Wednesday 9 July 2014

ယူကရိန်းနိုင်ငံ ဒွန်းနက်မြို့အနီးတံတားသုံးစင်း ဖောက်ခွဲဖျက်ဆီးခံရ

ယူကရိန်းနိုင်ငံ ဒွန်းနက်မြို့သို့ ဦးတည်နေသော အဓိက လမ်းများပေါ်ရှိ တံတားသုံးစင်း ဖောက်ခွဲဖျက်ဆီး ခံခဲ့ ရကြောင်း၊ ခွဲထွက်ရေးသမားများ၏ ခြေကုပ်စခန်းကို အစိုးရတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ဖွယ်ရှိ မှု နှေးကွေးကြန့်ကြာအောင် လုပ်ဆောင်ချက်အဖြစ် ယူဆ ရကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဇူလိုင် ၈ရက် တွင် သတင်းထုတ်ပြန်သည်။
ဆလော့ယန့်စ်မြို့နှင့် အခြားသော နိုင်ငံအရှေ့ပိုင်းရှိ မြို့များမှ ခွဲထွက်ရေးဝါဒီ တိုက်ခိုက်ရေးသမားများကို ယူကရိန်းကြည်းတပ်က ရက်သတ္တပတ်ကုန်တွင် မောင်း ထုတ်နိုင်ခဲ့ပြီးနောက် ¤င်းတို့သည် ဒွန်းနက်မြို့၌ အင် အား ပြန်လည်စုစည်းခဲ့ကြသည်။ လူဦးရေတစ်သန်း နေထိုင်ရာ ယင်းမြို့ကို အခြေပြု၍ ရုရှား လို လားသော ခွဲထွက်ရေး သမားများက ဒွန်းနက်ပြည်သူ့ သမ္မတနိုင်ငံအဖြစ် ထုတ်ပြန် ကြေညာခဲ့ကြသည်။

ဒွန်းနက်မြို့၏ နယ်နိမိတ်စည်းဝိုင်း အနီးဝန်းကျင်၌ ခွဲထွက်ရေးလှုပ်ရှားသူများက စစ်ဆင်နွှဲတိုက်ခိုက်သွား မည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးအဖြစ် တစ်ဖက်သတ် ထုတ်ပြန်ကြေညာထားသူ ပါဗယ်ဂူဘာရက်ဗ် က ပြော ကြား သည်။

အဝေးပြေး လမ်းပေါ်ရှိ တံတားများနှင့် ရထားလမ်း ကြောင်းပေါ်ရှိ တံတားများအား မည်သူတို့က ဖောက်ခွဲ ဖျက် ဆီး ခဲ့သည်ကို အတိအကျ မသိရပေ။ ဇူလိုင် ၇ ရက်က တံတားများ ဖောက်ခွဲဖျက်ဆီးခံရမှုသည် ခွဲထွက်ရေးသမား များကို အကျိုးကျေးဇူးရရှိစေနိုင်ကြောင်း သတင်းတွင် ဖော်ပြသည်။

Myanmaalinn

No comments:

Post a Comment