Wednesday 9 July 2014

မြန်မာနိုင်ငံမြေပုံကို ဂုဏ်ပျက်အောင် တက်တူးထိုးရင် အရေးယူနိုင်

Photo: မြန်မာနိုင်ငံမြေပုံကို ဂုဏ်ပျက်အောင် တက်တူးထိုးရင် အရေးယူနိုင်
Wednesday, July 9, 2014

တက်တူးထိုးရာမှာ မြန်မာနိုင်ငံမြေပုံကို ဂုဏ်ကျက်သရေပျက်ပြားအောင် ရည်ရွယ်ထိုးပါက အရေးယူနိုင်တယ်လို့ တိုင်းဥပဒေချုပ်က ပြောပါတယ်။

အခုအခါ မြန်မာနိုင်ငံတော်မြေပုံကိုပါ တက်တူးရုပ်ပုံအလှအနေနဲ့ ထိုးလာတာကြောင့် ဂုဏ်ကျက်သရေပျက်စေမယ့် ခန္ဒာအောက်ပိုင်းထိုးပါက ဥပဒေအရ ဘယ်လိုအရေးယူ ဆောင်ရွက်မလဲလို့ ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်က မေးမြန်းအဆိုပြုခဲ့တာပါ။

“ယခုအခါ တက်တူးထိုးခြင်း ပုံစံအမျိုးမျိုးတွင် မြန်မာနိုင်ငံ မြေပုံအမှတ်အသားကို ရေးထိုးလာတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ မြေပုံသည် သက်မဲ့ဖြစ်သော်လည်း ဂုဏ်ကျက်သရေနဲ့ ပြည်စုံတဲ့ အမှတ်အသားတခု ဖြစ်ပါတယ်။ တက်တူးအထိုးခံတဲ့ပုဂ္ဂိုလ်သည် မြန်မာနိုင်ငံမြေပုံအမှတ်အသားကို ဂုဏ်ကျက်သရေ ပျက်ပြားအောင် မသင့်လျော်တဲ့နေရာမှာ ရေးထိုးထားတာကိုလည်း တွေ့ရှိရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်းနဲ့ မြို့တော်ကို ပြဋ္ဌာန်းထားသော်လည်း မြန်မာနိုင်ငံမြေပုံ အမှတ်အသားနဲ့ပတ်သက်ပြီး ပြဋ္ဌာန်းထားကြောင်း မတွေ့ရှိရပါ။ tettooခန္ဓာကိုယ်ပေါ် မှာ မြန်မာနိုင်ငံမြေပုံ အမှတ်အသားကို မသင့်လျော်တဲ့နေရာမှာ ဂုဏ်ကျက်သရေ ပျက်အောင် တက်တူး၊ ဆေး မင်ကြောင် အမှတ်အသား ထိုးတာကို ကာကွယ်ဖို့ မည်သို့ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း၊ ဥပဒေပြုရန်လိုအပ်ပါက ဥပဒေပြုနိုင်သည့် ဆက်သွယ်ဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းမေးမြန်းတင်ပြပါတယ်။”

နိုင်ငံတော်မြေပုံကို ဆေးမင်ကြောင် (တက်တူး) ပုံဖော်အသုံးပြုတဲ့အခါ ဂုဏ်ကျက်သရေပျက်ပြားအောင်ပြုလုပ်တာ၊ မဖွယ်မရာပြုလုပ်တာတွေက နိုင်ငံတော် အထိမ်းမှတ်တံဆိပ်ကို ပျက်ပြားစေတဲ့အတွက် အရေးယူနိုင်ကြောင်း မန္တလေး တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းဝေး ဒုတိယနေ့မှာ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ခန္ဓာကိုယ်အောက်ပိုင်း ခြေထောက်မှာ မြန်မာနိုင်ငံမြေပုံ တက်တူထိုးခြင်းဟာ နိုင်ငံတော်အထိမ်းအမှတ် တခုလုံးကိုဖြစ်စေ၊ အစိတ် အပိုင်းကိုဖြစ်စေ ပျက်စီးခြင်း၊ သို့မဟုတ် ဖျက်ဆီးစေခြင်း လို့ ကောက်ယူရမှာဖြစ်ပါတယ်။ အဲဒီဥပဒေပုဒ်မ ၇ မှာကတော့ ပုဒ်မ ၆ ပါ တားမြစ်ချက်တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟု ပြဋ္ဌာန်းပါရှိပါတယ်။ နိုင်ငံတော်မြေပုံအမှတ်အသားကို ခန္ဓာကိုယ်ရဲ့ မသင့်လျော်တဲ့ အနေအထားမှာ တက်တူး၊ ဆေးမင်ကြောင် ရေးထိုးခြင်းဟာ နိုင်ငံတော်တံဆိပ် ပုဒ်မ ၆ ပါ တားမြစ်ချက်ကို ကျူးလွန်ဖောက်ဖျက်တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။ အဆိုပါ ဥပဒေ ပုဒ်မ ၇ အရ အရေးယူနိုင်တယ်လို့ သုံးသပ်တင်ပြပါတယ်။”

