Wednesday 9 July 2014

ကမ္ဘာ့အမွေအနှစ်ဒေသမှ မျှော်လင့်ချက်

Photo: ကမ္ဘာ့အမွေအနှစ်ဒေသမှ မျှော်လင့်ချက်
Wednesday, July 9, 2014 

ပျူမြို့ဟောင်းသုံးမြို့ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ခဲ့ပြီးနောက် ပိုင်း သရေခေတ္တရာမြို့ဟောင်း တည်ရှိရာမှ ဒေသခံများက ဒေသတွင်း စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ မည်ကဲ့သို့ ပေါ်ပေါက် ဖွံ့ဖြိုးလာမည်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်မျှော်လင့်နေကြသည်။

‘‘ကိုယ့်ရပ်ကိုယ့်ဒေသမှာ ပြည်တွင်း၊ ပြည်ပ ဧည့်သည်တွေ လာရောက်မှာကို၊ စည်စည်ကားကား ဖြစ်လာမှာကို ကြည့်ချင်တယ်။ နိုင်ငံခြားသားတွေဝင်လာပြီး ဘာပဲရောင်းရောင်း ဈေးရောင်းကောင်းလိမ့်မယ်လို့ ထင်တယ်’’ဟု သရေခေတ္တရာမြို့ဟောင်းအတွင်းရှိ မှော်ဇာဈေးရပ်ကွက်တွင် ဈေးရောင်းနေသော ဒေါ်စန်းစန်းအေးကပြောသည်။

ယခင် ပျူခေတ်လက်ရာပုံစံ ပုတီးနှင့် ကျောက်လက်စွပ်များ ပြုလုပ်ရောင်းချခဲ့ရာ အလုပ်မကောင်း၍ နားထားသော ဒေသခံတစ်ဦးကလည်း ခရီးသွားများရောက်လာလျှင် ပျူခေတ်ပုတီး၊ ကျောက်လက်စွပ် ပြန်လုပ်ရောင်းချရန် မျှော်လင့်နေလေသည်။

ပျူမြို့ဟောင်းသုံးမြို့ဖြစ်သော သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းတို့ကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် (World Heritage List) အဖြစ် ဇွန်လ ၂၂ ရက်က သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယူနက်စကိုက အသိအမှတ်ပြုလိုက်ပြီးနောက် ယင်းအခြေအနေကို အသုံးချပြီး စီးပွားရေးအခွင့်အလမ်းကောင်းများ အစိုးရအနေဖြင့် ဖန်တီးနိုင်ကြောင်း၊ ခရီးသွားလုပ်ငန်းကိုအခြေခံပြီး စီးပွားရေးအခွင့်အလမ်းများကို အကောင်အထည် ဖော်နိုင်သောကြောင့် နိုင်ငံအတွက် ကောင်းမွန်နိုင်ကြောင်း သမိုင်းပညာရှင်များက ပြောသည်။

ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်းသုံးမြို့မှာ ရှေးလွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ကစတင်၍ ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး မြန်မာနိုင်ငံ၏ ရှေးအကျဆုံးသော မြို့ဟောင်းများ ဖြစ်သည်။

မြို့ဟောင်းသုံးခုတွင် သရေခေတ္တရာမှာ အကျယ်ဝန်းဆုံးနှင့် လူနေအများဆုံးဖြစ်သည်။ ၎င်းမြို့ဟောင်းမှာ စတုရန်းကီလိုမီတာသုံးထောင်ကျယ်ပြီး လက်ရှိတွင် ရွှေတံခါးရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၇ ရွာ၊ နေအိမ်ပေါင်း သုံးထောင်ကျော်ရှိသည်။ ဟန်လင်းမှာ စတုရန်းကီလိုမီတာတစ်ထောင်၊ ဗိဿနိုးမှာ စတုရန်းကီလိုမီတာ ၂၂၉၀ ကျော် ကျယ်ဝန်းပြီး မြို့ဟောင်းနှစ်ခုတွင် ကျေးရွာတစ်ရွာစီသာရှိသည်။

ဒေသခံများမှာ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်နေကြသည်။

ပျုမြို့ဟောင်းသုံးမြို့အနက် သရေခေတ္တရာ ပျူမြို့ဟောင်းသည် ပျူခေတ်ယဉ်ကျေးမှု အထွန်းကားဆုံးမြို့ဟောင်းဖြစ်ပြီး ကုန်သွယ်မှု၊ ယဉ်ကျေးမှုလက်ရာများ၊ စေတီ၊ မြို့ရိုး၊ ရုပ်ပွားတော်တို့မှာ ပျူခေတ်ကို အခိုင်အမာဖော်ပြနိုင်သည်။ ရွှေဆံတော်ဘုရား၊ ဘုရားကြီးဘုရား၊ ဘုရားမာဘုရား၊ ဘောဘောကြီးဘုရား၊ ရဟန္တာဂူဘုရားနှင့် မြို့ရိုးနှစ်ထပ်၊ တံခါးပေါက်ဝများ စသည်တို့မှာ ပျူခေတ်ကို အခိုင်အမာဖော်ပြနိုင်ခဲ့သည်။

