Wednesday 9 July 2014

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များ စားနပ်ရိက္ခာ အကူ အညီလိုနေ

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်အတွင်း မြန်မာအစိုးရ စစ်တပ် များနှင့် ရှမ်းပြည်တိုးတက် ရေးပါတီ SSPP/ SSA တပ်ဖွဲ့ဝင် များအကြား ဇွန်လနောက်ဆုံးပတ် အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ကြောင့် စစ်ဘေး တိမ်းရှောင်နေသည့် ရှမ်းတိုင်းရင်းသားဒုက္ခသည် တစ်ရာ ကျော်အတွက် စားနပ်ရိက္ခာ အကူအညီများ လိုအပ်လျက်ရှိသည်ဟု ကျေးသီးမဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းမွန်း လိုင်း က ပြောသည်။
ဇွန် ၂၃ရက်မှ ၂၅ရက်တို့အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျေးသီး မြို့နယ် ဖာဆောင်ရွာ၊ ငူးလိန် ရွာနှင့် ဝမ်ဝ်ပ်ရွာတို့မှ ကလေးငယ် ၅၈ဦးအပါအဝင် ဒုက္ခသည်ဦးရေ ၁၂၈ ဦးတို့ နေအိမ်များကို စွန့်ခွာ ၍ တောတွင်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်တွင် ဝမ်ဝ်ပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံ နေသည်။

ကျေးသီးမဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်းလိုင်းက '' ဒုက္ခသည်တွေက လောေ လာ ဆယ်တော့ ဒီဘုန်းကြီးကျောင်းမှာပဲ အဆင်ပြေသလို နေကြရတယ်။ သူတို့နေရာကို ပြန်ချင်ပေမယ့်လဲ မပြန် ရဲကြသေးဘူး ဖြစ်နေတယ်''ဟု ပြော သည်။

ဒုက္ခသည်များအတွက် အရေး ပေါ်အကူအညီအနေဖြင့် ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သုံးပါတီပူးပေါင်း၍ ဆန်၁ဝအိတ်နှင့် ဆေးဝါးများ သွား ရောက်လှူဒါန်းထားသည်''ဟု ဦးစိုင်း မွန်းလိုင်းက ပြောသည်။

''အဲဒီဆန်၁ဝအိတ်က ဘယ် လောက်အထိခံမယ်ဆိုတာ မသိဘူး။ ထပ်လိုအပ်လာမယ်ဆိုရင်တော့အနီး အနား မြို့တွေမှာ အလှူခံပြီးတော့ ထပ် သွားပို့ပေးမယ်''ဟု ၎င်းက ပြောသည်။

ရှမ်းပြည်တပ်မတော်။ ရှမ်းပြည် တိုးတက်ရေးကောင်စီနှင့် အစိုးရတပ် မတော်တို့ ဇွန်လအတွင်းက ကျေးသီး မြို့နယ်၊ လွယ်လင်မြို့နယ်၊ နမ့်စန်မြို့ နယ်၊ တာဆန်းမြို့နယ်၊ ဝမ်စိမ်းမြို့နယ် နှင့် မိုင်းပန်မြို့နယ်များအတွင်း တိုက်ပွဲ များ ဖြစ်ပွားခဲ့သည်။

နယ်မြေခံစစ်တပ်မှ အရာရှိများကို တိုက်ပွဲနှင့်ပတ်သက်၍ မေးမြန်းရာတွင် နှစ်ဖက်တပ်များအကြား သဘော တူထားသည့် နယ်မြေများတွင်သာ လှုပ်ရှားရမည်ဆိုသည့် အချက်ကို မလိုက်နာသည့် အတွက် ဖြစ်ရသည် ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း ဦးစိုင်း မွန်းလိုင်းက ပြောသည်။

ယင်းတို့အနေဖြင့် ထိုဒုက္ခသည် များ မိမိနေရပ် ပြန်နိုင်ရေး အတွက် နှစ်ဖက်တပ်များအကြား ဝင်ရောက် ညှိနှိုင်းပေးလိုသော်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် စစ်ဘက်ရေးရာများကို ဝင်ရောက် စွက်ဖက်ခွင့်မရှိဘဲ ပြည်သူများ မနစ်နာ စေရေးကိုသာ ရပ်တည်ပေးရသည့် အနေအထားတွင်သာ ရှိနေေ ကြာင်း သိရသည်။

ရှမ်းပြည်တပ်မတော်/ရှမ်းပြည် တိုးတက်ရေးပါတီနှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့သည် ၂၀၁၂ခုနှစ် ဇန်နဝါရီလအတွင်း က ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုး ခဲ့သည်။

NTDW
[--Democracy today Daily Newspaper--]
Democracytoday
Yangon Media Group

No comments:

Post a Comment