Tuesday 29 July 2014

လိုင်ဇာညီလာခံတတိယနေ့တွင် ကုလနှင့် တရုတ်ကိုယ်စားလှယ် တက်ရောက်

Photo: လိုင်ဇာညီလာခံတတိယနေ့တွင် ကုလနှင့် တရုတ်ကိုယ်စားလှယ် တက်ရောက်
Tuesday, July 29, 2014

လိုင်ဇာမြို့တွင်ပြုလုပ် လျက်ရှိသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့၏ ထိပ်သီးအစည်းအဝေး တတိယနေ့သို့ ကုလသမဂ္ဂနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ အထူးကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

NCCT ထိပ်သီးအစည်း အဝေးတတိယနေ့ မွန်းလွဲပိုင်းအစီ အစဉ်တွင် ကုလသမဂ္ဂအထူး ကိုယ်စားလှယ်မစ္စတာ ဘီဂျေနမ် ဘီးယားနှင့်အဖွဲ့၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အာရှရေးရာအထူး အကြံပေးအဖွဲ့မှ မစ္စတာတန်ယန်းနှင့်အဖွဲ့တို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

NCCT ထိပ်သီးအစည်း အဝေးသို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန် ကီမွန်းကလည်း သဝဏ်လွှာပေးပို့ ခဲ့သည်။ ကုလအထူးကိုယ်စား လှယ် မစ္စတာနမ်ဘီးယားက နှုတ် ဆက်အမှာစကား ပြောကြားခဲ့ သည်။

‘‘တစ်နိုင်ငံလုံးရဲ့ရှေ့ရေးကို ဒီဆွေးနွေးပွဲကနေ အကောင်းဆုံး ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါ တယ်’’ဟု မစ္စတာဘန်ကီမွန်းက သဝဏ်လွှာပေးပို့သည်။

အစည်းအဝေးတွင် တရုတ် နိုင်ငံမှ ကိုယ်စားလှယ်မစ္စတာတန် ယန်းက ၎င်း၏မြန်မာအမည်မှာ ထွန်းလွင်ဖြစ်ပြီး အစည်းအဝေး သို့တက်ရောက်ရန် စီစဉ်ထား သည့်တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဝမ်ယိဖန်း မတက်ရောက်နိုင်၍ ကိုယ်စားတက်ရောက်ခြင်းဖြစ် ကြောင်း နှုတ်ဆက်အမှာစကား ကိုမြန်မာဘာသာဖြင့် ပြောကြားခဲ့ သည်။

တရုတ် အထူးကိုယ်စား လှယ်က ၎င်းတို့နိုင်ငံတွင် နိုင်ငံ ရေးနှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံသားများအနေဖြင့် တည်ငြိမ် အေးချမ်းမှု၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုများခံစားနေပြီဖြစ်ကြောင်းဆက်လက်ပြောသွားသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် တည်ငြိမ်မှုရှိရမည်ဖြစ်ပြီး မြန်မာ နိုင်ငံအနေဖြင့် နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်ပဋိပက္ခကို မဖြေရှင်းနိုင်သေးဘဲ စီးပွားရေး တိုးတက်မှုနည်းကွေးနေကြောင်း တရုတ်အထူးကိုယ်စားလှယ်က ပြောကြားသည်။

‘‘အမှန်အတိုင်းပြောမယ်ဆို ရင် တစ်ကမ္ဘာလုံးလည်း တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ပြောမယ်ဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့အရှိန် ဟာ နှေးကွေးနေပါတယ်။ နောက်ကျနေပါတယ်။ အဲဒါကို ကျွန် တော်တို့မလိုလားပါဘူး။ အိမ်နီး ချင်းအနေနဲ့ ကျွန်တော်တို့မလို လားပါဘူး’’ဟုဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် တွင် လိုအပ်ချက်များ ရှိပါက အတတ်နိုင်ဆုံးကူညီပံ့ပိုးပေးသွား မည်ဟု တရုတ်နှင့်ကုလအထူး ကိုယ်စားလှယ်များကဆိုသည်။

