Wednesday 9 July 2014

ကေအိုင်အေအဖွဲ့၏ ဖမ်းဆီးခြင်းခံရသော လယ် စာရင်းငှား လုပ်သူများ ပြန်လွှတ်လာခြင်းမရှိသေး

မိုးညှင်း ခရိုင် ဟိုပင်မြို့နယ်ခွဲ ကြာကြီးကွင်းကျေးရွာသား မောင်စိုးတင့်ကြိုင် (ဖ) ဦးစိန်လှ (၃၀နှစ်) နှင့် ရှမ်းကုန်းရွာသား ဖိုးရှမ်း တို့ကို ကေအိုင်အေအဖွဲ့က ဇွန်လ ၂၇ ရက် နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်လည် လွှတ်မြောက်လာခြင်း မရှိသေးကြောင်းသိရသည်။
'' ဖမ်းသွားတုန်းက သူတို့ နှစ်ယောက်ရယ် ဒေါ်ဂျာဘောက် (ကချင်တိုင်းရင်းသူ) ရယ်ဖမ်းသွားတာ။ ဒေါ် ဂျာဘောက် ၂၈ ရက်နေ့ပြန်လွတ်လာပေမယ့် ကျန်တဲ့နှစ်ယောက်လွတ်မလာသေးဘူး။ '' ဟုဟိုပင်ဒေသခံ တစ်ဦးကဆိုသည်။

ကေအိုင်အေအဖွဲ့၏ ဖမ်းဆီးခြင်းကိုခံရသော မောင်စိုးတင့်မှာ နမ့်စွန်းရွာ ဦးလဒွဲ (ကချင်တိုင်းရင်းသား) ထံတွင် လယ်စားရင်းငှား လုပ်ကိုင်နေခြင်းဖြစ်ကြောင်းလည်းသိရသည်။ အဆိုပါနယ်မြေဒေသသည် ကေ အိုင်အေ ရင်း( ၅) လူရှားရာ နယ်မြေဖြစ်ကြောင်း ဒေသခံများကဆိုသည်။

အစိုးရနှင့် ကေအိုင်အေတို့ ငြိမ်းချမ်းရေး သဘောတူညီမူတွင် အဓမ္မ စစ်သားစုဆောင်းခြင်း မပြုရန် သဘောတူ လက်မှတ်ထိုးထားသော်လည်း စစ်သားစုဆောင်းခြင်း ခံရမူများ ဆက်လက်ရှိနေ ဆဲဖြစ်ကြောင်း သိရသည်။

ရှမ်းနီအမျိုးသားရေး အစည်းအရုံး

No comments:

Post a Comment