Wednesday 9 July 2014

ဘဝတွင် အဆိုးဆုံး ကြုံဖူးသည့် နေ့တစ်နေ့ဟု ဘရာဇီးနည်းပြ ညည်းညူ

Photo: ဘဝတွင် အဆိုးဆုံး ကြုံဖူးသည့် နေ့တစ်နေ့ဟု ဘရာဇီးနည်းပြ ညည်းညူ
Wednesday, July 9, 2014

မိမိဘဝတွင် အဆိုးဆုံး နေ့တစ်နေ့ကို ကြုံခဲ့ရခြင်းဟု ဂျာမနီကို (၇-၁)ဖြင့် အပြတ်အသတ် အရေးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် ဘရာဇီးနည်းပြ လူးဝစ်ဖိလစ် စကိုလာရီက ဖွင့်ဟညည်းညူခဲ့သည်။

ကမ္ဘာ့ဖလား အိမ်ရှင်အသင်းသည် ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်းအဖြစ် ရပ်တည်ခဲ့သော်လည်း အကြိုဗိုလ်လုပွဲအဆင့် ရင်ဆိုင်မှုတွင် ပွဲချိန်မိနစ်(၃၀) မပြည့်မီမှာပင် ဂျာမနီ၏ (၅)ဂိုးပြတ် ဦးဆောင်မှုကို ခံနေရပြီ ဖြစ်သည်။ အဆိုပါ (၅)ဂိုးစလုံးကို ဂျာမနီအသင်းက (၁၉)မိနစ်မျှ အချိန်အတွင်းမှာပင် ဆက်တိုက်လိုလို သွင်းယူသွားခြင်း ဖြစ်သည်။

ဗိုလ်လုပွဲတက်ခွင့်ကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် ပွဲအပြီးတွင် စကိုလာရီက “ဒီနေ့ကတော့ ကျွန်တော့်ဘဝမှာ အဆိုးဆုံး နေ့တစ်နေ့ပါပဲ။ ဒါပေမဲ့ ဘဝဆိုတာ ဒီလိုပဲ ဖြတ်သန်းနေရတာပဲလေ။ ဘရာဇီး ပြည်သူတွေနဲ့ ပရိသတ်တွေ အားလုံးကို ကျွန်တော်တို့ ပေးချင်တဲ့ သတင်းစကားကတော့ ထိပ်တန်းအသင်း တစ်ခုကို ကျွန်တော်တို့ စွမ်းနိုင်သမျှ အကောင်းဆုံး ယှဉ်ပြိုင်ဖို့ ကြိုးစားအားထုတ်ခဲ့တယ် ဆိုတာပါပဲ”ဟု ပြောကြားခဲ့သည်။

၎င်းက “ဂျာမနီက သုံးမိနစ်၊ လေးမိနစ်လောက် အချိန်လေး အတွင်းမှာတင် အကောင်းဆုံး သွင်းဂိုးတွေနဲ့ ပွဲရလဒ်ကို ဆုံးဖြတ်ပြီးသား ဖြစ်သွားစေတယ်။ ဘရာဇီး အသင်းရဲ့ အဝတ်လဲခန်းထဲက အခြေအနေတွေက ဆိုးရွားနာကျင်စရာ ကောင်းလွန်းနေပါတယ်။ ဒါပေမဲ့ ခုထက်ပိုပြီး တိုးတက်လာဖို့ ကျွန်တော်တို့ ဆက်ကြိုးစားနေမှာပါ။ ရည်မှန်းချက်ဆီ ရောက်အောင် မသွားနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး။ ပရိသတ်တွေက ဂျာမနီကို ကျွန်တော်တို့ ငါးဂိုး၊ ခြောက်ဂိုး၊ ခုနစ်ဂိုးထိ ပြတ်ပြတ်သားသား ရှုံးနေတာတောင် အားပေးနေခဲ့ပါတယ်”ဟုလည်း ဆိုသည်။

စကိုလာရီက ယခုအရှုံးကို ကပ်ဘေးတစ်ခု ဆိုက်ရောက်ခြင်းဟုလည်း ခိုင်းနှိုင်းခဲ့သေးသည်။ “ဒီလို ကပ်ဘေးမျိုး ကျရောက်လာတဲ့ ကိစ္စမှာ ကျွန်တော်က တာဝန်ရှိသူပါ။ အသင်းနဲ့ ပတ်သက်တဲ့ ရွေးချယ်မှုတိုင်းကို ကျွန်တော်ပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ပရိသတ်တွေဆီက ခွင့်လွှတ်မှု ရရှိဖို့ပဲ ပန်ကြားချင်ပါတယ်။ ဘရာဇီး ပြည်သူတွေအားလုံး ကျွန်တော်တို့ရဲ့ ဆိုးရွားတဲ့ အမှားတွေကို ခွင့်လွှတ်ပေးကြပါ”ဟုလည်း နည်းပြကြီးက ပြောကြားသွားခဲ့သည်။

Skysports
မိမိဘဝတွင် အဆိုးဆုံး နေ့တစ်နေ့ကို ကြုံခဲ့ရခြင်းဟု ဂျာမနီကို (၇-၁)ဖြင့် အပြတ်အသတ် အရေးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် ဘရာဇီးနည်းပြ လူးဝစ်ဖိလစ် စကိုလာရီက ဖွင့်ဟညည်းညူခဲ့သည်။
ကမ္ဘာ့ဖလား အိမ်ရှင်အသင်းသည် ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်းအဖြစ် ရပ်တည်ခဲ့သော် လည်း အကြိုဗိုလ်လုပွဲအဆင့် ရင်ဆိုင်မှုတွင် ပွဲချိန်မိနစ်(၃၀) မပြည့်မီမှာပင် ဂျာမနီ၏ (၅)ဂိုးပြတ် ဦးဆောင် မှု ကို ခံနေရပြီ ဖြစ်သည်။ အဆိုပါ (၅)ဂိုးစလုံးကို ဂျာမနီအသင်းက (၁၉)မိနစ်မျှ အချိန်အတွင်းမှာပင် ဆက်တိုက်လိုလို သွင်းယူသွားခြင်း ဖြစ်သည်။

ဗိုလ်လုပွဲတက်ခွင့်ကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် ပွဲအပြီးတွင် စကိုလာရီက “ဒီနေ့ကတော့ ကျွန်တော့်ဘဝမှာ အဆိုးဆုံး နေ့တစ်နေ့ပါပဲ။ ဒါပေမဲ့ ဘဝဆိုတာ ဒီလိုပဲ ဖြတ်သန်းနေရတာပဲလေ။ ဘရာဇီး ပြည်သူတွေနဲ့ ပရိသတ်တွေ အားလုံးကို ကျွန်တော်တို့ ပေးချင်တဲ့ သတင်းစကားကတော့ ထိပ်တန်း အသင်း တစ်ခုကို ကျွန်တော်တို့ စွမ်းနိုင်သမျှ အကောင်းဆုံး ယှဉ်ပြိုင်ဖို့ ကြိုးစားအားထုတ်ခဲ့တယ် ဆိုတာပါပဲ”ဟု ပြောကြားခဲ့သည်။

၎င်းက “ဂျာမနီက သုံးမိနစ်၊ လေးမိနစ်လောက် အချိန်လေး အတွင်းမှာတင် အကောင်းဆုံး သွင်းဂိုးတွေနဲ့ ပွဲရလဒ်ကို ဆုံးဖြတ်ပြီးသား ဖြစ်သွားစေတယ်။ ဘရာဇီး အသင်းရဲ့ အဝတ်လဲခန်းထဲက အခြေအနေတွေက ဆိုးရွားနာကျင်စရာ ကောင်းလွန်းနေပါတယ်။ ဒါပေမဲ့ ခုထက်ပိုပြီး တိုးတက်လာဖို့ ကျွန်တော်တို့ ဆက်ကြိုးစားနေမှာပါ။ ရည်မှန်းချက်ဆီ ရောက်အောင် မသွားနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး။ ပရိသတ်တွေက ဂျာမနီကို ကျွန်တော်တို့ ငါးဂိုး၊ ခြောက်ဂိုး၊ ခုနစ်ဂိုးထိ ပြတ်ပြတ်သားသား ရှုံးနေတာတောင် အားပေးနေခဲ့ပါတယ်”ဟုလည်း ဆိုသည်။

စကိုလာရီက ယခုအရှုံးကို ကပ်ဘေးတစ်ခု ဆိုက်ရောက်ခြင်းဟုလည်း ခိုင်းနှိုင်းခဲ့သေးသည်။ “ဒီလို ကပ်ဘေးမျိုး ကျရောက်လာတဲ့ ကိစ္စမှာ ကျွန်တော်က တာဝန်ရှိသူပါ။ အသင်းနဲ့ ပတ်သက်တဲ့ ရွေးချယ်မှု တိုင်း ကို ကျွန်တော်ပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ပရိသတ်တွေဆီက ခွင့် လွှတ်မှု ရရှိဖို့ပဲ ပန်ကြားချင်ပါတယ်။ ဘရာဇီး ပြည်သူတွေအားလုံး ကျွန်တော်တို့ရဲ့ ဆိုးရွားတဲ့ အမှားတွေကို ခွင့်လွှတ်ပေးကြပါ”ဟုလည်း နည်းပြကြီးက ပြောကြားသွားခဲ့သည်။

Skysports

No comments:

Post a Comment