NCCT ထိပ်သီးအစည်း အဝေးသည် ဇူလိုင် ၂၈ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ဇူလိုင် ၂၉ ရက် တွင် NCCT အဖွဲ့ဝင်မဟုတ်သည့် တိုင်းရင်းသားအဖွဲ့များဖြင့် ညီ လာခံဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY
လိုင်ဇာမြို့တွင်ပြုလုပ် လျက်ရှိသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့၏ ထိပ်သီး အစည်းအဝေး တတိယနေ့သို့ ကုလသမဂ္ဂနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ အထူးကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

NCCT ထိပ်သီးအစည်း အဝေးတတိယနေ့ မွန်းလွဲပိုင်းအစီ အစဉ်တွင် ကုလသမဂ္ဂအထူး ကိုယ်စားလှယ် မစ္စတာ ဘီဂျေနမ် ဘီးယားနှင့်အဖွဲ့၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အာရှရေးရာအထူး အကြံပေးအဖွဲ့မှ မစ္စတာတန်ယန်းနှင့်အဖွဲ့တို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

NCCT ထိပ်သီးအစည်း အဝေးသို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန် ကီမွန်းကလည်း သဝဏ်လွှာပေးပို့ ခဲ့သည်။ ကုလအထူးကိုယ်စား လှယ် မစ္စတာနမ်ဘီးယားက နှုတ် ဆက်အမှာစကား ပြောကြားခဲ့ သည်။

‘‘တစ်နိုင်ငံလုံးရဲ့ရှေ့ရေးကို ဒီဆွေးနွေးပွဲကနေ အကောင်းဆုံး ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါ တယ်’’ဟု မစ္စတာဘန်ကီမွန်းက သဝဏ်လွှာပေးပို့သည်။

အစည်းအဝေးတွင် တရုတ် နိုင်ငံမှ ကိုယ်စားလှယ်မစ္စတာတန် ယန်းက ၎င်း၏မြန်မာအမည်မှာ ထွန်းလွင် ဖြစ်ပြီး အစည်းအဝေး သို့တက်ရောက်ရန် စီစဉ်ထား သည့်တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဝမ်ယိဖန်း မတက်ရောက်နိုင်၍ ကိုယ်စားတက်ရောက်ခြင်းဖြစ် ကြောင်း နှုတ်ဆက်အမှာစကား ကိုမြန်မာဘာသာဖြင့် ပြောကြားခဲ့ သည်။

တရုတ် အထူးကိုယ်စား လှယ်က ၎င်းတို့နိုင်ငံတွင် နိုင်ငံ ရေးနှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှု များပြုလုပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံသားများအနေဖြင့် တည်ငြိမ် အေးချမ်းမှု၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုများ ခံစားနေပြီဖြစ်ကြောင်းဆက်လက်ပြောသွားသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် တည်ငြိမ်မှုရှိရမည်ဖြစ်ပြီး မြန်မာ နိုင်ငံအနေဖြင့် နှစ်ပေါင်း ၆၀ ကျော် လက်နက် ကိုင် ပဋိပက္ခကို မဖြေရှင်းနိုင်သေးဘဲ စီးပွားရေး တိုးတက်မှုနည်းကွေးနေကြောင်း တရုတ်အထူး ကိုယ်စား လှယ် က ပြောကြားသည်။

‘‘အမှန်အတိုင်းပြောမယ်ဆို ရင် တစ်ကမ္ဘာလုံးလည်း တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ပြောမယ်ဆိုရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့အရှိန် ဟာ နှေးကွေးနေပါတယ်။ နောက်ကျနေပါတယ်။ အဲဒါကို ကျွန် တော်တို့မလိုလား ပါဘူး။ အိမ်နီး ချင်းအနေနဲ့ ကျွန်တော်တို့မလို လားပါဘူး’’ဟုဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် တွင် လိုအပ်ချက်များ ရှိပါက အတတ်နိုင်ဆုံးကူညီပံ့ပိုးပေးသွား မည်ဟု တရုတ် နှင့် ကုလအထူး ကိုယ်စားလှယ်များကဆိုသည်။

NCCT ထိပ်သီးအစည်း အဝေးသည် ဇူလိုင် ၂၈ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ဇူလိုင် ၂၉ ရက် တွင် NCCT အဖွဲ့ဝင် မဟုတ်သည့် တိုင်းရင်းသားအဖွဲ့များဖြင့် ညီ လာခံဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment