Wednesday 9 July 2014

နိုင်ငံခြား ချေးငွေ စီမံကိန်း ဆိုင်ရာ ဦးဆောင် ကော်မတီ အစည်းအဝေး ကျင်းပ

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲတွင် ကျင်းပ သည့် နိုင်ငံခြား ချေးငွေ စီမံကိန်း ဆိုင်ရာ ဦးဆောင် ကော်မတီ အစည်း အဝေးသို့ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်နှင့် ဒုတိယ ဝန်ကြီးများ၊ ဦးဆောင် ကော်မတီဝင် ညွှန်ကြားရေး မှူးချုပ် များ၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က အဖွင့် အမှာစကား ပြောကြားရာ၌ စီမံကိန်း နယ်မြေများ ရွေးချယ်ရာတွင် ဖွံ့ဖြိုး တိုးတက်မှု နောက်ကျ ကျန်နေသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း စသော ပြည်နယ်များ အပါအဝင် နိုင်ငံတော်၏ စားရေ ရိက္ခာ ဖူလုံရေးအတွက် အဓိက အားထားနေကြရသည့် ဆည်ရေသောက် စနစ်များ တည်ဆောက်ပြီး ဖြစ်သော တိုင်းဒေသကြီး နယ်မြေများ ကိုလည်း တစ်ချိန်တည်း တစ်ပြိုင်တည်း မျှမျှတတ တိုးတက် လာစေရန်ရွေးချယ် ဆောင်ရွက်ကြ ရမည် ဖြစ်ကြောင်း၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြုပြင် ပြောင်းလဲ ရေးလုပ်ငန်း၊ မိုးကောင်းသောက် လယ်မြေများမှ ဆည်ရေသောက် လယ်မြေများသို့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို လက်တွေ့ကျကျ အရှိန်မြှင့်တင် ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက် ကြရမည် ဖြစ်ကြော င်းဖြင့် ဆွေးနွေး မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယ ဝန်ကြီး ဦးခင်ဇော်က နိုင်ငံခြားချေးငွေ အကူအညီ ရယူ သုံးစွဲခြင်း ဆိုင်ရာနှင့် ပတ်သက်၍ လုပ်ငန်းကဏ္ဍ အလိုက် စည်းစနစ် မှန်ကန်မှု ရှိစေရေး၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိစေရေး မှာကြားသည်။

ထို့နောက် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က နိဂုံးချုပ် အမှာစကား ပြောကြားရာ၌ နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်း လုပ်ငန်းများ ကို နိုင်ငံခြား ချေးငွေ အကူအညီရယူ သုံးစွဲ လုပ်ဆောင်ကြရာတွင် တတိယအကြိမ် နိုင်ငံတော် အဆင့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ခြင်း (Third Wave) လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရန် လမ်းညွှန်ချက်နှင့် ကိုက်ညီစွာဖြင့် တောင်သူ လယ်သမားများ အတွက် လက်ငင်းအကျိုး ကျေးဇူး (Quick Win) ရရှိစေမည့် လုပ်ငန်း များကို အထိရောက်ဆုံး၊ အကျိုးရှိဆုံး ဦးစားပေး အသုံးပြု ဆောင်ရွက်ကြရမည့် နည်းတူ၊ ရေရှည် အမျိုးသားရေး အကျိုးစီးပွား အတွက် ခိုင်ခံ့သော၊ ခိုင်မာသော အုတ်မြစ်များ ချမှတ် ပေးထားနိုင်ခဲ့ရေး အတွက် နောင်တစ်နှစ်ကျော်အကြာ ဖြစ်ပေါ်လာမည့် အစိုးရသစ်ထံသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်နိုင်ရန် ရေရှည်လုပ်ငန်း များကိုလည်း အမျိုးသားရေး အတွက် စနစ်၊ စည်းကမ်းနှင့် စိတ်ဓာတ် ကောင်းမွန်ခြင်း၊ ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန်ခြင်းတို့အား လက်တွေ့ရလဒ်ကောင်းများ ပေါ်ထွန်းလာအောင် ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေး မှာကြား ခဲ့ကြောင်း သတင်း
ရရှိသည်။

မြ၀တီ

No comments:

Post a Comment