Tuesday 29 July 2014

ရေတင်စိုက်ပျိုးရသဖြင့် မိုးစပါးစိုက်ပျိုးစရိတ် ပိုမိုကုန်ကျနေ

Photo: ရေတင်စိုက်ပျိုးရသဖြင့် မိုးစပါးစိုက်ပျိုးစရိတ် ပိုမိုကုန်ကျနေ
Tuesday, July 29, 2014  

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် မိုးရွာသွန်း  မှုနည်းပါးသောကြောင့် မိုးစပါး များရေတင်စိုက်ပျိုးနေရပြီး မိုးစပါး  စိုက်ပျိုးစရိတ်ပိုမိုကုန်ကျနေရကြောင်း  ဒေသခံတောင်သူလယ်သမားများ ထံမှ သိရသည်။

ကောလင်းမြို့နယ်တွင် ၂၀၁၄ ခုနှစ် မိုးရွာသွန်းမှုမှာ ပုံမှန်ထက် လျော့နည်းရွာသွန်းခဲ့ပြီး ဇူလိုင်လ   အတွင်း (၁) ရက်နေ့မှ (၂၂) ရက်  နေ့အထိ မိုးရေချိန် (၂.၁၆) လက်မရွာသွန်းခဲ့ကြောင်း။ ၂၀၁၄  ခုနှစ် ဇန်န၀ါရီမှ ဇူလိုင်လအထိ မိုးရွာသွန်းမှုရက် (၂၆) ရက်ရှိပြီး မိုးရွာသွန်းမှုမိုးရေချိန်မှာ (၁၈.၂၅) လက်မသာရွာသွန်းခဲ့ကြောင်း သိရသည်။

ကောလင်းမြို့နယ်သည်အနိမ့် ပိုင်းဒေါင်းမြူးချောင်းနှင့် ဒုံးဒုတ်  ချောင်းဝန်းကျင်တွင်သာ မိုးစပါး စိုက်ပျိုးရေရရှိစိုက်ပျိုးနိုင်ခဲ့ပြီး အခြားနေရာဒေသများတွင် မိုးရွာ သွန်မှုပျံ့ပျံ့နှံ့နှံ့မရှိခြင်းကြောင့် ပျိုးထောင်ပြီးပျိုးခင်းများခြောက် သွေ့လျက်ရှိသည်။

ယခုနှစ်တွင် မကြုံစဖူးရာသီ ဥတုဖောက်ပြန်မှုကြောင့် မြေပြု  ပြင်ထွန်ယက်ရင်းခြောက်သွေ့နေ ပြီး တိုက်ရိုက်အစေ့ချစိုက်ပျိုးရန်  အစိုဓာတ်လုံလောက်မှုမရှိသည့်  အတွက် တောင်သူများအခက်တွေ့ နေကြသည်ဟု သိရသည်။

“မိုးကရွာတော့လည်း ရွာတယ် ဆိုရုံပဲ ကွက်ကျားမိုးတွေရွာနေ တော့ ရေကမတင်ဘူးတစ်ခါတစ် ခါမိုးကမှောင်မည်းပြီး ရွာတော့ မလိုလိုနဲ့ မရွာတော့ပြန်ဘူးပျိုးပင်  တွေလည်း ပျိုးသက်တွေကျောက် နေပြီး လယ်စိုက်နေသူတော်တော်  များများမိုးနဲ့ စိုက်လိုက်ရတယ်ဆို တာ မရှိသလောက်ပဲ ဒေါင်းမြူး ချောင်းနှင့် ဒုံးဒုတ်ချောင်းဝန်းကျင် က တောင်သူအချို့ကတော့ ရေတင်ပြီး စိုက်ပျိုးနေကြတာ မိုး စပါးကို ရေတင်ပြီးစိုက်နေရတော့ ရေတင်စရိတ်ပိုမိုကုန်ကျနေတာ ပေါ့ ချောင်းတွေ ရေမြောင်းတွေ နဲ့ နီးတဲ့လယ်တွေကတော့ ရေစုပ် စက်ငှားကလောက်ပဲ ကုန်ပေမယ့် ရေမနီးတဲ့ လယ်တွေကျတော့ လယ်မြေဝေးရင်ဝေးသလောက် ပိုမိုကုန်ကျပါတယ်”ဟု ဒေသခံ တောင်သူတစ်ဦးကဆိုသည်။

