Tuesday 29 July 2014

AH5017 ပျက်မကျမီ လာလမ်းအတိုင်း ပြန်လှည့်ရန် လေယာဉ်မှူး ကြိုးစားခဲ့

Photo: AH5017 ပျက်မကျမီ လာလမ်းအတိုင်း ပြန်လှည့်ရန် လေယာဉ်မှူး ကြိုးစားခဲ့
Tuesday, July 29, 2014

AH5017 ၏ လေယာဉ်မှူးသည် လေယာဉ်မပျက်ကျမီတွင် လေယာဉ်ကို နောက်ပြန်လှည့်၍ ပျံသန်းခွင့်ရရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ပြင်သစ်နိုင်ငံသား အများစု အသက်ဆုံးရှုံးခဲ့ရသည့် အယ်လ်ဂျီးရီးယား လေကြောင်းလိုင်း Air Algerie ၏ လေယာဉ်ပျက်ကျမှု ဖြစ်ရပ်တွင် လေယာဉ်မှူးသည် ရာသီဥတု ဆိုးရွားလွန်းသော အခြေအနေ၌ နောက်ကြောင်းပြန်လှည့်ရန် အားထုတ်ခဲ့ကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး လောရင့် ဖေဘီယက်စ်က ပြောကြားခဲ့သည်။

ဘာကီနာဖာဆိုမှ အယ်လ်ဂျီးရီးယားသို့ ဦးတည်ပျံသန်းသော လေယာဉ်သည် မာလီတွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံသား (၅၄)ဦး အပါအဝင် လိုက်ပါသွားသူ (၁၁၈)ဦးစလုံး [အချို့သတင်းများတွင် (၁၁၆)ဦးဟု ဖော်ပြ] သေဆုံးခဲ့သည်။ လေယာဉ်မှူးသည် ရာသီဥတု ဆိုးရွားခြင်းကြောင့် လမ်းကြောင်းပြောင်း ပျံသန်းခွင့်ကို ဦးစွာ တောင်းခံခဲ့ပြီး ထို့နောက်တွင်မူ ဘာကီနာဖာဆိုသို့ ဦးလှည့် ပျံသန်းနိုင်ရန် ခွင့်တောင်းခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံသည် AH5017 ပျက်ကျမှုတွင် ဦးဆောင်ဦးရွက် တာဝန်ယူထားသည်။ “ကျွန်တော်တို့ သေချာပေါက် သိထားတဲ့ တစ်ချက်က လေယာဉ်ပျက်ကျချိန်မှာ ရာသီဥတုက အရမ်းဆိုးနေတယ်။ လေယာဉ်အဖွဲ့သားတွေက ပထမတော့ လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံတယ်။ နောက်တော့ လေယာဉ်ကို ပြန်လှည့်ဖို့ ခွင့်တောင်းတယ်။ အဲဒီနောက်မှာ အဆက်အသွယ် လုံးဝ ပြတ်သွားတာပါပဲ”ဟု ဖေဘီယက်စ်က သတင်းထောက်များအား ဇူလိုင် (၂၈)ရက်က ပြောကြားခဲ့သည်။

ဇူလိုင်(၂၄)ရက်က ပျက်ကျသော MD-83 အမျိုးအစား လေယာဉ်နှင့် ပတ်သက်ပြီး စုံစမ်းမှု ရလဒ်များမှာ ရှုပ်ထွေးနေဆဲဟု ဖေဘီယက်စ်က ဝန်ခံသည်။ “အချိန်ယူရမှာ ဖြစ်သလို အင်မတန် ရှုပ်ထွေးတဲ့ အလုပ်ပါ”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ ဘာကီနာ ဖာဆိုနှင့် နယ်နိမိတ်အနီး မာလီပိုင်နက် အတွင်းရှိ လေယာဉ်ပျက်ကျရာ နေရာကို လတ်တလောတွင် ပြင်သစ်၊ မာလီ၊ နယ်သာလန်နှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များက လုံခြုံရေးယူ ထိန်းချုပ်ထားကြောင်းလည်း သိရှိရသည်။

