Wednesday 9 July 2014

စီးပွားရေးလုပ်ငန်း စတင်တည်ထောင်မှုတွင် အခက်အခဲအများဆုံး စာရင်း၌ မြန်မာ အဆင့် ၈ ရပ်တည်

စီးပွားရေးလုပ်ငန်းတစ် ခုစတင်တည်ထောင်ရာတွင် ကြုံ တွေ့ရမည့် အခက်အခဲနည်း သော နိုင်ငံ များ ကို နိုင်ငံအလိုက် စာရင်းကောက်ကြည့်ရာတွင် မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၁၈၂ တွင် ရှိနေကြောင်း ကမ္ဘာ့ ဘဏ်၏ Doing Bussiness Report စစ် တမ်းက ဖော်ပြသည်။အဆိုပါစစ်တမ်းကို နိုင်ငံ ပေါင်း ၁၈၉နိုင်ငံတွင် ၂၀၁၃ခုနှစ်အတွင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းကောက်ယူခဲ့ ခြင်းဖြစ်ကာ ဒေသတွင်းနိုင်ငံများ နှင့် နှိုင်းယှဉ်ပါက အဆင့် ၈၈ ဖြင့် နောက်ဆုံးတွင် ရှိနေသည်။ ထိုကြောင့်အောက်ဆုံးမှ ရေ တွက်လျှင် မြန်မာကအဆင့် (၈) ၌ ရပ်တည်နေခြင်းဖြစ်သည်။ အဆို ပါစာရင်းတွင် ထိပ်ဆုံးနိုင်ငံများ မှာ အခက်အခဲအနည်းဆုံးဖြစ် ပြီး  အဆင့်နောက်ရောက်လေလေ အခက်အခဲများလေဖြစ်သည်။

‘‘ဒီစစ်တမ်းဟာ တစ်ကမ္ဘာ လုံးမှာရှိတဲ့ စီးပွားရေးလုပ်ငန်း တွေရဲ့ ညွှန်းကိန်းတွေ အားလုံးကို ခြုံငုံလေ့လာ ပြီးတော့ အဆင့်သတ်မှတ်ပေးထားတာပါ။ စီးပွား ရေးလုပ်ငန်းတစ်ခုစလုပ်တော့မယ်ဆိုရင် ကြုံတွေ့ရတဲ့ လုပ်ငန်း အဆင့်ဆင့်တွေကို တွက်ချက် ထားတာပါ’’ဟု ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာငွေကြေးစီမံခန့်ခွဲမှု ဌာန စီမံခန့်ခွဲရေးအရာရှိ ဦးသစ္စာ ကပြောသည်။

စစ်တမ်းအရ အာရှတိုက် တွင် စီးပွားရေးလုပ်ငန်းဆောင် ရွက်ရာတွင် အခက်အခဲကြုံတွေ့ မှုအနည်းဆုံးမှာ ထိပ်ဆုံးတွင် စင် ကာပူနိုင်ငံက ရပ်တည်နေပြီး ၎င်း ၏ နောက်တွင် မလေးရှား၊တိုင် ပေနှင့် တရုတ်တို့  အဆင့်အ လိုက် ရပ်တည်လျက်ရှိသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် DoingBussiness Report စစ်တမ်း ကောက်ယူရာတွင် နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများ၊ အစိုးရ၏ စီးပွားရေးလုပ်ငန်းများနှင့် လုပ် ငန်းလိုင်စင်မရှိသော လုပ်ငန်း များကို ထည့်သွင်းကောက်ယူ ခြင်းမရှိဘဲ အသေးစား၊ အလတ် စားလုပ်ငန်းများနှင့် တရားဝင် မှတ်ပုံတင်ထားသော လုပ်ငန်း များကို ကောက်ယူခဲ့ပြီး မြို့ကြီး များတွင် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

စစ်တမ်းအရ မြန်မာနိုင်ငံ သည် အစိုးရသစ်တက်လာပြီး နောက်ပိုင်း အခွန်များလျှော့ချခဲ့ သော်လည်း စီးပွားရေး လုပ်ငန်း ဆောင်ရွက်ရာတွင် ပေးဆောင်ရ သည့် အလုံးစုံသော အခွန်များမှာ ၄၈ ဒသမ ၉၂ ရာ ခိုင်နှုန်း အထိ ရှိ နေသေးသည်။ အာရှတိုက်၏ ပျမ်းမျှရာခိုင်နှုန်းမှာ ၃၄ ဒသမ ၅၂ ရာခိုင်နှုန်းသာ ရှိသော ကြောင့် မြန်မာနိုင်ငံ၏ နှုန်းထား မှာ မြင့်နေသေးသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် အဆိုပါ စစ်တမ်း ကောက်ယူရာတွင် စီးပွားရေးလုပ်ငန်းတစ်ခု စတင်တည်ထောင်ရာ တွင် ကြုံတွေ့ရ မည့် စည်းမျဉ်းစည်းကမ်းများ၊ ဆောင်ရွက်ရမည့် အဆင့်ဆင့် သော လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးထောက်ပံ့မှုများ အခြေအ နေ၊ စာချုပ်ပါအချက်အလက်များ   မှားယွင်းမှုရှိပါက ကုမ္ပဏီ ဖျက် သိမ်း ခြင်း(သို့) တရားရုံးတွင် အမှုရင်ဆိုင်ခြင်း၊ အခွန်ပေးမှုအခြေအ နေနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်း အခြေ အနေ တို့ ပေါ်တွင် မူတည်၍ ကောက်ယူခဲ့ခြင်းဖြစ်သည်။

7Day DAILY

No comments:

Post a Comment