မိုးစပါးများ  ရေတင်စိုက်ပျိုး ပါကပုံမှန်မိုးစပါး  စိုက်ပျိုးကုန်ကျ စရိတ်ထက် ကျပ် (၇၀၀၀၀)နှင့် ကျပ် (၁၀၀၀၀၀) ကြား ပိုမိုကုန် ကျနေရကြောင်း မိုးစပါးများ ရေတင် စိုက်ပျိုးနေရသူ လယ် သမားများ ပြောကြားချက်အရ သိရသည်။

သက်တမ်းတို ရက်တိုစပါး မျိုးဝယ်ပြီး ကျဲပက်စိုက်ပျိုးမည် ဆိုပါကဧကပေါင်းများစွာအတွက် ရေ အခက်အခဲတွေရှိခြင်း၊ မိုး များများ  ရွာမှာကို တောင်သူတွေ စောင့်နေ ရုံကလွဲလို့ မည်သို့မျှ ပင် မတတ်နိုင်ကြောင်း ယခုနှစ် စပါးဈေးများကြီးမြှင့်နိုင်ကြောင်း၊ ဘဏ်ချေးငွေများ ပြန်ဆက်နိုင် ရေးအတွက် ခက်ခက်ခဲခဲကြိုး စားရမည်ဖြစ်ကြောင်းနှင့် အချို့ နေရာများတွင် ကျွဲ၊ နွားသောက် သုံးရေများပါ အခက်တွေ့နေရ ကြောင်း ဒေသခံများ အဆိုအရ သိရှိရပြီး  ၂၀၁၄-၁၅ ခုနှစ် ကောလင်းမြို့နယ်တွင်  မိုးစပါး (၈၇၄၀၀)ဧက စိုက်ပျိုးရန်  လျထားပြီး ယနေ့အထိ မိုးစပါး (၁၈၀၀၀)ဧကသာ စိုက်ပျိုးပြီးစီး ကြောင်း သိရသည်။

Hot News Journal
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် မိုးရွာသွန်း  မှုနည်းပါးသောကြောင့် မိုးစပါး များရေ တင်စိုက်ပျိုးနေရပြီး မိုးစပါး  စိုက်ပျိုးစရိတ်ပိုမိုကုန်ကျနေ ရကြောင်း  ဒေ သ ခံ တောင် သူ လယ်သမားများ ထံမှ သိရသည်။

ကောလင်းမြို့နယ်တွင် ၂၀၁၄ ခုနှစ် မိုးရွာသွန်းမှုမှာ ပုံမှန်ထက် လျော့နည်းရွာသွန်းခဲ့ပြီး ဇူလိုင်လ 
  အတွင်း (၁) ရက်နေ့မှ (၂၂) ရက်  နေ့အထိ မိုးရေချိန် (၂.၁၆) လက်မရွာသွန်းခဲ့ကြောင်း။ ၂၀၁၄  ခုနှစ် ဇန်န၀ါရီ မှ ဇူလိုင်လအထိ မိုးရွာသွန်းမှုရက် (၂၆) ရက်ရှိပြီး မိုးရွာသွန်းမှုမိုးရေချိန်မှာ (၁၈.၂၅) လက်မသာ ရွာသွန်းခဲ့ကြောင်း သိရသည်။

ကောလင်းမြို့နယ်သည်အနိမ့် ပိုင်းဒေါင်းမြူးချောင်းနှင့် ဒုံးဒုတ်  ချောင်းဝန်းကျင် 
တွင်သာ မိုးစပါး စိုက်ပျိုးရေရရှိစိုက်ပျိုးနိုင်ခဲ့ပြီး အခြားနေရာဒေသများတွင် မိုးရွာ သွန်မှုပျံ့ပျံ့နှံ့နှံ့ မရှိခြင်း ကြောင့် ပျိုးထောင်ပြီးပျိုးခင်းများခြောက် သွေ့လျက်ရှိသည်။