BBC
AH5017 ၏ လေယာဉ်မှူးသည် လေယာဉ်မပျက်ကျမီတွင် လေယာဉ်ကို နောက်ပြန်လှည့်၍ ပျံသန်းခွင့်ရရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ပြင်သစ်နိုင်ငံသား အများစု အသက်ဆုံးရှုံးခဲ့ရသည့် အယ်လ်ဂျီးရီးယား လေကြောင်းလိုင်း Air Algerie ၏ လေယာဉ်ပျက်ကျမှု ဖြစ်ရပ်တွင် လေယာဉ်မှူးသည် ရာသီဥတု ဆိုးရွားလွန်းသော အခြေအနေ၌ နောက်ကြောင်းပြန်လှည့်ရန် အားထုတ်ခဲ့ကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး လောရင့် ဖေဘီယက်စ်က ပြောကြားခဲ့သည်။

ဘာကီနာဖာဆိုမှ အယ်လ်ဂျီးရီးယားသို့ ဦးတည်ပျံသန်းသော လေယာဉ်သည် မာလီတွင် ပျက်ကျခဲ့ခြင်း ဖြစ်ပြီး ပြင်သစ်နိုင်ငံသား (၅၄)ဦး အပါအဝင် လိုက်ပါသွားသူ (၁၁၈)ဦးစလုံး [အချို့သတင်းများတွင် (၁၁၆)ဦးဟု ဖော်ပြ] သေဆုံးခဲ့သည်။ လေယာဉ်မှူးသည် ရာသီဥတု ဆိုးရွားခြင်းကြောင့် လမ်းကြောင်းပြောင်း ပျံသန်းခွင့်ကို ဦးစွာ တောင်းခံခဲ့ပြီး ထို့နောက်တွင်မူ ဘာကီနာဖာဆိုသို့ ဦးလှည့် ပျံသန်းနိုင်ရန် ခွင့်တောင်း ခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံသည် AH5017 ပျက်ကျမှုတွင် ဦးဆောင်ဦးရွက် တာဝန်ယူထားသည်။ “ကျွန်တော်တို့ သေချာပေါက် သိထားတဲ့ တစ်ချက်က လေယာဉ်ပျက်ကျချိန်မှာ ရာသီဥတုက အရမ်းဆိုးနေတယ်။ လေယာဉ်အဖွဲ့သားတွေက ပထမတော့ လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံတယ်။ နောက်တော့ လေယာဉ်ကို ပြန်လှည့်ဖို့ ခွင့်တောင်းတယ်။ အဲဒီနောက်မှာ အဆက်အသွယ် လုံးဝ ပြတ်သွားတာပါပဲ”ဟု ဖေဘီယက်စ်က သတင်းထောက်များအား ဇူလိုင် (၂၈)ရက်က ပြောကြားခဲ့သည်။

ဇူလိုင်(၂၄)ရက်က ပျက်ကျသော MD-83 အမျိုးအစား လေယာဉ်နှင့် ပတ်သက်ပြီး စုံစမ်းမှု ရလဒ်များမှာ ရှုပ်ထွေးနေဆဲဟု ဖေဘီယက်စ်က ဝန်ခံသည်။ “အချိန်ယူရမှာ ဖြစ်သလို အင်မတန် ရှုပ်ထွေးတဲ့ အလုပ်ပါ”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ ဘာကီနာ ဖာဆိုနှင့် နယ်နိမိတ်အနီး မာလီပိုင်နက် အတွင်းရှိ လေယာဉ်ပျက်ကျရာ နေရာကို လတ်တလောတွင် ပြင်သစ်၊ မာလီ၊ နယ်သာလန်နှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များက လုံခြုံရေးယူ ထိန်းချုပ်ထားကြောင်းလည်း သိရှိရသည်။

BBC

No comments:

Post a Comment