Tuesday 29 July 2014

အေးမြသာယာကျေးရွာနှင့် ကော့ကနိမ် ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ခလောက်တရာ ကျေးရွာရှိ နာဂစ်ပြန်လည် ထူထောင်ရေး ကျေးရွာ ဖြစ်သည့် အေးမြသာယာ ကျေးရွာ တွင် System Engineering Group Co.ltd မှ ဆောက်လုပ် လှူဒါန်းထားသည့် (၄၀ပေ x ၂၀ပေ) သံဖရိန် ဘိလပ်မြေပြားကာ ငါးထပ်သားခင်း မူကြိုကျောင်း၏ သံဖရိန်ပါ ထုပ်တန်းများနှင့် (၃ x ၈)ပေ သွပ်ပြား ၁၀၀ ချပ် စုစုပေါင်း ဆုံးရှုံး တန်ဖိုးငွေ (၁၀)သိန်းခန့် ဆုံးရှုံးခဲ့သည်။ ဇူလိုင်လ ၂၈ ရက်နေ့ည ၁၀း၁၀ နာရီတွင် တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းဒဏ်ကြောင့် ပေ ၁၀၀ခန့် အကွာသို့ အမိုးပိုင်းအုံလိုက် လေနှင့်အတူ လွင့်ပါသွားခဲ့ပါသည်။



ဆက်လက်၍ ည ၁၁း၃၀ နာရီခန့်တွင် တောကျောင်းကျေးရွာ အုပ်စု ကော့ကနိမ်ကျေးရွာတွင် ဓနိမိုး ထရံကာ အိမ် (၂) လုံး အနည်းငယ်ယိုင်၊ သွပ်မိုးထရံကာ အိမ်(၁)လုံး မှာ (၆)ပေသွပ် (၄၈)ချပ်ခန့် လွင့်စင်သွားခဲ့ပြီး အနောက်ကုန်း ကျေးရွာတွင် ဓနိမိုးထရံကာ အိမ်(၂)လုံးတွင် (၁)လုံး အနည်းငယ်ယိုင်နဲ့ပြီး ကျန်(၁)လုံးမှာ ပြိုကျခဲ့ကြောင်း သိရှိရသည်။

MOI Webportal 

No comments:

Post a Comment