ဟန်လင်းပျူမြို့ဟောင်းမှာ ပျူခေတ်ယဉ်ကျေးမှုထွန်းကားခဲ့ခြင်းကို မြေပြင်တွင်ဖော်ပြရန် အားနည်းချက်များရှိသည်ဟု ထင်ခဲ့သော်လည်း ICOMOS မှ လာရောက်စစ်ဆေးသည့်အခါ ဟန်လင်းမြို့ဟောင်းမှာ မြေအောက်တွင် ပျူခေတ်ယဉ်ကျေးမှုများ ထွန်းကားမှု အခိုင်အမာရှိခဲ့ကြောင်း သိရပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခြင်း ဖြစ်သည်။

‘‘ကမ္ဘာ့အမွေအနှစ်ဝင်တဲ့အခါ နိုင်ငံတော်အတွက် ၀င်ငွေတိုးလာသလို ဒေသခံတွေအတွက် စီးပွားရေးလုပ်ကွက်တွေ၊ အလုပ်ကိုင်အခွင့်အလမ်းတွေ ရှိလာမယ်။ ဒေသထွက်နှမ်းယို၊ မြေပဲယိုအစားအစာတွေ ပြုလုပ်ရောင်းချလို့ရတယ်။ ပျူယဉ်ကျေးမှုအမွေနှစ်ပုံစံတူ ပြုလုပ်ရောင်းချတာတို့ အင်္ကျီတွေမှာ တံဆိပ်ရိုက်ရောင်းချတာ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုလာမယ်’’ဟု ဒေသခံများနှင့်တွေ့ဆုံစဉ် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီးဒေါ်စန္ဒာခင်က ဇူလိုင် ၅ ရက်တွင် ပြောသည်။

မြို့ဟောင်းသုံးမြို့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ပြီးနောက် သိသာသော အပြောင်းအလဲမှာ ဇုန်အတွင်းရှိ မြေဈေးများ မြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံများနှင့် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ ရှေးဟောင်းဇုန်အတွင်းရှိ အချက်အချာကျသော မြေနေရာများသည် ယခင်က တစ်ဧကလျှင် ကျပ် ၁၅ သိန်းဝန်းကျင်ခန့်သာ ပေါက်ဈေးရှိသော်လည်း ကမ္ဘာ့အမွေအနှစ် ၀င်ပြီးနောက်ပိုင်းတွင် တစ်ဧကသိန်းတစ်ရာဝန်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်နေကြောင်း ဒေသခံများကပြောသည်။

‘‘မြေတွေကို ဈေးကောင်းပေးလိုက်ဝယ်နေတယ်ဆိုတော့ ဒေသခံတွေအတွက် ၀မ်းသာပါတယ်။ ဒါပေမဲ့ လက်ရှိကျေးရွာဧရိယာရဲ့ အပြင်ဘက်မြေတွေမှာ ကြီးကြီး၊ သေးသေး ဘာအဆောက်အအုံမှ ဆောက်ခွင့်မပြုသလို အဆင့်မြင့် စားသောက်ဆိုင်တွေလည်း ဖွင့်ခွင့်မပြုဘူး။ ကော်ဖီဆိုင်၊ ဒေသအစားအစာ၊ ပစ္စည်းရောင်းချမယ့် ဆိုင်လေးတွေ ထားရှိဖို့ကိုတောင် Physical Master Plan ဆွဲကြရဦးမှာ’’ဟု သရေခေတ္တရာ ရှေးဟောင်းဇုန်မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ကပြောသည်။

ရှေးဟောင်းဇုန်အတွင်း စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်လိုပါက ယူနက်စကိုမှ ထုတ်ပြန်ထားသော သတ်မှတ်ချက် စည်းကမ်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက်သွားရန်လိုသည်။ ဇုန်အတွင်း အဆင့်မြင့်စားသောက်ဆိုင်ကြီးများ၊ ဟိုတယ်၊ မိုတယ်များ ဆောက်လုပ်ခွင့်မပြုဘဲ ရှေးဟောင်းအဆောက်အအုံကြီးများနှင့် နီးကပ်သော နေရာများတွင် ယဉ်ကျေးမှုအမွေအနှစ်များကို ထိခိုက်စေနိုင်မည့် အဆောက်အအုံများ၊ ဟိုင်းဝေးလမ်းမကြီးများကို ဖောက်လုပ်ခွင့်မပြုသလို ဇုန်အတွင်း ကျူးကျော်ဆောက်လုပ်ခြင်းကို ခွင့်မပြုတော့ကြောင်း ဦးအောင်ကျော်က ရှင်းပြသည်။ ထို့အပြင် ဇုန်အတွင်းရှိနေသော အဆောက်အအုံများ ပျက်စီးယိုယွင်းလာပါက စည်းကမ်းချက်နှင့်အညီ ပြုပြင်နိုင်သည်။ ဇုန်အတွင်း ကျေးရွာများတွင် နေအိမ်သစ်များ ဆောက်လုပ်လိုပါက ဌာန၏ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ရမည်ဖြစ်သည်။ သို့သော် အဆောက်အအုံအရေအတွက်ကို စာရင်းကောက်ယူထားမည်ဖြစ်ပြီး ကျေးရွာပြင်ပတွင် မည်သည့်အဆောက်အအုံမှ ဆောက်လုပ်ခွင့်မပြုပေ။

၂၀၁၃ ခုနှစ်အတွင်း ကျူးကျော်အဆောက်အအုံငါးလုံး ဖယ်ရှားခဲ့ပြီး ယခုနှစ်အတွင်း ၀င်ရောက်ဆောက်လုပ်သော ကျူးကျော်အဆောက်အအုံ ၂၁ လုံးကိုလည်း ဖယ်ရှားသွားမည်ဖြစ်သည်။

‘‘ဇုန်အဖြစ် မသတ်မှတ်ခင်နဲ့ ခုအချိန်အထိ နည်းနည်းပါးပါး ခက်ခဲတာလောက်တော့ အဆင်ပြေသလိုပဲ နေသွားရတာပေါ့။ ရွာထဲမှာ အိမ်ဆောက်ရင် ဇုန်ရဲ့သတ်မှတ်ချက်တွေနဲ့ ဆောက်ပေးရတယ်။ မြေတူးရင်း ရှေးဟောင်းပစ္စည်းတွေ ဘာတွေ တွေ့ရင်လည်း ဌာနကို အကြောင်းကြားဖို့မှာတယ်။ ကျေးရွာရဲ့အပြင်မှာ ကျူးကျော်ဆောက်ရင်တော့ ဖယ်ရှားခံရတယ်’’ဟု ဇုန်အတွင်း နေထိုင်သူတစ်ဦးကဆိုသည်။

ကမ္ဘာ့အမွေအနှစ်ဖြစ်လာသောကြောင့် ကမ္ဘာ့အဆင့်မီ ထိန်းသိမ်းစောင့်ရှောက်မှုများကို မလွဲမသွေလုပ်ဆောင်ရမည်ဖြစ်ပြီး စည်းကမ်းချက်အသစ်များရှိလာမည်မှာ သဘာဝဖြစ်ကြောင်း ရှေး/သုမှ ညွှန်ချုပ်ဦးကျော်ဦးလွင်က ပြောသည်။

ဇုန်များအတွင်း စိုက်ပျိုးရေးလုပ်ကိုင်မည်ဆိုပါက သဘာဝရှုခင်း၊ အပင်ဖွဲ့စည်းမှု၊ ရေအရင်းအမြစ်များကို ထိခိုက်မှုမရှိစေရန်၊ ပျူဒေသ၏ သမိုင်းဝင် လယ်ယာဥယျာဉ်ဆိုင်ရာ သဘာဝရှုခင်းများ မပျက်စီးစေသော သဘာဝမြေသြဇာသုံးပြီး စိုက်ပျိုးရန်အချက်များ ပါဝင်သော လက်ကမ်းစာစောင်များကိုလည်း ဒေါ်စန္ဒာခင်၏ခရီးစဉ်အပြီး ဒေသခံများသို့ ပေးဝေခဲ့သည်။

သို့သော် ဒေသခံများအတွက် စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် သဘာဝမြေသြဇာများကိုသာ အသုံးပြုများသည့်အတွက် ထိုစည်းကမ်းချက်များမှာ အခက်အခဲမရှိကြောင်း ဒေသခံများက ပြောသည်။

သရေခေတ္တရာရှေးဟောင်းဇုန်အတွင်းရှိ ရွှေကြို့ပင်ကျေးရွာမှ တောင်သူကိုမင်းစိုးက ‘‘စိုက်ပျိုးတာနဲ့ ပတ်သက်လို့ ကန့်သတ်တာတို့၊ စည်းကမ်းချက်တွေ ဘာမှလာမပြောသေးဘူး။ ကျွန်တော်တို့ကလည်း မိရိုးဖလာမြေသြဇာတွေဖြစ်တဲ့ နောက်ချေးတို့၊ ကြက်ချေး စတာတွေပဲ အသုံးများတယ်။ သဘာဝဓာတ်မြေသြဇာလည်း သုံးပါတယ်။ သီးနှံတွေ အောင်မြင်ပါတယ်’’ဟု ပြောသည်။

