Wednesday 9 July 2014

ခိုလှုံခွင့်တောင်းခံသူများကို သြစတြေးလျက ပြန်လွှဲအပ်

Photo: ခိုလှုံခွင့်တောင်းခံသူများကို သြစတြေးလျက ပြန်လွှဲအပ်
Wednesday, July 9, 2014 

သြစတြေးလျအာဏာပိုင်တွေက ခိုလှုံခွင့်တောင်းခံသူ ၄၁ ယောက်ပါတဲ့ အုပ်စုတစုကို သီရိလင်္ကာနိုင်ငံကို ပြန်လည်လွှဲအပ်လိုက်ပါတယ်။

သြစတြေးလျ ရေပိုင်နက်ထဲကို တရားမ၀င်ခိုးဝင်ဖို့ ကြိုးစားတယ်လို့ သံသယရှိတဲ့ လှေတစီးကို သြစတြေးလျ နယ်စပ် ကင်းလှည့်အရာရှိတွေက အရင်အပတ်က ကြားဖြတ် ဟန့်တားပြီး သီရိလင်္ကာအာဏာပိုင်တွေ လက်ထဲကို ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ပြန်အပ်လိုက်တယ်လို့ သြစတြေးလျ အာဏာပိုင်တွေ ဒီအပတ်အစောပိုင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဇူလိုင် ၈ ရက်နေ့မှာတော့ သီရိလင်္ကာရေတပ်က ဆင်ဟာလီလူမျိုး ၃၇ ယောက်နဲ့ တမီလ် သီရိလင်္ကာနိုင်ငံသား ၄ ဦးပါတဲ့ အုပ်စုကို တောင်ပိုင်းဆိပ်ကမ်းမြို့က ရဲလက်ထဲ လွှဲအပ်ပါတယ်။

သီရိလင်္ကာရဲတွေကတော့ သူတို့ကို နိုင်ငံကို တရားမ၀င် စွန့်ခွာမှုနဲ့ တရားစွဲပြီး ပြစ်မှု ထင်ရှားရင် ထောင်ချမယ်လို့ ပြောပါတယ်။
ဒါကြောင့် လူ့အခွင့်အရေး အလွဲသုံးစားမှုတွေနဲ့ ပတ်သက်ပြီး ကြောက်ရွှံ့မှုတွေ မြင့်တက် လာနေပါတယ်။

ခိုလှုံခွင့်တောင်းခံသူတွေရဲ့ ခရီးစဉ်ကို စီစဉ်သူ ၅ ဦးကို တရားရင်ဆိုင်ဖို့ ချုပ်ထားပြီး ကျန်တဲ့လူတွေကို အာမခံနဲ့ လွှတ်ပေးလိုက်သလို ကလေးတွေကိုတော့ ခြွင်းချက်မရှိ လွှတ်ပေးလိုက်တယ်လို့ ခိုလှုံခွင့်တောင်းခံသူတွေရဲ့ ရှေ့နေက ပြောပါတယ်။

သြစတြေးလျနိုင်ငံဟာ မနှစ်က ခိုလှုံခွင့်တောင်းခံမှု လျှောက်လွှာ ၁ သောင်း ၆ ထောင်ကို လက်ခံခဲ့ပြီး ကမ္ဘာတလွှား ခိုလှုံခွင့်တောင်းသူ စုစုပေါင်းရဲ့ ၀.၅ ရာခိုင်နှုန်းသာ ရှိတယ်လို့ ကုလသမဂ္ဂ ကိန်းဂဏန်းတွေက ပြသထားပါတယ်။

ဒီဗွီဘီ
သြစတြေးလျအာဏာပိုင်တွေက ခိုလှုံခွင့်တောင်းခံသူ ၄၁ ယောက်ပါတဲ့ အုပ်စုတစုကို သီရိလင်္ကာနိုင်ငံ ကို ပြန် လည် လွှဲအပ်လိုက်ပါတယ်။
သြစတြေးလျ ရေပိုင်နက်ထဲကို တရားမ၀င်ခိုးဝင်ဖို့ ကြိုးစားတယ်လို့ သံသယရှိတဲ့ လှေတစီးကို သြစတြေးလျ နယ်စပ် ကင်းလှည့်အရာရှိတွေက အရင်အပတ်က ကြားဖြတ် ဟန့်တားပြီး သီရိလင်္ကာအာဏာပိုင်တွေ လက်ထဲကို ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ပြန်အပ်လိုက်တယ်လို့ သြစတြေးလျ အာဏာပိုင်တွေ ဒီအပတ် အစော ပိုင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဇူလိုင် ၈ ရက်နေ့မှာတော့ သီရိလင်္ကာရေတပ်က ဆင်ဟာလီလူမျိုး ၃၇ ယောက်နဲ့ တမီလ် သီရိ လင်္ကာနိုင်ငံသား ၄ ဦးပါတဲ့ အုပ်စုကို တောင်ပိုင်းဆိပ်ကမ်းမြို့က ရဲလက်ထဲ လွှဲအပ်ပါတယ်။

သီရိလင်္ကာရဲတွေကတော့ သူတို့ကို နိုင်ငံကို တရားမ၀င် စွန့်ခွာမှုနဲ့ တရားစွဲပြီး ပြစ်မှု ထင်ရှားရင် ထောင်ချ မယ် လို့ ပြောပါတယ်။ ဒါကြောင့် လူ့အခွင့်အရေး အလွဲသုံးစားမှုတွေနဲ့ ပတ်သက်ပြီး ကြောက်ရွှံ့ မှုတွေ မြင့် တက် လာနေပါတယ်။

ခိုလှုံခွင့်တောင်းခံသူတွေရဲ့ ခရီးစဉ်ကို စီစဉ်သူ ၅ ဦးကို တရားရင်ဆိုင်ဖို့ ချုပ်ထားပြီး ကျန်တဲ့လူတွေကို အာမခံနဲ့ လွှတ်ပေးလိုက်သလို ကလေးတွေကိုတော့ ခြွင်းချက်မရှိ လွှတ်ပေးလိုက်တယ်လို့ ခိုလှုံ ခွင့်တောင်း ခံ သူတွေရဲ့ ရှေ့နေက ပြောပါတယ်။

သြစတြေးလျနိုင်ငံဟာ မနှစ်က ခိုလှုံခွင့်တောင်းခံမှု လျှောက်လွှာ ၁ သောင်း ၆ ထောင်ကို လက်ခံခဲ့ပြီး ကမ္ဘာ တလွှား ခိုလှုံခွင့်တောင်းသူ စုစုပေါင်းရဲ့ ၀.၅ ရာခိုင်နှုန်းသာ ရှိတယ်လို့ ကုလသမဂ္ဂ ကိန်း ဂဏန်းတွေက ပြသထားပါတယ်။

ဒီဗွီဘီ 

No comments:

Post a Comment