Tuesday 29 July 2014

မူးယစ်ဆေးဝါး နှိမ်နင်းရေးဆောင်ရွက်ရာတွင် လက်နက်နှင့်ဘိန်းဖြူအမြောက်အမြား ဖမ်းမိ

မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ဆင်ရေးဆောင်ရွက်ရာ ဖမ်းဆီးရမိသော ဘိန်းဖြူများကို တာဝန်ရှိသူများက စစ်ဆေးနေစဉ် ဓာတ်ပုံ - မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်
တာချီလိတ်စစ်ဗျူဟာ နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြု လုပ်သည့် မူးယစ်ဆေးဝါး တား ဆီးနှိမ်နင်းရေး စစ်ဆင်ရေးတစ်ခု တွင် လက်ပစ်ဗုံး၊ သေနတ်များ နှင့်မြန်မာငွေကျပ် သိန်းနှစ်သောင်းနှစ်ထောင်ကျော်တန် ဘိန်းဖြူများ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။


ဇူလိုင် ၂၈ ရက်နံနက်က တာချီလိတ်ခရိုင်၊ လွယ်တော်ခမ်း အုပ်စု၊ ဆိပ်ခြံကုန်းအခြေစိုက် စစ်တပ်စခန်း အနီး တွင် အဆိုပါမူး ယစ်ဆေးဝါးများနှင့် လက်နက်များသယ်ဆောင်လာသည့် ကားတစ်စီးကို ဖမ်းဆီးနိုင် ခဲ့ခြင်းဖြစ် သည်။

 ‘‘ဖမ်းမိတဲ့ ပမာဏက အ တော်များတယ်။ လက်နက်တွေ လည်း ပါတယ်။ အသေးစိတ်စစ် မေးနေတဲ့ အချိန်မို့လို့ အတိအကျ ကို ပြောလို့ မရသေးပါဘူး။ မူး ယစ်ဆေးဝါးနဲ့ လက်နက်တွေ ဖမ်းမိတယ်။ လူ နှစ်ယောက်ကို ဖမ်းပြီး စစ်နေတယ်။ ဒီလောက်ပဲ ပြောလို့ရပါသေးတယ်’’ ဟု မူးယစ်တပ်ဖွဲ့စု (၃၀) တာချီ လိတ် မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ကားပေါ်တွင် အမျိုးသားနှစ် ဦး လိုက်ပါလာပြီး တစ်ဦးမှာ ထွက်ပြေးသွား၍ လိုက်လံဖမ်းဆီးခဲ့ရကြောင်း ဆိုသည်။

၎င်းတို့က အလေးချိန် ၁၄၁ ကီလိုရှိ ဘိန်းဖြူအထုပ်များအပြင် သေနတ်ခြောက်လက်၊ လက်ပစ်ဗုံး သုံးလုံး၊ သေနတ် ကျည် ၅၀၀ ကျော်နှင့် ဆက်စပ် ပစ္စည်းအချို့ကိုပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ဘိန်းဖြူအထုပ်များ၏ တန် ဖိုးမှာ မြန်မာငွေကျပ် ၂၂၆၂၄ သိန်းရှိပြီး ထိုင်းဘတ်ငွေ သုံးသိန်းကျော်လည်း သိမ်းဆည်း နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံနှင့် နယ်ချင်းစပ် နေသည့် အိမ်နီးချင်းနိုင်ငံများအ နက် တာချီလိတ်မှတစ်ဆင့် ထိုင်း နိုင်ငံသို့ မူးယစ်ဆေးသယ်ဆောင် ရောင်းဝယ်သည့် ဈေးကွက်မှာ ကျယ်ပြန့်နေပြီး ပမာဏအများ ဆုံးဖြစ်နေကြောင်း နေပြည်တော် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည် အိမ်နီး ချင်းထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး သဘောတူစာချုပ်ကို ၂၀၀၁ ခုနှစ်က ချုပ်ဆိုခဲ့သည်။

7Day DAILY  

No comments:

Post a Comment