ရှေးရိုးရာနဲ့ ခန္ဒာကိုယ်အလှဆင်ခြင်းအတွက် ဆေးမင်ကြောင်ထိုးတာ အခုခေတ်အခါမှာ ခန္တာကိုယ်အလှပအတွက် တက်တူးထိုးရာမှာ မိမိရဲ့စိတ်ခံစားချက်အတိုင်း ဖော်ပြနိုင်ဖို့ ခန္ဒာကိုယ်အနှံ့ အများအပြား ထိုးလာကြပါတယ်။

တက်တူးအလှထိုးတာတွေကို မြန်မာနိုင်ငံက ရုပ်ရုင်သရုပ်ဆောင် အမျိုးသမီးတွေပါ အလှပြထိုးလာတာတွေရှိတာကြောင့် မြို့နဲ့နယ်တွေမှာ တက်တူးထိုးတာတွေဟာ ခေတ်လူငယ်တွေကြားမှာ ပေါ်ပြူလာတခုအသွင် ခေတ်စားလာပါတယ်။

DVB
တက်တူးထိုးရာမှာ မြန်မာနိုင်ငံမြေပုံကို ဂုဏ်ကျက်သရေပျက်ပြားအောင် ရည်ရွယ်ထိုးပါက အရေးယူနိုင် တယ် လို့ တိုင်းဥပဒေချုပ်က ပြောပါတယ်။
အခုအခါ မြန်မာနိုင်ငံတော်မြေပုံကိုပါ တက်တူးရုပ်ပုံအလှအနေနဲ့ ထိုးလာတာကြောင့် ဂုဏ်ကျက်သရေ ပျက်စေ မယ့် ခန္ဒာအောက်ပိုင်းထိုးပါက ဥပဒေအရ ဘယ်လိုအရေးယူ ဆောင်ရွက်မလဲ လို့ ပြည်ကြီး တံခွန်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်က မေးမြန်းအဆိုပြုခဲ့တာပါ။

“ယခုအခါ တက်တူးထိုးခြင်း ပုံစံအမျိုးမျိုးတွင် မြန်မာနိုင်ငံ မြေပုံအမှတ်အသား ကို ရေးထိုးလာတာ ကို တွေ့ရ ပါ တယ်။ မြန်မာနိုင်ငံ မြေပုံသည် သက်မဲ့ဖြစ်သော်လည်း ဂုဏ်ကျက်သရေနဲ့ ပြည်စုံတဲ့ အမှတ်အသား တခု ဖြစ် ပါ တယ်။ တက်တူးအထိုးခံတဲ့ပုဂ္ဂိုလ်သည် မြန်မာနိုင်ငံမြေပုံအမှတ်အသားကို ဂုဏ်ကျက်သရေ ပျက်ပြားအောင် မသင့်လျော်တဲ့နေရာမှာ ရေးထိုးထားတာကိုလည်း တွေ့ရှိရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ နိုင်ငံတော်အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်းနဲ့ မြို့တော်ကို ပြဋ္ဌာန်းထားသော် လည်း မြန်မာနိုင်ငံမြေပုံ အမှတ်အသားနဲ့ပတ်သက်ပြီး ပြဋ္ဌာန်းထားကြောင်း မတွေ့ရှိရပါ။ tettooခန္ဓာ ကိုယ်ပေါ် မှာ မြန်မာနိုင်ငံမြေပုံ အမှတ်အသားကို မသင့်လျော်တဲ့နေရာမှာ ဂုဏ်ကျက်သရေ ပျက်အောင် တက် တူး၊ ဆေး မင်ကြောင် အမှတ်အသား ထိုးတာကို ကာကွယ်ဖို့ မည်သို့ ဆောင်ရွက်မည်ကို သိရှိ လိုပါကြောင်း၊ ဥပဒေပြုရန်လိုအပ်ပါက ဥပဒေပြုနိုင်သည့် ဆက်သွယ်ဆောင်ရွက်ပေးနိုင်ပါရန် တိုက် တွန်းမေးမြန်းတင်ပြပါတယ်။”