ယခုနှစ်တွင် မိုးကောင်းစွာရွာသွန်းသည့်အတွက် ဗူး၊ ခရမ်းသီး စသော ဥယျာဉ်သီးနှံများမှာ ကောင်းစွာဖြစ်ထွန်းအောင်မြင်နေသည်ကိုလည်း တွေ့ရသည်။

ကမ္ဘာ့အမွေအနှစ်ဝင်ပြီးနောက် ကမ္ဘောဒီးယားရှိ အန်ကောဝပ်သို့ တစ်နှစ်လျှင် နိုင်ငံခြားခရီးသည် တစ်သန်းခန့်လာရောက်ပြီး လက်ရှိတွင် ပျူမြို့ဟောင်းသုံးမြို့သို့ တစ်နှစ်လျှင် ငါးထောင်ကျော်သာ လာရောက်သော်လည်း နောင်တွင် ခရီးသွားများပြားလာမည်ဖြစ်ပြီး ဒေသခံများအတွက် စီးပွားရေးအလုပ်အကိုင်များ ပွင့်လာမည်ဖြစ်ကြောင်း ဦးကျော်လွင်ဦးကသုံးသပ်သည်။

သို့သော် ဒေသခံများအတွက် ပြည်တွင်း၊ ပြည်ပခရီးသွားများစွာ ၀င်ရောက်လာပါကလည်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော လုပ်ငန်းများကို လုပ်ကိုင်နိုင်သော ငွေကြေးအရင်းအနှီးများစွာ လိုမည်ဖြစ်သည်။ ထို့အပြင် မိရိုးဖလာ စိုက်ပျိုးရေးအလုပ်ကိုသာ တစ်စိုက်မတ်မတ် လုပ်ခဲ့သောကြောင့် ခရီးသွားနှင့်ဆက်စပ်သော လုပ်ငန်းများ လုပ်ကိုင်တတ်ရန် အစိုးရက ရှေ့ဆောင်လမ်းပြလုပ်ပြပြီး အရင်းအနှီးထုတ်ပေးပါက လုပ်ကိုင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ဒေသခံများက ၎င်းတို့၏မြို့ဟောင်းသုံးခုမှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို)၏ ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်သွားသည့်အတွက် ၀မ်းသာပြီး ပြည်တွင်းပြည်ပခရီးသွားများ ရောက်လာလျှင် စီးပွားရေးအခွင့်အလမ်းများ ပွင့်လာမည်ဟု ပြောနေကြသော်လည်း ၎င်းတို့တွင် မကြာမီရောက်လာနိုင်သော ခရီးသွားများအတွက် သေချာရေရာသော အစီအစဉ်မရှိကြပါ။

‘‘မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအများစုက ယဉ်ကျေးမှုကို အခြေခံပြီး စီးပွားရေးကောင်းကောင်းလုပ်လို့ရတယ်။ ဒေသခံတွေ အကျိုးရှိစေတဲ့ စီးပွားရေးကို အခြေခံရင် ထိန်းသိမ်းရေးလုပ်ငန်းမှာ ဒေသခံတွေ ပူးပေါင်းပါဝင်လာနိုင်တယ်။ အရင်းရှင်တွေကိုသာ လုပ်ပိုင်ခွင့်ပေးမယ်ဆိုရင်တော့ သူတို့တွေ ပူးပေါင်းပါဝင်မှုအားနည်းလာလိမ့်မယ်’’ဟု သမိုင်းပညာရှင် စိုင်းအောင်ထွန်းကပြောသည်။

‘‘အဆင့်မြင့်စားသောက်ဆိုင်၊ တည်းခိုခန်းတွေဆောက်ပြီး စီးပွားရေးလုပ်မယ်ဆိုရင် ဇုန်အပြင်ဘက်အနီးအနားမှာ လုပ်လို့ရတာပဲ။ အဲဒီနားမှာ မြေဈေးက အရမ်းနည်းပါတယ်။ မြို့ထဲဈေးနဲ့ယှဉ်ရင် ခြေဖျားတောင်မမီဘူး။ ကမ္ဘာ့အမွေအနှစ်ဝင်လို့ ဧည့်သည်တွေ လာမှာကို မျှော်လင့်ပြီး  စီးပွားရေးလုပ်မယ်ဆိုရင် ရင်းနှီးရမယ့်ငွေရယ်၊ အောင်မြင်နိုင်မယ့် အချိန်တစ်ခုတော့လိုမယ်။ ၁ နှစ်လား၊ ၂ နှစ်လား ဘယ်အချိန်မှာ ဧည့်သည်တွေ အများကြီးဖြစ်လာမလဲ။ ဒါတွေကို ထည့်စဉ်းစားသင့်တယ်’’ဟု ပြည်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

7Day DAILY 

သရေခေတ္တရာမြို့ဟောင်းနယ်မြေမှ ဒေသခံတစ်ဦး ဘူးညွန့်ခူးနေစဉ်
ဓာတ်ပုံ - ဇော်မင်းထိုက်
သရေခေတ္တရာမြို့ဟောင်းနယ်မြေမှ ဒေသခံတစ်ဦး ဘူးညွန့်ခူးနေစဉ်
ပျူမြို့ဟောင်းသုံးမြို့ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ခဲ့ပြီးနောက် ပိုင်း သရေခေတ္တရာမြို့ဟောင်း တည်ရှိရာမှ ဒေသခံများက ဒေသတွင်း စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ မည်ကဲ့သို့ ပေါ်ပေါက် ဖွံ့ဖြိုးလာမည်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်မျှော်လင့်နေကြသည်။
‘‘ကိုယ့်ရပ်ကိုယ့်ဒေသမှာ ပြည်တွင်း၊ ပြည်ပ ဧည့်သည်တွေ လာရောက်မှာကို၊ စည်စည် ကားကား ဖြစ် လာမှာကို ကြည့်ချင်တယ်။ နိုင်ငံခြားသားတွေဝင်လာပြီး ဘာပဲရောင်းရောင်း ဈေးရောင်းကောင်းလိမ့်မယ်လို့ ထင်တယ်’’ဟု သရေခေတ္တရာမြို့ဟောင်း အတွင်းရှိ မှော်ဇာဈေးရပ်ကွက် တွင် ဈေးရော င်းနေသော ဒေါ်စန်း စန်းအေး ကပြော သည်။

ယခင် ပျူခေတ်လက်ရာပုံစံ ပုတီးနှင့် ကျောက်လက်စွပ်များ ပြုလုပ်ရောင်းချခဲ့ရာ အလုပ်မကောင်း၍ နား ထားသော ဒေသခံတစ်ဦးကလည်း ခရီးသွားများရောက်လာလျှင် ပျူခေတ်ပုတီး၊ ကျောက် လက်စွပ် ပြန် လုပ်ရောင်းချရန် မျှော်လင့်နေလေသည်။

ပျူမြို့ဟောင်းသုံးမြို့ဖြစ်သော သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းတို့ကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် (World Heritage List) အဖြစ် ဇွန်လ ၂၂ ရက်က သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယူနက်စကိုက အသိအမှတ်ပြုလိုက်ပြီးနောက် ယင်းအခြေအနေကို အသုံးချပြီး စီးပွားရေးအခွင့် အလမ်းကောင်းများ အစိုးရအနေဖြင့် ဖန်တီးနိုင်ကြောင်း၊ ခရီးသွားလုပ်ငန်းကိုအခြေခံပြီး စီးပွားရေးအခွင့် အလမ်းများကို အကောင်အထည် ဖော်နိုင်သောကြောင့် နိုင်ငံအတွက် ကောင်းမွန်နိုင်ကြောင်း သမိုင်းပညာရှင်များက ပြောသည်။

ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်းသုံးမြို့မှာ ရှေးလွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ကစတင်၍ ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး မြန်မာနိုင်ငံ၏ ရှေးအကျဆုံးသော မြို့ဟောင်းများ ဖြစ်သည်။

မြို့ဟောင်းသုံးခုတွင် သရေခေတ္တရာမှာ အကျယ်ဝန်းဆုံးနှင့် လူနေအများဆုံးဖြစ်သည်။ ၎င်းမြို့ဟောင်းမှာ စတုရန်းကီလိုမီတာသုံးထောင်ကျယ်ပြီး လက်ရှိတွင် ရွှေတံခါးရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၇ ရွာ၊ နေ အိမ်ပေါင်း သုံးထောင်ကျော်ရှိသည်။ ဟန်လင်းမှာ စတုရန်းကီလိုမီတာတစ်ထောင်၊ ဗိဿနိုးမှာ စတုရန်း ကီလိုမီတာ ၂၂၉၀ ကျော် ကျယ်ဝန်းပြီး မြို့ဟောင်းနှစ်ခုတွင် ကျေးရွာတစ်ရွာစီသာရှိသည်။

ဒေသခံများမှာ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်နေကြသည်။

ပျုမြို့ဟောင်းသုံးမြို့အနက် သရေခေတ္တရာ ပျူမြို့ဟောင်းသည် ပျူခေတ်ယဉ်ကျေးမှု အထွန်းကား ဆုံးမြို့ဟော င်းဖြစ်ပြီး ကုန်သွယ်မှု၊ ယဉ်ကျေးမှုလက်ရာများ၊ စေတီ၊ မြို့ရိုး၊ ရုပ်ပွားတော်တို့မှာ ပျူခေတ်ကို အခိုင် အမာဖော်ပြနိုင်သည်။ ရွှေဆံတော်ဘုရား၊ ဘုရားကြီးဘုရား၊ ဘုရားမာဘုရား၊ ဘောဘောကြီးဘုရား၊ ရဟန္တာဂူဘုရားနှင့် မြို့ရိုးနှစ်ထပ်၊ တံခါးပေါက်ဝများ စသည်တို့မှာ ပျူခေတ်ကို အခိုင်အမာဖော်ပြနိုင်ခဲ့သည်။

