်းငယ်အတွင်းမှာပင် အကြောင်းအမျိုးမျိုးဖြင့် အစိုးရအား လက်နက်ကိုင်ဆန့်ကျင်သော အဖွဲ့များစွာ ပေါ်ပေါက်လာခဲ့ကြောင်း၊ ယခုထိတိုင်လည်း ညှိနှိုင်းဆွေးနွေးနေရဆဲဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိနေသည်ဆိုသော်လည်း ပြည်သူများ လုံခြုံမှုအရ စိတ်မအေးဖွယ်ရာများ ရှိနေဆဲဖြစ်ပါကြောင်း၊ ထို့ပြင် အစွန်းရောက်နိုင်ငံရေးအန္တရာယ်ကိုလည်း ပြည်သူများ စိတ်တထင့်ထင့်ဖြင့် ခံစားနေရသည့်အချိန်လည်းဖြစ်ကြောင်း၊ လူမှုရေးဘာသာရေးပဋိပက္ခလည်း အချို့ဒေသတွင်ရှိနေကြဆဲ၊ ဖြစ်နေကြဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီနုနယ်စဉ်ကာလဖြစ်သော်ငြားလည်း အချို့က လက်ရှိတိုးတက်မှုများကို အားမရဘဲ ဒီမိုကရေစီကျင့်သားရပြီးသည့် နိုင်ငံကြီးများနှင့်နှိုင်းယှဉ်ပြီး စံနှုန်းကိုက် ဇွတ်အတင်းသွတ်သွင်းချင်နေသူများလည်းရှိကြကြောင်း၊ ကိုယ့်ယူဆချက်နှင့်မတူညီလျှင် တစ်ဖက်လူအဖြစ်သတ်မှတ်သည့် မိမိယူဆချက်သာလျှင် အမှန်အဖြစ်ယူဆနေသူများလည်းရှိနေပါကြောင်း၊ အားသာချက် ကောင်းကွက်များကို လျစ်လျူရှုပြီး အားနည်းချက်များကိုသာလျှင် ဦးစားပေးပြောဆိုသုံးသပ်နေကြသူများ၊ တစ်ဦးအပေါ်တစ်ဦး၊ တစ်ဖွဲ့ ပေါ်တစ်ဖွဲ့နားလည်မှုမရှိကြသူများ၊ မိမိနာမည်ရရန် ပွဲလန့်ဖျာခင်းလိုသူများစသည့် အယူအဆကွဲပြားနေသည့် အခြေအနေမျိုးများတွင် ယခုကဲ့သို့ ရွေးကောက်ပွဲစနစ်တစ်ခုပြောင်းလဲကျင့်သုံးလျှင် ဖြစ်နိုင်မဖြစ်နိုင်ကို စဉ်းစားရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဇူလိုင် ၂၈ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်တင်သွင်းသည့် ပြည်သူ့လွှတ်တော်တွင် PR စနစ် ကျင့်သုံးရေးဆိုင်ရာအဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၈ ဦးက ဆွေးနွေးခဲ့သည်။
    
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်သုံးဦးက ကြားနေသူများအဖြစ် ဆွေးနွေးခဲ့ကြပြီး NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ရှစ်ဦးက ကန့်ကွက်ဆွေးနွေးခဲ့ကာ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။    

Eleven Media Group 

ဇူလိုင် ၂၈ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော် ကိုယ်စား လှယ်များကို တွေ့ရစဉ်
ဇူလိုင် ၂၈ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော် ကိုယ်စား လှယ်များကို တွေ့ရစဉ်
လုံခြုံမှုမရှိသေးသည့် တိုင်းပြည်၏လက်ရှိအခြေအနေတွင် အချိုးကျကိုယ်စားပြု (PR) စနစ်ကို ကျင့်သုံးရန် မသင့်သေးကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဌေးနိုင်က ဇူလိုင်  ၂၈ ရက် တွင် ပြော ကြား သည်။
"ကျွန်တော့်အမြင်အရဆိုရင် လက်ရှိအခြေအနေနဲ့ဆိုရင် အချိန်မတန်သေးဘူးလို့ ယူဆတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ လက်ရှိအခြေအနေအရ တည်ငြိမ်မှုပဲရှိတယ်။ လုံခြုံမှု မရှိသေးဘူး။ ပြဿနာဆိုတာ အမြောက်အမြားကြီးဖြစ်လာနိုင်တယ်။ အခုဆိုရင်လည်း အမျိုးမျိုးကွဲပြားနေတယ်။ တစ်ယောက်တစ်မျိုးဖြစ်နေတဲ့အခါကျတော့ လုပ်မယ်ဆိုရင် လောလော ဆယ် လုပ်ဖို့ မသင့်သေးဘူးလို့ ယူဆပါတယ်" ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဌေးနိုင်က သတင်းထောက် များအား ပြောကြားသည်။
   