နိုင်ငံတော်မြေပုံကို ဆေးမင်ကြောင် (တက်တူး) ပုံဖော်အသုံးပြုတဲ့အခါ ဂုဏ်ကျက်သရေပျက်ပြားအောင်ပြု လုပ်တာ၊ မဖွယ်မရာပြုလုပ်တာတွေက နိုင်ငံတော် အထိမ်းမှတ်တံဆိပ်ကို ပျက်ပြားစေတဲ့အတွက် အရေး ယူနိုင်ကြောင်း မန္တလေး တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းဝေး ဒုတိယနေ့မှာ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ခန္ဓာကိုယ်အောက်ပိုင်း ခြေထောက်မှာ မြန်မာနိုင်ငံမြေပုံ တက်တူထိုးခြင်းဟာ နိုင်ငံတော်အထိမ်းအမှတ် တခုလုံးကိုဖြစ်စေ၊ အစိတ် အပိုင်းကိုဖြစ်စေ ပျက်စီးခြင်း၊ သို့မဟုတ် ဖျက်ဆီးစေခြင်း လို့ ကောက်ယူရမှာဖြစ် ပါတယ်။ အဲဒီဥပဒေပုဒ်မ ၇ မှာကတော့ ပုဒ်မ ၆ ပါ တားမြစ်ချက်တရပ်ရပ်ကို ဖောက်ဖျက် ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သုံးသိန်း ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟု ပြဋ္ဌာန်းပါရှိပါ တယ်။ နိုင် ငံတော်မြေပုံ အမှတ်အသားကို ခန္ဓာကိုယ်ရဲ့ မသင့်လျော်တဲ့ အနေအထားမှာ တက်တူး၊ ဆေး မင်ကြောင် ရေးထိုးခြင်းဟာ နိုင်ငံတော်တံဆိပ် ပုဒ်မ ၆ ပါ တားမြစ်ချက်ကို ကျူးလွန်ဖောက်ဖျက်တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။ အဆိုပါ ဥပဒေ ပုဒ်မ ၇ အရ အရေးယူနိုင်တယ်လို့ သုံးသပ်တင်ပြပါတယ်။”

ရှေးရိုးရာနဲ့ ခန္ဒာကိုယ်အလှဆင်ခြင်းအတွက် ဆေးမင်ကြောင်ထိုးတာ အခုခေတ်အခါမှာ ခန္တာကိုယ် အလှပအတွက် တက်တူးထိုးရာမှာ မိမိရဲ့စိတ်ခံစားချက်အတိုင်း ဖော်ပြနိုင်ဖို့ ခန္ဒာကိုယ်အနှံ့ အများအပြား ထိုးလာကြပါတယ်။

တက်တူးအလှထိုးတာတွေကို မြန်မာနိုင်ငံက ရုပ်ရုင်သရုပ်ဆောင် အမျိုးသမီးတွေပါ အလှပြထိုးလာ တာတွေရှိတာကြောင့် မြို့နဲ့နယ်တွေမှာ တက်တူးထိုးတာတွေဟာ ခေတ် လူငယ်တွေကြားမှာ ပေါ်ပြူလာ တခု အသွင် ခေတ်စားလာပါတယ်။

DVB

No comments:

Post a Comment