ဟန်လင်းပျူမြို့ဟောင်းမှာ ပျူခေတ်ယဉ်ကျေးမှုထွန်းကားခဲ့ခြင်းကို မြေပြင်တွင်ဖော်ပြရန် အားနည်းချက်များ ရှိ သည် ဟု ထင်ခဲ့သော်လည်း ICOMOS မှ လာရောက်စစ်ဆေးသည့်အခါ ဟန်လင်းမြို့ဟောင်း မှာ မြေအောက် တွင် ပျူခေတ်ယဉ်ကျေးမှုများ ထွန်းကားမှု အခိုင်အမာရှိခဲ့ကြောင်း သိရပြီး ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခြင်း ဖြစ်သည်။

‘‘ကမ္ဘာ့အမွေအနှစ်ဝင်တဲ့အခါ နိုင်ငံတော်အတွက် ၀င်ငွေတိုးလာသလို ဒေသခံတွေအတွက် စီးပွားရေး လုပ်ကွက်တွေ၊ အလုပ်ကိုင်အခွင့်အလမ်းတွေ ရှိလာမယ်။ ဒေသထွက်နှမ်း ယို၊ မြေပဲယို အစား အစာတွေ ပြုလုပ်ရောင်းချလို့ရတယ်။ ပျူယဉ်ကျေးမှုအမွေနှစ်ပုံစံတူ ပြုလုပ်ရောင်းချတာတို့ အင်္ကျီတွေမှာ တံဆိပ်ရိုက်ရောင်းချတာ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုလာမယ်’’ ဟု ဒေသခံများနှင့်တွေ့ဆုံစဉ် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီးဒေါ်စန္ဒာခင်က ဇူလိုင် ၅ ရက်တွင် ပြောသည်။

မြို့ဟောင်းသုံးမြို့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ပြီးနောက် သိသာသော အပြောင်းအလဲမှာ ဇုန်အတွင်းရှိ မြေဈေးများ မြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံများနှင့် အိမ်ခြံမြေ အကျိုးဆောင် များ က ပြောသည်။ ရှေးဟောင်းဇုန်အတွင်းရှိ အချက်အချာကျသော မြေနေရာများသည် ယခင်က တစ်ဧကလျှင် ကျပ် ၁၅ သိန်းဝန်းကျင်ခန့်သာ ပေါက်ဈေးရှိသော်လည်း ကမ္ဘာ့အမွေအနှစ် ၀င်ပြီးနောက်ပိုင်းတွင် တစ်ဧကသိန်းတစ်ရာဝန်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်နေကြောင်း ဒေသခံများကပြောသည်။

‘‘မြေတွေကို ဈေးကောင်းပေးလိုက်ဝယ်နေတယ်ဆိုတော့ ဒေသခံတွေအတွက် ၀မ်းသာပါတယ်။ ဒါပေမဲ့ လက်ရှိကျေးရွာဧရိယာရဲ့ အပြင်ဘက်မြေတွေမှာ ကြီးကြီး၊ သေးသေး ဘာအဆောက်အအုံမှ ဆောက်ခွင့် မပြုသလို အဆင့်မြင့် စားသောက်ဆိုင်တွေလည်း ဖွင့်ခွင့်မပြုဘူး။ ကော်ဖီဆိုင်၊ ဒေသအစားအစာ၊ ပစ္စည်းရောင်းချမယ့် ဆိုင်လေးတွေ ထားရှိဖို့ကိုတောင် Physical Master Plan ဆွဲကြရဦးမှာ’’ဟု သရေခေတ္တရာ ရှေးဟောင်းဇုန်မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ကပြောသည်။

ရှေးဟောင်းဇုန်အတွင်း စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်လိုပါက ယူနက်စကိုမှ ထုတ်ပြန် ထားသော သတ်မှတ်ချက် စည်းကမ်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက်သွားရန်လိုသည်။ ဇုန်အတွင်း အဆင့်မြင့်စားသောက် ဆိုင်ကြီးများ၊ ဟိုတယ်၊ မိုတယ်များ ဆောက်လုပ်ခွင့် မပြုဘဲ ရှေးဟောင်း အဆောက် အအုံကြီးများနှင့် နီးကပ်သော နေရာများတွင် ယဉ်ကျေးမှုအမွေအနှစ်များကို ထိခိုက်စေနိုင်မည့် အဆောက်အအုံများ၊ ဟိုင်းဝေးလမ်းမကြီးများကို ဖောက်လုပ်ခွင့်မပြုသလို ဇုန်အတွင်း ကျူးကျော်ဆောက် လုပ်ခြင်းကို ခွင့်မပြုတော့ကြောင်း ဦးအောင်ကျော်က ရှင်းပြသည်။ ထို့အပြင် ဇုန်အတွင်းရှိနေသော အဆောက် အအုံများ ပျက်စီးယိုယွင်းလာပါက စည်းကမ်းချက်နှင့်အညီ ပြုပြင်နိုင်သည်။ ဇုန်အတွင်း ကျေးရွာ များတွင် နေအိမ်သစ်များ ဆောက်လုပ်လိုပါက ဌာန၏ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ရမည်ဖြစ်သည်။ သို့သော် အဆောက်အအုံအရေအတွက်ကို စာရင်းကောက်ယူထားမည်ဖြစ်ပြီး ကျေးရွာပြင်ပတွင် မည်သည့် အဆောက် အအုံမှ ဆောက်လုပ်ခွင့်မပြုပေ။

၂၀၁၃ ခုနှစ်အတွင်း ကျူးကျော်အဆောက်အအုံငါးလုံး ဖယ်ရှားခဲ့ပြီး ယခုနှစ်အတွင်း ၀င်ရောက်ဆောက် လုပ်သော ကျူးကျော်အဆောက်အအုံ ၂၁ လုံးကိုလည်း ဖယ်ရှားသွားမည်ဖြစ်သည်။

‘‘ဇုန်အဖြစ် မသတ်မှတ်ခင်နဲ့ ခုအချိန်အထိ နည်းနည်းပါးပါး ခက်ခဲတာလောက်တော့ အဆင်ပြေ သလိုပဲ နေသွားရတာပေါ့။ ရွာထဲမှာ အိမ်ဆောက်ရင် ဇုန်ရဲ့သတ်မှတ်ချက်တွေ နဲ့ ဆောက်ပေးရ တယ်။ မြေ တူးရင်း ရှေးဟောင်းပစ္စည်းတွေ ဘာတွေ တွေ့ရင်လည်း ဌာနကို အကြောင်းကြားဖို့ မှာတယ်။ ကျေးရွာရဲ့ အပြင်မှာ ကျူးကျော်ဆောက်ရင်တော့ ဖယ်ရှားခံရတယ်’’ဟု ဇုန်အတွင်း နေထိုင်သူတစ်ဦးကဆိုသည်။

ကမ္ဘာ့အမွေအနှစ်ဖြစ်လာသောကြောင့် ကမ္ဘာ့အဆင့်မီ ထိန်းသိမ်းစောင့်ရှောက်မှုများကို မလွဲမသွေ လုပ်ဆောင် ရမည်ဖြစ်ပြီး စည်းကမ်းချက်အသစ်များရှိလာမည်မှာ သဘာဝဖြစ်ကြောင်း ရှေး/ သုမှ ညွှန်ချုပ် ဦးကျော်ဦးလွင်က ပြောသည်။

ဇုန်များအတွင်း စိုက်ပျိုးရေးလုပ်ကိုင်မည်ဆိုပါက သဘာဝရှုခင်း၊ အပင်ဖွဲ့စည်းမှု၊ ရေအရင်းအမြစ်များကို ထိခိုက်မှုမရှိစေရန်၊ ပျူဒေသ၏ သမိုင်းဝင် လယ်ယာဥယျာဉ်ဆိုင်ရာ သဘာဝရှုခင်းများ မပျက်စီးစေသော သဘာဝမြေသြဇာသုံးပြီး စိုက်ပျိုးရန်အချက်များ ပါဝင်သော လက်ကမ်းစာစောင်များကိုလည်း ဒေါ်စန္ဒာခင်၏ ခရီးစဉ်အပြီး ဒေသခံများသို့ ပေးဝေခဲ့သည်။

သို့သော် ဒေသခံများအတွက် စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် သဘာဝမြေသြဇာများကိုသာ အသုံးပြုများသည့် အတွက် ထိုစည်းကမ်းချက်များမှာ အခက်အခဲမရှိကြောင်း ဒေသခံများက ပြောသည်။

သရေခေတ္တရာရှေးဟောင်းဇုန်အတွင်းရှိ ရွှေကြို့ပင်ကျေးရွာမှ တောင်သူကိုမင်းစိုးက ‘‘စိုက်ပျိုးတာနဲ့ ပတ် သက် လို့ ကန့်သတ်တာတို့၊ စည်းကမ်းချက်တွေ ဘာမှလာမပြောသေးဘူး။ ကျွန်တော်တို့ကလည်း မိရိုး ဖလာမြေသြဇာတွေဖြစ်တဲ့ နောက်ချေးတို့၊ ကြက်ချေး စတာတွေပဲ အသုံးများတယ်။ သဘာဝဓာတ်မြေသြဇာ လည်း သုံးပါတယ်။ သီးနှံတွေ အောင်မြင်ပါတယ်’’ဟု ပြောသည်။