ယခုနှစ်တွင် မကြုံစဖူးရာသီ ဥတုဖောက်ပြန်မှုကြောင့် မြေပြု  ပြင်ထွန်ယက် ရင်းခြောက်
သွေ့နေ ပြီး တိုက်ရိုက်အစေ့ချစိုက်ပျိုးရန်  အစိုဓာတ်လုံလောက်မှုမရှိသည့်  အတွက် တောင်သူများအခက်တွေ့ နေကြသည်ဟု သိရသည်။

“မိုးကရွာတော့လည်း ရွာတယ် ဆိုရုံပဲ ကွက်ကျားမိုးတွေရွာနေ တော့ ရေကမတင်ဘူးတစ်ခါတစ် ခါမိုးကမှောင်မည်းပြီး ရွာတော့ မလိုလိုနဲ့ မရွာတော့ပြန်ဘူးပျိုးပင်  တွေလည်း ပျိုးသက်ေ
တွကျောက် နေပြီး လယ်စိုက်နေသူတော်တော်  များများမိုးနဲ့ စိုက်လိုက်ရတယ်ဆို တာ မရှိသလောက်ပဲ ဒေါင်းမြူး ချောင်းနှင့် ဒုံးဒုတ်ချောင်းဝန်းကျင် က တောင်သူအချို့ကတော့ ရေတင်ပြီး စိုက်ပျိုးနေကြတာ မိုး စပါးကို ရေတင်ပြီးစိုက်နေရတော့ ရေတင်စရိတ်ပိုမိုကုန်ကျနေတာ ပေါ့ ချောင်းတွေ ရေမြောင်းတွေ နဲ့ နီးတဲ့လယ်တွေကတော့ ရေစုပ် စက်ငှားကလောက်ပဲ ကုန်ပေမယ့် ရေမနီးတဲ့ လယ်တွေကျတော့ လယ်မြေဝေးရင်ဝေးသလောက် ပိုမိုကုန်ကျပါတယ်”ဟု ဒေသခံ တောင်သူတစ်ဦးကဆိုသည်။

မိုးစပါးများ  ရေတင်စိုက်ပျိုး ပါကပုံမှန်မိုးစပါး  စိုက်ပျိုးကုန်ကျ စရိတ်ထက် ကျပ် (၇၀၀၀၀) နှင့် ကျပ် (၁၀၀၀၀၀) ကြား ပိုမိုကုန် ကျနေရကြောင်း မိုးစပါးများ ရေတင် စိုက်ပျိုးနေရသူ လယ် သမားများ ပြောကြားချက်အရ သိရသည်။

သက်တမ်းတို ရက်တိုစပါး မျိုးဝယ်ပြီး ကျဲပက်စိုက်ပျိုးမည် ဆိုပါကဧကပေါင်းများစွာအတွက် ရေ အခက်အခဲတွေရှိခြင်း၊ မိုး များများ  ရွာမှာကို တောင်သူတွေ စောင့်နေ ရုံကလွဲလို့ မည်သို့မျှ ပင် မတတ်နိုင်ကြောင်း ယခုနှစ် စပါးဈေးများကြီးမြှင့်နိုင်ကြောင်း၊ ဘဏ်ချေးငွေများ ပြန်ဆက်နိုင် ရေးအတွက် ခက်ခက်ခဲခဲကြိုး စားရမည်ဖြစ်ကြောင်းနှင့် အချို့ နေရာများတွင် ကျွဲ၊ နွားသောက် သုံးရေများပါ အခက်တွေ့နေရ ကြောင်း ဒေသခံများ အဆိုအရ သိရှိရပြီး  ၂၀၁၄-၁၅ ခုနှစ် ကောလင်းမြို့နယ် 
တွင်  မိုးစပါး (၈၇၄၀၀)ဧက စိုက်ပျိုးရန်  လျထားပြီး ယနေ့အထိ မိုးစပါး (၁၈၀၀၀)ဧကသာ စိုက်ပျိုးပြီးစီး ကြောင်း သိရသည်။

Hot News Journal 

No comments:

Post a Comment