Wednesday 9 July 2014

ထိုင်းမီဒီယာနှင့် ခရီးသွားလုပ်ငန်းရှင်များရွေးချယ်သည့် Miss Myanmar Thailand ဆု သျှားထွဋ်အိန္ဒြာရရှိ


မယ်စကြဝဠာ (မြန်မာ)၂၀၁၄ ပြိုင်ပွဲဝင်များ၏ ဖူးခက်ခရီးစဉ် တွင် ရွေး ချယ် ချီးမြှင့်သည့် Miss Myanmar Thailand 2014 ဆုကို ခါးနံပါတ် ၁၈ သျှားထွဋ်အိန္ဒြာက ရရှိခဲ့သည်။


ယင်းပြိုင်ပွဲကို ဇူလိုင် ၈ ရက်ညက Phuket Orchid Resort ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဆုကို ထိုင်းနိုင်ငံရှိ မီဒီယာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားကုမ္ပဏီများက ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အခြားတိုင်တယ်ဆုများလည်းချီးမြှင့်ခဲ့ရာ 1st Runner Up ဆုကို ဆွီတီကို၊ 2nd Runner Up ဆုကို ဇွန်သံစဉ်၊ 3rd Runner Up ဆုကို ယွန်းမှီမှီကျော်နှင့် 4th Runner Up ဆုကို အိမ့်မြတ်နိုးတို့ ရရှိခဲ့ကြသည်။


မယ်စကြဝဠာ(မြန်မာ)၂၀၁၄ ပြိုင်ပွဲဝင်များသည် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေသို့ ပြိုင်ပွဲဝင်အကြိုလေ့ကျင့်သည့် အစီအစဉ်အပါအဝင် လေ့လာရေးခရီးစဉ် အဖြစ် ဇူလိုင် ၄ ရက်က သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၉ ရက်ညတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။


 
7Day Daily

No comments:

Post a Comment