Wednesday 9 July 2014

အပူပိုင်းဒေသများသို့ ခရီးဆန့်နေဟန်ရှိသော ဂျနီဖာလောရင့်စ်

ဂျနီဖာလောရင့်သည် The Hunger Games ရုပ်ရှင်ကို အပြီးသတ် ရိုက်ကူးပြီးနောက် အပူပိုင်းဒေသများသို့ ခရီးသွားရောက် ခဲ့ဟန်ရှိသည်ဟု ယူဆ ရကြောင်း မေးလ်အွန်လိုင်းက ရေးသားထားသည်။ ဂျနီဖာသည် ပဲရစ်မြို့တွင် ပြုလုပ်သည့် Dior ဖက်ရှင်ရှိုး ပွဲသို့ တက်ရောက် လာချိန်တွင်နေရောင် ထိထားသော အသားအရည်ကို တွေ့မြင်ခဲ့ရကြောင်း သတင်းတွင်ပါရှိသည်။
ယင်းရှိုးပွဲတွင် ဂျနီဖာသည် ပျော်ပျော်နေတတ်သော အမူအကျင့်အတိုင်း ဇာတ်ခုံနောက်ဖက်တွင် ဓါတ်ပုံ အရိုက်ခံစဉ် အန်မာဝပ်ဆန်၏ မျက်နှာကို လက်ဝါးဖြင့် အုပ်၍ စနောက်ခဲ့ရာ အန်မာကလည်း ရယ်မောနေခဲ့ပုံကို mirror ဓာတ်ပုံ သတင်းထောက်က မလွတ်တမ်း ဓာတ်ပုံရိုက်ယူထားသည်။

ဂျနီဖာ၏ ကိုယ်ခန္ဓာ အသားအရေသည် နေလောင် ထား၍ ကြေး နီရောင် တောက် ပနေသော် လည်း ၎င်း၏ ပွဲတက်ဝတ်စုံ အရောင်ဖျော့ဖျော့နှင့် လွန်စွာ လိုက်ဖက်နေသည် ဟု မေးလ်အွန်လိုင်း တွင် ရေးသား ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment