Tuesday 29 July 2014

ငွေမပေးနိုင်၍ KIA ဖမ်းဆီးသွားသော အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူး ချုပ်နှောင်ခံထားရ

Photo: ငွေမပေးနိုင်၍ KIA ဖမ်းဆီးသွားသော အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူး ချုပ်နှောင်ခံထားရ
Tuesday, July 29, 2014

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ ဆယ်ဇင်းကျေးရွာအပိုင်၊ ဝေကန်မှော်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးအား တောင်းသည့်ငွေ မပေးနိုင်၍ ဇူလိုင် ၁၇ ရက်နေ့တွင် KIA အဖွဲ့မှ ဖမ်းဆီးသွားပြီး ချုပ်နှောင် ထားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

KIA အဖွဲ့သည် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင် နေအိမ်သို့ ရောက်ရှိလာပြီး ငွေ ၅ သိန်းပေးရန် တောင်းရာ အဆင်မပြေသဖြင့် ငွေလျော့ယူရန် ပြောသော်လည်း လက်မခံဘဲ ထိုးကြိတ်ရိုက်နှက်ကာ အတွင်းရေးမှူး ဦးမောင်ကြီးနှင့်အတူ ဖမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

“ ငွေ ၅ သိန်း ပေးဆိုပြီး လာတောင်းတယ်၊ ကိုမြင့်လွင် က အဲဒီလောက်ငွေ မတတ်နိုင်တဲ့အတွက် ရှိတဲ့ငွေ ၁ သိန်းပဲ ယူသွားပါဆိုပြီး တောင်းပန်တာ မရဘူး၊ တောင်းတဲ့ငွေ မပြည့်လို့ ဟိုသတင်းပေးတယ် ဒီသတင်းပေး တယ်ဆိုပြီး ဖမ်းသွားတာ ” ဟု အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူက ပြောသည်။

ဖမ်းဆီးခံရသော အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးအား KIA အဖွဲ့မှ တပ်ရင်း(၂၆)ဌာနချုပ် အချုပ်ခန်းတွင် ချုပ်နှောင်ထားကြောင်း အတွင်းရေးမှူး၏ ဇနီးဖြစ်သူအား လာရောက်သတင်းပေးသဖြင့် ပြန်လည်လွတ်မြောက် ရေး ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

“ ကျွန်မက ကိုမောင်ကြီးရဲ့ ဇနီး ဒေါ်လှဂျာ ပါ ၊ ကချင် တိုင်းရင်းသူစစ်ပါရှင်၊ ကျွန်မတို့ သိကျွမ်းတဲ့ KIA တပ်ဖွဲ့ဝင် တချို့ဆီကနေ သတင်းရပါတယ်၊ ကိုမောင်ကြီးတို့ ၂ ယောက်ကို အချုပ်ခန်းထဲမှာ ချုပ်ထားတယ်၊ ဒါ့ကြောင့် ကျွန်မ ဖုန်းဆက်ပြီး နောင်လွတ်ခရိုင်ရုံးကို လှမ်းတောင်းပန်ပါတယ်၊ ငွေပေးပါ့မယ်၊ လွှတ်ပေးပါလို့ ပြောတာ လုံးဝ ငြင်းလိုက်တယ် ” ဟု ယင်းက ပြောကြားသွားသည်။

ဒေါ်လှဂျာ မှ ဇူလိုင် ၂၂ ရက်နေ့တွင် ဖုန်းဖြင့် ဆက်သွယ်၍ မေးမြန်းခဲ့သော်လည်း KIA အဖွဲ့မှ ထိန်းသိမ်းထား ခြင်းမရှိဟု ငြင်းဆိုခဲ့ကြောင်းနှင့် ဦးမြင့်လွင်နှင့် ဦးမောင်ကြီး တို့ နှစ်ဦးသည် ဇူလိုင် ၂၈ ရက်နေ့အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်း သိရှိရပါသည်။

ရဲမာန်သော်
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ ဆယ်ဇင်းကျေးရွာအပိုင်၊ ဝေကန်မှော်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးအား တောင်းသည့်ငွေ မပေးနိုင်၍ ဇူလိုင် ၁၇ ရက်နေ့တွင် KIA အဖွဲ့မှ ဖမ်းဆီးသွားပြီး ချုပ်နှောင် ထားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

KIA အဖွဲ့သည် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင် နေအိမ်သို့ ရောက်ရှိလာပြီး ငွေ ၅ သိန်းပေးရန် တောင်းရာ အဆင်မပြေသဖြင့် ငွေလျော့ယူရန် ပြောသော်လည်း လက်မခံဘဲ ထိုးကြိတ်ရိုက်နှက်ကာ အတွင်းရေးမှူး ဦးမောင်ကြီးနှင့်အတူ ဖမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

“ ငွေ ၅ သိန်း ပေးဆိုပြီး လာတောင်းတယ်၊ ကိုမြင့်လွင် က အဲဒီလောက်ငွေ မတတ်နိုင်တဲ့အတွက် ရှိတဲ့ငွေ ၁ သိန်း ပဲ ယူသွားပါဆိုပြီး တောင်းပန်တာ မရဘူး၊ တောင်းတဲ့ငွေ မပြည့်လို့ ဟိုသတင်းပေးတယ် ဒီသတင်းပေး တယ်ဆိုပြီး ဖမ်းသွားတာ ” ဟု အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူက ပြောသည်။

ဖမ်းဆီးခံရသော အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးအား KIA အဖွဲ့မှ တပ်ရင်း(၂၆)ဌာနချုပ် အချုပ်ခန်းတွင် ချုပ်နှောင်ထားကြောင်း အတွင်းရေးမှူး၏ ဇနီးဖြစ်သူအား လာရောက်သတင်းပေးသဖြင့် ပြန်လည်လွတ်မြောက် ရေး ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

“ ကျွန်မက ကိုမောင်ကြီးရဲ့ ဇနီး ဒေါ်လှဂျာ ပါ ၊ ကချင် တိုင်းရင်းသူစစ်ပါရှင်၊ ကျွန်မတို့ သိကျွမ်းတဲ့ KIA တပ်ဖွဲ့ ၀င် တချို့ဆီကနေ သတင်းရပါတယ်၊ ကိုမောင်ကြီးတို့ ၂ ယောက်ကို အချုပ်ခန်းထဲမှာ ချုပ်ထားတယ်၊ ဒါ့ကြောင့် ကျွန်မ ဖုန်းဆက်ပြီး နောင်လွတ်ခရိုင်ရုံးကို လှမ်းတောင်းပန်ပါတယ်၊ ငွေပေးပါ့မယ်၊ လွှတ်ပေးပါလို့ ပြောတာ လုံးဝ ငြင်းလိုက်တယ် ” ဟု ယင်းက ပြောကြားသွားသည်။

ဒေါ်လှဂျာ မှ ဇူလိုင် ၂၂ ရက်နေ့တွင် ဖုန်းဖြင့် ဆက်သွယ်၍ မေးမြန်းခဲ့သော်လည်း KIA အဖွဲ့မှ ထိန်းသိမ်းထား ခြင်းမရှိဟု ငြင်းဆိုခဲ့ကြောင်းနှင့် ဦးမြင့်လွင်နှင့် ဦးမောင်ကြီး တို့ နှစ်ဦးသည် ဇူလိုင် ၂၈ ရက်နေ့အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်း သိရှိရပါသည်။

ရဲမာန်သော်

No comments:

Post a Comment