Tuesday 29 July 2014

စစ်ရှိန်မကျသေးတဲ့ အစ္စရေး ဟားမားစ် တိုက်ပွဲ

အနောက်နိုင်ငံတွေ နဲ့ ကုလသမဂ္ဂ ဘက် ကနေ အစ္စရေး ကို ရော၊ ပါလက်စတိုင်း ကို ပါ အပစ်ရပ်ကြ ဖို့ နည်းမျိုးစုံ နဲ့ တိုက်တွန်း၊ ဖျောင်းဖျ၊ ကြပေမယ့် နှစ်ဖက်စလုံး က အလျှော့ ပေးမယ့် အရိပ် အယောင် မပြကြ သေးပါဘူး။
နှစ်ဖက်ကြား မြေဇာပင် ဖြစ်ရတာကတော့၊ ကလေးတွေ၊ အမျိုးသမီးတွေ ဖြစ်ပါတယ်။ စစ်ဘေးရှောင်နေကြ တဲ့ ကျောင်းတွေ၊ ကစားကွင်း နဲ့ ဆေးရုံတွေ ကို ဗုံးဆံ၊ ဒုံးကျည် ကျလို့ သေဆုံးဒဏ်ရာ ရကြတာက အရပ်သားတွေ ဖြစ်နေ ကြပါတယ်။

ဂါဇာ က မျက်မြင်သက်သေ တဦး ပြောတာဆိုရင်၊ ကလေး ၇ ယောက် က ဥပုသ်ထွက် အစ်နေ့ မို့၊ ကစားကွင်းမှာ ကစားနေတုန်း ဗုံးဆံ ကျလာလို့ နေရာ မှာ ပွဲချင်းပြီး သေဆုံးရသလို၊ အနီးမှာ ရှိတဲ့ လူကြီး သုံးဦး လည်း ကျည်ထိမှန် လို့ ဒဏ်ရာ ရသွားပါတယ်။ အလောင်းတွေ ဟာ မြင်မကောင်းပါဘူး လို ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ဆိုရင်၊တကမ္ဘာလုံး အစ်နေ့ ကျင်းပတဲ့ ရက် ဖြစ်တဲ့ အတွက်၊ လူသားချင်း စာနာတဲ့ အနေနဲ့ ချွင်းချက်မရှိ၊ ချက်ချင်း အကြမ်းဖက် တိုက်ပွဲ တွေ ရပ်ဖို့ ပြောပါတယ်။ အခုလိုသာ ရန်စောင်တိုက်ခိုက် နေကြမယ် ဆိုရင်၊ နှစ်ဖက်စလုံး မှာ တာဝန် ရှိတဲ့ အတွက်၊ ပြစ်မှု လည်းမြောက်နေပြီ မို့၊ ဒီရာဇဝတ် မှု တွေ ကို တရားစီရင်တဲ့ အချိန် နဲ့ လည်း ကြုံရမှာပါ လို့ ပြောပါတယ်။

ကုလသမဂ္ဂ ဘက် က၊ ဒီလိုပြောပေမယ့်လည်း အစ္စရေး ဝန်ကြီးချုပ် နက်တန်ရာဟူ ကလည်း၊ အစ္စရေး အနေနဲ့ အခက်အခဲတွေ ကို ကြုံရဦးမယ် ဆိုတာ ကို တွက်ပြီးသား၊ ဖြစ်ပေမယ့် နိုင်ငံ နဲ့ လူမျိုး ကို ဖျက်ဆီးပစ်နေတဲ့ အကြမ်းဖက် သမားတွေ ရဲ့ ရန် ကနေ ကာကွယ်တဲ့ စစ်ဆင်ရေး တွေ တော့၊ ဆက်လုပ်နေရမှာ ပဲ လို့ ပြောပါတယ်။

ဟားမားစ်ခေါင်းဆောင် ခါလိဒ် မီရှာလ် ဘက် ကလည်း၊ မလျှော့တဲ့ စကားဆိုလာပါတယ်။ သူတို့ ဟာ အစ္စရေး ကြောင့် အသေခံဖို့ စိတ်ဆုံးဖြတ်ပြီးသားမို့၊ အစ္စရေးတို့ သိမ်းပိုက်၊ ထိန်းချုပ်တဲ့ အောက် မှာ မနေနိုင် သလို၊ ပါလက်စတိုင်း အနာဂတ်မျိုးဆက်တွေ၊ လွတ်လွတ်လပ်လပ် နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေရဖို့ အသက်ပေး ဖို့ အဆင်သင့် ပါ လို့ ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment