Tuesday 29 July 2014

AGD ဘဏ် ရှယ်ယာရောင်းဝယ်မှု၊ ၀ယ်ယူငွေများ ငွေဖြူ ဟုတ် မဟုတ် စုံစမ်းစစ်ဆေးမှုပြီးစီး၍ သက်ဆိုင်ရာသို့တင်ပြထား

 
ဆူးလေဘုရားအနီး AGD ဘဏ်အား ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် 
AGD ဘဏ်ရှယ်ယာရောင်းဝယ်မှု၊ ၀ယ်ယူငွေများ ငွေဖြူ  ဟုတ်၊ မဟုတ်စစ်ဆေးနေသည့် ပဏာမ စစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေးမှုပြီးစီးသွားသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူထံ တင်ပြ ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက ဇူလိုင် ၂၈ ရက် မွန်းလွဲ ပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
အဆိုပါ AGD ဘဏ်ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရာတွင် ပဏာမစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့တွင် အခွန်ဌာန၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့၊ စစစ စသည့် ဌာနများပါဝင်ကြောင်း သိရသည်။
  
"အခုဒီဘဏ်ကိစ္စနဲ့ပတ်သက်ပြီးတော့ ရှယ်ယာလွှဲပြောင်းတဲ့ငွေကြေးတွေက ငွေဖြူ  ဟုတ်၊ မဟုတ် စတာတွေအပြင် ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးမှုတွေ ပြီးစီးသွားပါပြီ။ ရှယ်ယာထည့်ဝင်တဲ့ဘက်ရော၊ လက်ခံတဲ့သူဘက်ကရော ဒီငွေတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လို အကြောင်းအရာတွေနဲ့ ရရှိလာတဲ့ငွေကြေးတွေဆိုတာကို တင်ပြခိုင်းထားတယ်။

သူတို့တင်ပြထားတဲ့အချက်အလက်တွေနဲ့ ကျွန်တော်တို့ဥပဒေနဲ့အညီ ပဏာမစစ်ဆေးရေး အဖွဲ့တွေ နဲ့ စစ်ဆေးလို့ရရှိထားတဲ့အချက်အလက်တွေကိုတွဲပြီးတော့ တာဝန်ရှိတဲ့အကြီးအကဲကို တင်ပြထား တယ်။ အကယ်၍ ပြန်ကြလာရင် ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ ငြိစွန်းတယ်ဆိုရင်တော့ ထုတ်ပြန်ထားတဲ့ဥပဒေအတိုင်းပဲ အရေးယူသွားမှာပါ" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အမည် မဖော် လိုသူ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။
  
လက်ရှိတွင် AGD ဘဏ်၏ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကိုဝယ်ယူထားကာ ရာခိုင်နှုန်း ၆၀ အထိ ၀ယ်ယူရန် သဘောတူညီထားပြီးဖြစ်ကြောင်းနှင့် ခြောက်လအတွင်း ၈၅ ရာခိုင်နှုန်းအထိကို ၀ယ် ယူရန် ၎င်းတို့ဘက်မှ လျာထားကြောင်း ဦးအေးနေ၀င်းက ပြောကြားထားသည်။
  
ခြောက်လအတွင်းဟုဆိုရာတွင် ဘဏ် ရှယ်ယာများဝယ်ယူနိုင်ရန်အတွက် ဗဟိုဘဏ်သို့တင်ပြရာ တွင် သက်ဆိုင်ရာဌာနများဖြင့် အဆင့်ဆင့်စိစစ်ရသည့် တစ်ကြိမ်လျှင် အနည်းဆုံး တစ်လခွဲ ၀န်းကျင်ကြာမြင့်၍ ခြောက်လအတွင်းဟုဆိုရခြင်းဖြစ်ကြောင်း၊ ၈၅ ရာခိုင်နှုန်းဆိုသည်မှာလည်း ၀ယ်ယူရန်လျာထားသည့်ပမာဏဖြစ်ကြောင်း ပြောကြားထားသည်။
  
ဝယ်ယူသည့် ဈေးနှုန်းများမှာမူ လက်ရှိတွင်ထုတ်ဖော်ပြောကြားခြင်းမပြုနိုင်သေးသည့်အတွက် ထုတ်ဖော်ပြောကြားမှုမပြုနိုင်ကြောင်းနှင့် ဦးကျော်နေ၀င်းမှ ဦးဆောင်ဝယ်ယူမြှုပ်နှံခြင်းဖြစ်သည်ဟု ဦးအေးနေ၀င်းက ပြောကြားထားခဲ့သည်။
  
AGD ဘဏ်တွင် စုစုပေါင်း အစုရှယ်ယာ ၆၁၀၀၀၀ ကျော်ရှိကြောင်း၊ လက်ရှိတွင် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် အစုရှယ်ယာ ၉၀၀၀၀ ကို ရောင်းချထားကြောင်း သိရသည်။
  
လက်ရှိရောင်းချပြီး အစုရှယ်ယာ ၉၀၀၀၀ ကို Mikko အုပ်စုမှ ဦးယဉ်ထွေး၊ ဒေါ်ခင်ဝင်းမော်၊ ဦးသူရမြင့်တို့က အများဆုံးဝယ်ယူခြင်းဖြစ်ပြီး ဦးကျော်နေ၀င်းမှ ၁၀ ပုံတစ်ပုံဖြစ်သော ပမာဏ (၉၀၀၀ ဟုစုံစမ်းသိရှိရ) ကို ၀ယ်ယူခြင်းဖြစ်ကြောင်း သိရသည်။
  
ဆက်လက်၍ အမည်မဖော်လိုသူ အဆင့်မြင့်ရဲအရာရှိကြီးက "ကျွန်တော်တို့အဖွဲ့အနေနဲ့ အခုလုပ်ငန်းအစမှာ စစ်ဆေးတယ်။ ပြီးတော့ လုပ်ငန်းလည်ပတ်တဲ့အချိန်မှာ လည်း တောက်ေ လျှာက်စောင့်ကြည့်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားဦးမယ်။ ဘဏ်မှာလည်ပတ်နေ တဲ့ငွေေ ကြးတွေက ရာဇ၀တ်ကောင်တွေကိုထောက်ပံ့နေတဲ့ ငွေကြေးတွေလား၊ ငွေမည်းတွေလား၊
 ငွေကြေး ခ၀ါချထားတဲ့ ပိုက်ဆံတွေလား၊ ဒါတွေကို အမြဲတမ်းစောင့်ကြည့်နေမှာဖြစ်တယ်။ ဒီလိုငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေတွေရှိလာတာက  တရားမ၀င်ရရှိလာတဲ့ငွေကြေးတွေနဲ့ လည်ပတ်နေ တဲ့သူတွေကို အကောင်းဆုံးဟန့်တားနိုင်တယ်။ ဒီလိုမှမဟုတ်ရင်တော့ ပိုက်ဆံရှိတယ်ဆိုပြီး လုပ်ချင်တာတွေကို လုပ်လာနိုင်ပါတယ်" ဟု ဆက်လက်ပြောကြားသည်။
  
ဦးနေ၀င်း၏မိသားစုဝင်များအနက် ဦးနေ၀င်း၏သမက်ဖြစ်သူ ဦးအေးဇော်ဝင်းနှင့်သားများဖြစ်သည့် ဦးကျော်နေ၀င်း၊ ဦးအေးနေ၀င်း၊ ဦးဇွဲနေ၀င်းတို့မှာ ၂၀၀၂ ခုနှစ်တွင် နိုင်ငံတော် ပုန်ကန် မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်အတွင်း ၁၀ နှစ်ကျော်နေထိုင်ခဲ့ရပြီးနောက် ၂၀၁၂ ခုနှစ် နှင့် ၂၀၁၃ ခုနှစ်တို့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာခဲ့သူ များဖြစ်သည်။ ထိုကာလများအတွင်း ဦးနေ၀င်း၏သမီးဖြစ်သူ ဒေါ်စန္ဒာဝင်း မှာလည်း နေအိမ် အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသူဖြစ်သည်။ ၎င်းတို့အကျဉ်းကျခံနေရစဉ် အချိန် များနှင့် ပြန်လည် လွတ်မြောက်ချိန်နောက်ပိုင်း လုပ်ကိုင်ခဲ့သည့် လုပ်ငန်းများမှရရှိသော ၀င်ငွေသည် ပြော စမှတ်ပြုရ သည် အထိ သတင်းထွက်ပေါ်ခဲ့ခြင်းမရှိပေ။
 Eleven Media Group

No comments:

Post a Comment