Tuesday 29 July 2014

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများ အထောက်အထားပြုလုပ်မှု သတ်မှတ် ငွေကြေးထက် များစွာ ပေးဆောင် နေရဟု ဆို

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းအစိုးရက အထောက်အထားများ ထုတ်ပေးလျက်ရှိ ရာ လုပ်ငန်းရှင်များ၏ တာဝန်ပျက်ကွက်မှုကြောင့် လုပ်သားများမှာ သတ်မှတ် ငွေကြေးထက် အဆများစွာ ပိုမိုပေးဆောင်နေ ရကြောင်း ထိုင်းနိုင်ငံ အခြေ ဆိုက်မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်ကပြောသည်။
ပြီးခဲ့သည့် ဇွန်လ (၃၀) ရက်နေ့မှ စတင်ကာ အထောက် အထားမဲ့ လုပ်သားများကို ထိုင်းအစိုးရက နှစ်လသက်တမ်းရှိ အထောက်အထားများကို (၁၃၀၅) ဘတ်သာ ကောက်ခံ၍ ဆောင်ရွက်ပေးနေကြောင်း သိရ သည်။ ယင်းကဲ့သို့ အထောက်အထားပြုလုပ်ရာတွင် လုပ်ငန်းရှင်က အဆိုပါ အထောက်အထားပြု လုပ်မည့် လုပ်သားကိုတာဝန်ယူကာ ကိုယ်တိုင်လာ ရောက်လျှောက်ထားမှသာ အထောက်အထားများ ထုတ်ပေးနိုင်မည်ဟု ထိုင်းဥပဒေက သတ်မှတ်ထားသည်။

သို့သော်လည်း ထိုင်းလုပ်ငန်းရှင်များက ၎င်း တို့လုပ်သားများကို ဆောင်ရွက်ပေးရမည့် ကိစ္စများကို ပျက်ကွက်ခဲ့ခြင်းကြောင့် လုပ်သားများမှာကြား ပွဲစားများ အကူအညီယူ၍ သတ်မှတ်ငွေကြေး ဘတ် (၁၀၀၀) ကျော်အစား၊ ဘတ်ငွေ (၃၅၀၀) မှ (၄၀၀၀) ခန့်အထိ ပေးဆောင်နေရခြင်း ဖြစ်ကြောင်းသိ ရသည်။

ထိုင်းနိုင်ငံသားမှန်ရင် လုပ်ငန်းရှင် ဖြစ်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေက ပြဋ္ဌာန်းထားတော့ အလုပ်ရှင်လိုက်ပြီး မဆောင်ရွက်ပေးတဲ့ လုပ်သားတွေက ထိုင်းနိုင်ငံသား ပွဲစားတွေကိုပဲ အားကိုးလုပ်နေကြ ရတယ်။ ခုဆို မဟာချိုင်မှာ ဆိုင်ကယ်ကယ်ရီသမား ကအစ ကယ်ရီ မမောင်းဘဲ ပွဲစားလုပ်စားနေ ကြတယ် ဟု ၎င်း က ဆက်ပြောသည်။

ထိုင်းနိုင်ငံအစိုးရက အထောက်အထား လုံးဝမရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအပြင် လေးနှစ်ဗီဇာသက် တမ်းကုန်ဆုံးနေသော မြန်မာ ရွှေ့ပြောင်း လုပ်သားများကိုပါ အထောက်အထား သက်တမ်းတိုးပေးမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ လုပ်သားများကိုလည်း အလုပ်ရှင် များက အထောက်အထားပြု လုပ်ရန် လိုက်လံ ဆောင်ရွက်ပေးခြင်းမရှိဘဲ အေဂျင်စီများနှင့် ပြောင်းလွဲ ဆောင်ရွက်စေခဲ့စေ သာကြောင့် ယင်းဗီဇာ သက်တမ်းကုန် လုပ်သားများမှာလည်း သတ်မှတ်ငွေကြေးထက် ပိုမိုကုန်ကျနေရကြောင်း သိရသည်။ 