PR စနစ်နှင့်ပတ်သက်၍ ဗိုလ်မှူးကြီးဌေးနိုင်က လွှတ်တော်၌ဆွေးနွေးရာတွင် "မိမိတို့နိုင်ငံအနေဖြင့် FPTP စနစ်ကိုသာသိရှိပြီး PR စနစ်ဆိုတာကိုတော့ အလေ့အကျင့်မရှိသလို လူနည်းစုလောက်သာ သိရှိတဲ့ စနစ်ဖြစ်ပြီး သာမန်ပြည်သူများအနေဖြင့်တော့ ပို၍ပင်နားလည်ရခက်သော စနစ်ဖြစ်ပါတယ်။ မိမိနိုင်ငံနှင့်လိုက်လျောညီထွေမှုရှိပြီး နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူ များ နိုင်ငံရေးပါတီများအားလုံး အတွက် ကိုက်ညီအောင်ရေးဆွဲမည်ဆိုလျှင် အသုံးပြုနိုင်သော အခြေအနေဖြစ်ပါတယ်။ နိုင်ငံတွင် PR စနစ်ကို ကျင့်သုံးမည်ဆိုပါက ကြို တင်လုပ်ဆောင်ရမည့်လုပ်ငန်းများအားလုံးကို လုပ်ဆောင်ပြီးမှသာ ကျင့်သုံး ရမှာဖြစ်ပါတယ်။ ကြိုတင်လုပ်ဆောင်ရမည့်လုပ်ငန်းများအနက် အရေးကြီးဆုံးမှာ ရွေးကောက်ပွဲ ၀င်မည့် ပါတီများနှင့် မဲဆန္ဒပေးမည့်ပြည်သူများက ကျင့်သုံးမည့်စနစ်ကို ဂဃနဏသိရှိရေးသည် အဓိ ကဖြစ်ပါတယ်" ဟု ဆွေးနွေးသည်။
   
ထို့ပြင် PR စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက်ညီမှု ရှိ၊ မရှိ သုံးသပ်ရန်ဖြစ်ကြောင်း၊ ဆန့်ကျင်နေ ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ အရ ပြင်ဆင်ပြီးမှသာ ရွေးကောက်ပွဲဥပဒေ ကို ရေးဆွဲ ရမည်ဖြ စ်ကြောင်း ဗိုလ်မှူးကြီးဌေးနိုင်ကဆိုသည်။
   
လွတ်လပ်ရေးရရှိပြီး မကြာမီနှစ်အနည်းငယ်အတွင်းမှာပင် အကြောင်းအမျိုးမျိုးဖြင့် အစိုးရအား လက်နက် ကိုင် ဆန့်ကျင်သော အဖွဲ့များစွာ ပေါ်ပေါက်လာခဲ့ကြောင်း၊ ယခုထိတိုင်လည်း ညှိနှိုင်းဆွေးနွေးနေရ ဆဲဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိနေသည် ဆိုသော်လည်း ပြည်သူ များ လုံခြုံမှုအရ စိတ်မအေးဖွယ်ရာများ ရှိနေဆဲဖြစ်ပါကြောင်း၊ ထို့ပြင် အစွန်းရောက်နိုင်ငံရေးအန္တရာယ် ကိုလည်း ပြည်သူများ စိတ်တထင့်ထင့်ဖြင့် ခံစားနေရသည့်အချိန်လည်းဖြစ်ကြောင်း၊ လူမှုရေးဘာသာရေး ပဋိပက္ခလည်း အချို့ဒေသတွင်ရှိနေကြဆဲ၊ ဖြစ်နေကြဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီနုနယ်စဉ် ကာလဖြ စ်သော်ငြား လည်း အချို့က လက်ရှိတိုးတက်မှုများကို အားမရဘဲ ဒီမိုကရေစီကျင့်သား ရပြီး သည့် နိုင်ငံကြီး များနှင့်နှိုင်းယှဉ်ပြီး စံနှုန်းကိုက် ဇွတ်အတင်းသွတ်သွင်းချင်နေသူများလည်းရှိကြကြောင်း၊ ကိုယ့်ယူဆချက်နှင့် မတူညီလျှင် တစ်ဖက်လူအဖြစ်သတ်မှတ်သည့် မိမိယူဆချက်သာလျှင် အမှန်အဖြစ်ယူဆနေသူများလည်း ရှိနေပါကြောင်း၊ အားသာချက် ကောင်းကွက်များကို လျစ်လျူရှုပြီး အားနည်းချက်များကိုသာလျှင် ဦးစားပေးပြော ဆို သုံးသပ်နေကြသူများ၊ တစ်ဦးအပေါ်တစ်ဦး၊ တစ်ဖွဲ့ ပေါ်တစ်ဖွဲ့နားလည်မှုမရှိကြသူများ၊ မိမိနာမည်ရရန် ပွဲလန့်ဖျာခင်းလိုသူများစသည့် အယူအဆကွဲပြားနေသည့် အခြေအနေမျိုးများတွင် ယခုကဲ့သို့ ရွေးကောက်ပွဲစနစ်တစ်ခုပြောင်းလဲကျင့်သုံးလျှင် ဖြစ်နိုင်မဖြစ်နိုင်ကို စဉ်းစားရန်လိုအပ် ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဇူလိုင် ၂၈ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်တင်သွင်းသည့် ပြည်သူ့လွှတ်တော်တွင် PR စနစ် ကျင့်သုံးရေးဆိုင်ရာအဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၈ ဦးက ဆွေးနွေးခဲ့သည်။
   
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်သုံးဦးက ကြားနေသူများအဖြစ် ဆွေးနွေးခဲ့ကြပြီး NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ရှစ်ဦးက ကန့်ကွက်ဆွေးနွေးခဲ့ကာ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။   

Eleven Media Group

No comments:

Post a Comment