Tuesday 29 July 2014

အချိုးကျကိုယ်စားပြု (PR) စနစ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်သူများ ရန်ကုန်မြို့၌ ဆန္ဒပြမည်

PR (အချိုးကျကိုယ်စားပြုစနစ်) ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြမှုကို သြဂုတ် ၉ ရက်တွင် ပြည်သူ ၂၀၀ ကျော်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
PR စနစ်အားဆန္ဒပြမှုကို မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီအဖွဲ့ဝင်များ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှား သူများနှင့် ပြည်သူများက ပူးပေါင်း၍ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်တို့တွင် စီတန်း လှည့်လှည် ဆန္ဒပြမှုများ၊ ဟောပြောပွဲမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါဝင်ခြင်းမရှိတဲ့ စနစ်တစ်ခုကို အကောင်အထည်ဖော်ဖို့ကြိုးစားရင် ဖွဲ့စည်းပုံကိုပါပြင်ရပါလိမ့်မယ်။ အခုပြည်သူတွေက ကိုယ်ယုံကြည်တဲ့သူကို အမှန်ခြစ်၊ အမှားခြစ် ပြီး ရွေးချယ်ဖို့ပဲသိကြတာပါ။ ရှုပ်ထွေးပြီးပြည်သူတွေနားမလည်တဲ့ နိုင်ငံရေးစနစ်ကို လက်မခံပါဘူး။ ဆန္ဒပြတဲ့အခါမှာလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက PR စနစ်အကြောင်း ပြည်သူတွေ သိအော င် ဟောပြော မှုတွေ ပြုလုပ်မှာပါ" ဟု ဆန္ဒပြရာ၌ပါဝင်မည့်သူတစ်ဦးဖြစ်သည့် မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီဝင် ဦးလှညွန့်က ဇူလိုင် ၂၈ ရက်တွင် ပြောကြားသည်။

အဆိုပါ ဆန္ဒပြပွဲပြုလုပ်ရန်အတွက် သက်ဆိုင်ရာသို့ အကြောင်းကြားစာကို ဇူလိုင် ၂၈ ရက်တွင်ပေးပို့ မည်ဖြစ်ပြီး ခွင့်ပြုချက်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပြုလုပ်သွားမည်ဖြစ်ကာ NLD ပါတီ ဗဟိုအလုပ် အမှုဆောင် ၏ စီစဉ်မှုများဖြင့်မဟုတ်ဘဲ မိမိတို့သဘောဆန္ဒဖြင့်သာ စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းကဆက် လက်ပြောကြားသည်။

ဆန္ဒပြရာတွင် "PR စနစ်အလိုမရှိ"၊ "တိုင်းရင်းသားသွေးစည်းညီညွတ်မှုကို ပျက်ပြားစေသည့်စနစ် အလို မရှိ" ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂၄ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ PR စနစ်နှင့်ပတ်သက်သည့် အဆို တင်သွင်းသည့်အတွက် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် များက ကန့်ကွက်ကြောင်း ဆန္ဒပြသည့်အနေဖြင့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ မတက်ရောက်ခဲ့ပေ။

ထို့ပြင် PR စနစ်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီခြင်း၊ တိုင်းရင်းသားစည်းလုံး ညီညွ တ်ရေးနှ င့် ပြည်တွင်းငြိမ်းချမ်းရေးတို့ကို ထိခိုက်စေနိုင်ခြင်းကြောင့် ကျင့်သုံးရန်မသင့်ကြောင်း NLD ပါတီနှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များက ဇူလိုင် ၂၅ ရက်တွင် ပြည်သူ့လွှတ်တော် အစည်းအဝေး ၌ ဆွေးနွေး ခဲ့ကြသည်။

အလားတူ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် PR စနစ်ကျင့်သုံးရန်အဆိုကို အမျိုးသားလွှတ်တော်၌ ပြီးခဲ့သည့်ဇွန်က လက်ခံဆွေးနွေးရန် သင့် မသင့် မဲခွဲဆုံးဖြတ်ရာတွင် ဆွေးနွေးရန်ဆန္ဒပြုသူများသဖြင့် လွှတ်တော်၌ဆွေးနွေးခဲ့ပြီးဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များက အဆိုကိုဆွေးနွေးပြီးနောက် မဲခွဲ ဆုံးဖြတ်ရာတွင် အတည်ဖြစ်ခဲ့၍ အမျိုးသားလွှတ်တော် PR စနစ် အကောင်အထည်ဖော်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။

PR စနစ်တွင် ပါတီကိုသာ မဲပေးရွေးချယ်ရသောစနစ်၊ ကိုယ်စားလှယ်လောင်းအား တစ်ကြိမ်၊ ပါတီအား တစ်ကြိမ် မဲပေးရွေးချယ်ရသောစနစ်၊ ကိုယ်စားလှယ်လောင်းအား တစ်ကြိမ်၊ ပါတီအားတစ်ကြိမ် မဲပေးရွေး ချယ် ရမည်ဖြစ်သော်လည်း လူပုဂ္ဂိုလ်အား နေရာအများစုပေးထားသောစနစ်နှင့် ကိုယ်စားလှယ်လောင်းများ အနက် မိမိတို့နှစ်သက်မှုအရ ဦးစားပေး နံပါတ်စဉ် ၁၊ ၂၊ ၃၊ ၄ တပ်ပြီး ရွေးချယ်ရသောစနစ် စသည့်ဖြင့် ပုံသဏ္ဌာန်လေးမျိုးရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment