Wednesday 9 July 2014

မသေခင်သွားသင့်တဲ့နေရာထဲမှာ ပုဂံနဲ့ စင်္ကာပူ ပါဝင်


ကမ္ဘာပေါ်မှာ သွားသင့်တဲ့ ရှေးဟောင်း နဲ့ ကနေ့ခေတ်မြို့ကြီး ငါးဆယ်စာရင်းကို နိုင်ငံခြားမီဒီယာတခု ရဲ့အွန်လိုင်းမှာ ဒီရက်ပိုင်း တွေ့ရပါမယ်။
ခရီးသွားလည်ပတ်သူတွေ အသုံးများတဲ့ minube.com ကို အားကိုးပြီး ဟပ်ဖင်တန်ပို့စ်အွန်လိုင်း စာမျက်နှာ မှာ ရေးလိုက်တော့ - မသေခင် ကြည့်သွားသင့်တဲ့ နေရာ ၅ဝ- သင့်ဘဝမှာ သွားလည်ရမယ့် မြို့ကြီး ၅ဝ ဆိုပြီး တခြားအွန်လိုင်းစာမျက်နှာတွေမှာလည်း ပြန်ရေးကြပါတယ်။

စိတ်ဝင်စားစရာအကြောင်းလည်း မဖြစ်မနေ တင်သင့်တာပေါ့။ ဘာကြောင့်လဲ ဆိုတော့ နေရာ ၅ဝ ထဲမှာ ပုဂံ ပါဝင်နေလို့ ပါပဲ။ ဒါ့အပြင် မြန်မာပြည်သား အများအပြား အခြေချနေတဲ့ စင်္ကာပူလည်း ဒီစာရင်းထဲ ပါနေ တာ တွေ့ရပါ လိမ့်မယ်။

ပုဂံဟာ ကမ္ဘာပေါ်မှာ နေထွက်ရှုခင်း အကောင်းဆုံး ရှေးဟောင်းမြို့ဖြစ်မလား။ အတော်များများ က ဖြစ်တယ်လို့ ဆိုကြပါလိမ့်မယ်တဲ့။ မနက်ပိုင်း အလင်း ထွက်လာပြီး ရှေးဟောင်းဘုရားစေတီတွေရှိတဲ့ လွင်ပြင်ကြီးမှာ မြူထနေ တဲ့မြင်ကွင်းကို စိတ်ကူးကြည့်စမ်းပါ ဆိုပြီး ညွှန်းပါတယ်။

စင်္ကာပူကို ညွှန်းရာမှာတော့ Little India မှာ လျှောက်သွားဖို့ မဖြစ်မနေ လိုအပ်မယ်လို့ ဆိုထားပြီး လော ကကြီးမှာ အကောင်းတကာ့အကောင်း ဆုံးဖြစ်ဖွယ်ရှိတဲ့ လမ်းဘေးမုန့်တွေကိုလည်း ညွှန်းသွားပါတယ်။

ဒီတော့ ... စင်္ကာပူရောက်ရင် ရွှေတို့စုဝေးရာပင်နီဆူလာနဲ့တင် အချိန်မကုန်ဘဲ Little India ထဲလည်း တချက်လောက်တော့ သွားသင့်ပြီပေါ့။

ကဲ... ပြည်ပရောက် မြန်မာစာဖတ်ပရိသတ်လည်း ကိုယ်ရောက်နေတဲ့မြို့က ဒီစာရင်းထဲ ပါဝင်နေမလား ဆိုတာ တချက် စူးစမ်းနိုင်အောင်လို့ ဒီစာရင်းကို ကူးယူဖော်ပြလိုက်ပါတယ်။

ကိုယ့်မြို့ ကိုယ့်ဒေသက ဒီစာရင်းထဲ မပါဝင်လည်း ပြဿနာတော့ မရှိပါဘူး။
ခရီးသည် အလာနည်းရင် ပျက်စီးမှု၊ နဂိုမူလအနေအထား ချွတ်ယွင်းမှု နည်းတယ်လို့ သဘောထားနိုင်တယ် မဟုတ်လား။

ဒီစာရင်းထဲမှာ အိမ်နီးချင်းနိုင်ငံတချို့က မြို့များလည်း ပါဝင်နေတာ တွေ့ရပါတယ်။

1.) Venice, Italy
2.) Seville, Spain
3.) New York City, USA
4.) Lhasa, China
5.) Rio de Janeiro, Brazil

6.) London, England
7.) Marrakech, Morocco
8.) Petra, Jordan
9.) Rome, Italy
10.) Varanasi, India

11.) Florence, Italy
12.) Havana, Cuba
13.) Kyoto, Japan
14.) Jerusalem, Israel
15.) Paris, France

16.) Beijing, China
17.) Lalibela, Ethiopia
18.) Granada, Spain
19.) Athens, Greece
20.) Bagan, Myanmar

21.) Kathmandu, Nepal
22.) Vatican City
23.) Lisbon, Portugal
24.) Tokyo, Japan
25.) Istanbul, Turkey

26.) Hội An, Vietnam
27.) Amsterdam, Netherlands
28.) Luxor, Egypt
29.) Berlin, Germany
30.) Jaipur, India

31.) Lyon, France
32.) Oia, Greece
33.) Siem Reap, Cambodia
34.) Vienna, Austria
35.) Cusco, Peru

36.) Cartagena, Colombia
37.) Zanzibar, Tanzania
38.) Mexico City, Mexico
39.) Singapore
40.) Las Vegas, USA

41.) Samarkand, Uzbekistan
42.) Sydney, Australia
43.) San Francisco, California
44.) Mont Saint Michel, France, USA
45.) Dubrovnik, Croatia

46.) Bangkok, Thailand
47.) Buenos Aires, Argentina
48.) Antigua Guatemala, Guatemala
49.) Prague, Czech Republic
50.) Budapest, Hungary

ဧရာဝတီblog

No comments:

Post a Comment