ယခုနှစ်တွင် မိုးကောင်းစွာရွာသွန်းသည့်အတွက် ဗူး၊ ခရမ်းသီးစသော ဥယျာဉ်သီးနှံများမှာ ကောင်း စွာဖြစ် ထွန်းအောင်မြင်နေသည်ကိုလည်း တွေ့ရသည်။

ကမ္ဘာ့အမွေအနှစ်ဝင်ပြီးနောက် ကမ္ဘောဒီးယားရှိ အန်ကောဝပ်သို့ တစ်နှစ်လျှင် နိုင်ငံခြားခရီးသည် တစ်သန်း ခန့် လာရောက်ပြီး လက်ရှိတွင် ပျူမြို့ဟောင်းသုံးမြို့သို့ တစ်နှစ်လျှင် ငါးထောင်ကျော်သာ လာရောက်သော် လည်း နောင်တွင် ခရီးသွားများပြားလာမည်ဖြစ်ပြီး ဒေသခံများအတွက် စီးပွားရေးအလုပ်အကိုင်များ ပွင့်လာမည်ဖြစ်ကြောင်း ဦးကျော်လွင်ဦးကသုံးသပ်သည်။

သို့သော် ဒေသခံများအတွက် ပြည်တွင်း၊ ပြည်ပခရီးသွားများစွာ ၀င်ရောက်လာပါကလည်း ခရီးသွား လုပ် ငန်းနှင့် ဆက်စပ်သော လုပ်ငန်းများကို လုပ်ကိုင်နိုင်သော ငွေကြေးအရင်းအနှီးများစွာ လိုမည်ဖြစ်သည်။ ထို့အပြင် မိရိုးဖလာ စိုက်ပျိုးရေးအလုပ်ကိုသာ တစ်စိုက်မတ်မတ် လုပ်ခဲ့သောကြောင့် ခရီးသွားနှင့်ဆက် စပ်သော လုပ်ငန်းများ လုပ်ကိုင်တတ်ရန် အစိုးရက ရှေ့ဆောင်လမ်းပြလုပ်ပြပြီး အရင်းအနှီးထုတ်ပေးပါက လုပ်ကိုင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ဒေသခံများက ၎င်းတို့၏မြို့ဟောင်းသုံးခုမှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို)၏ ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်သွားသည့်အတွက် ၀မ်း သာပြီး ပြည်တွင်းပြည်ပခရီးသွားများ ရောက်လာလျှင် စီးပွားရေးအခွင့်အလမ်းများ ပွင့်လာမည် ဟု ပြောနေ ကြသော်လည်း ၎င်းတို့တွင် မကြာမီရောက်လာနိုင်သော ခရီးသွားများအတွက် သေချာရေရာသော အစီအစဉ်မရှိကြပါ။

‘‘မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအများစုက ယဉ်ကျေးမှုကို အခြေခံပြီး စီးပွားရေးကောင်းကောင်းလုပ်လို့ ရတယ်။ ဒေသခံတွေ အကျိုးရှိစေတဲ့ စီးပွားရေးကို အခြေခံရင် ထိန်းသိမ်းရေးလုပ်ငန်းမှာ ဒေသခံတွေ ပူးပေါင်းပါဝင်လာနိုင်တယ်။ အရင်းရှင်တွေကိုသာ လုပ်ပိုင်ခွင့်ပေးမယ်ဆိုရင်တော့ သူတို့တွေ ပူးပေါင်း ပါဝင်မှုအားနည်းလာလိမ့်မယ်’’ဟု သမိုင်းပညာရှင် စိုင်းအောင်ထွန်းကပြောသည်။

‘‘အဆင့်မြင့်စားသောက်ဆိုင်၊ တည်းခိုခန်းတွေဆောက်ပြီး စီးပွားရေးလုပ်မယ်ဆိုရင် ဇုန်အပြင် ဘက်အနီး အနားမှာ လုပ်လို့ရတာပဲ။ အဲဒီနားမှာ မြေဈေးက အရမ်းနည်းပါတယ်။ မြို့ထဲဈေးနဲ့ယှဉ်ရင် ခြေဖျားတောင် မမီဘူး။ ကမ္ဘာ့အမွေအနှစ်ဝင်လို့ ဧည့်သည်တွေ လာမှာကို မျှော်လင့်ပြီး  စီးပွားရေးလုပ်မယ်ဆိုရင် ရင်းနှီး ရမယ့်ငွေရယ်၊ အောင်မြင်နိုင်မယ့် အချိန်တစ်ခုတော့လိုမယ်။ ၁ နှစ်လား၊ ၂ နှစ်လား ဘယ်အချိန်မှာ ဧည့် သည်တွေ အများကြီးဖြစ်လာမလဲ။ ဒါတွေကို ထည့်စဉ်းစားသင့်တယ်’’ဟု ပြည်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

7Day DAILY

No comments:

Post a Comment