ဗီဇာရှိတဲ့ သူတွေကို ထိုင်းအစိုးရက နှစ်မျိုးခွဲပြီး သတ်မှတ်ထားတဲ့ နှုန်းထားနဲ့ ငွေကြေးသတ်မှတ် ကောက်ခံတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေက သူတို့ကိုယ်တိုင် မဆောင်ရွက်ဘဲ အေဂျင်စီတွေ လက်ထဲအပ်ပြီး ဆောင်ရွက်တော့ လုပ်သားတွေ ပိုပေးနေ ရတယ်။ အဲဒါကို G to G ဆောင်ရွက်ပေးနိုင်မှ အလုပ်သမားတွေ အတွက် အဆင်ပြေလိမ့်မယ် ဟု အဆိုပါကွန်ရက်မှ ပြန်ကြားရေးတာဝန်ခံ ဦးစိန်ဌေးက ပြောသည်။

အဆိုပါ ဗီဇာသက်တမ်း ကုန်ဆုံးနေသော မြန်မာလုပ်သား များကို လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ ပုံစံ နှုန်းထား နှစ်မျိုး သတ်မှတ်ကောက်ခံ လျက်ရှိရာ ပထမနှုန်းထားကို ဘတ် (၃၀၀၀) သတ်မှတ်ထားပြီး ဒုတိယ တစ်မျိုးကို ဘတ် (၈၅၀၀) သတ်မှတ်ထားသည်။ သို့သော်လည်း လုပ်ငန်းရှင် ကိုယ်တိုင် မဆောင်ရွက်ဘဲ ပွဲစားမှ တစ်ဆင့် ဆောင်ရွက်ရ သောကြောင့် ဘတ်ငွေ (၇၀၀၀) မှ (၈၀၀၀) ကြားပေးနေရကြောင်း သိရ သည်။ 

ဒါကို ထိုင်းအစိုးရကပဲ တာဝန်ယူ ဆောင်ရွက် လုပ်ဆောင်နေတာ ဖြစ်ပြီး၊ ထိုင်းလူမျိုးပွဲစားတွေ ကပဲ လုပ်နေတာ ဆိုတော့ ကျွန်တော်တို့ဘက်က မလုပ်ပါနဲ့လို့ ၀င်ရောက် ပြောဆိုလို့ မရဘူး။ ဒီကိစ္စကို ကာကွယ်ပေးပါလို့ပဲ ထိုင်းအစိုးရကို ပြောလို့ရမယ် ဟု အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်ဦးမျိုးအောင် က ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ ပြောင်းလုပ်သား သုံးသန်းကျော်ရှိသည့် အနက် ဗီဇာသက်တမ်း ကုန်ဆုံးနေသော လုပ်သားတစ်သိန်းကျော်နှင့် အထောက်အထားရှိသော လုပ်သား (၁ ဒသမ ၇) သန်း ရှိပြီး၊ ကျန်လုပ်သားမှာ အထောက်အထားပြုလုပ်ရန် လိုအပ်နေသူများ ဖြစ်ကြောင်း အလုပ်သမား ၀န်ကြီးဌာနမှ သိရသည်။

ထိုင်းအစိုးရက ထုတ်ပေးနေသော နှစ်လ သက်တမ်းရှိ အထောက်အထား များမှာ အလုပ်အကိုင် နိုင်ရန် အတွက် ထုတ်ပေးထားခြင်း မဟုတ်ဘဲ သက်တမ်းကာလ အတွင်း မြန်မာအစိုးရက ပြုလုပ်ပေးမည့် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း အထောက်အထား ပြုလုပ်ရန် အတွက်သာ ဖြစ်သည်။ အဆို ပါ ထောက်ထားရရှိမှသာ ထိုင်းအစိုးရက ၎င်းတို့ နိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပြုလုပ်ပေးမည် ဖြစ်သည်။

Messenger News Journal

No comments:

Post a Comment